စတုတၳေျမာက္႐ုပ္ရွင္ဇာတ္ကားႀကီးကို ရိုက္ကူးသြားဦးမယ့္ ေရႊထူး
တစ္ဦးကိုတစ္ဦးမ်က္စိေအာက္ကအေပ်ာက္မခံနိုင္ေလာက္ေအာင္ ခ်စ္ၾကတဲ့ သူတို့ႏွစ္ဦးဟာ လက္ရွိမွာဆိုရင္ မဂၤလာ သက္တမ္း(၁)ႏွစ္နီးပါးရွိေနၿပီလည္းျဖစ္ပါတယ္။အခုေနာက္ပိုင္းေတြမွာေတာ့ ေရႊထူးဟာ အဆိုေတာ္တစ္ေယာက္အေနနဲ႔သာမက သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္ရိုက္ကူးေနတာပဲျဖစ္ပါတယ္။လက္ရွိအခ်ိန္ထိကို ႐ုပ္ရွင္ဇာတ္ကားႀကီး (၃)ကားတိတိကို ပါဝင္ရိုက္ကူးထားၿပီး ထုတ္လႊင့္ျပသၿပီးျဖစ္တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီး(၂)ကားစလုံးမွာေတာ့ ေရႊထူးရဲ့ပီျပင္လွတဲ့ သ႐ုပ္ေဆာင္မွုေတြကို ပရိသတ္ေတြက ေက်နပ္ႏွစ္သက္ေနၾကပါတယ္။
ေရႊထူးဟာ အခုေနာက္ထပ္ စတုတၳေျမာက္႐ုပ္ရွင္ဇာတ္ကားႀကီးကို ထပ္မံရိုက္ကူးသြားဖို့ရွိေသးတယ္လို့သူရဲ့လူမွုကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလာပါတယ္။ဒီတစ္ေခါက္႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ နိုင္နိုင္း၊အိျႏၵာေက်ာ္ဇင္၊ေမျမင့္မိုရ္တို့နဲ႔အတူရိုက္ကူးသြားမွာျဖစ္ပါတယ္။ပရိသတ္ႀကီးေရ ဒီတစ္ေခါက္ေရႊထူးရိုက္ကူးသြားမယ့္႐ုပ္ရွင္ဇာတ္ကားႀကီးကေရာ ဘယ္လိုဇာတ္လမ္းမ်ိဳးျဖစ္ဦးမယ္ထင္လဲ။Credit -burmese.asia
Unicode
ရွှေထူးကတော့ သီချင်းတွေကို ခံစားချက် အပြည့်နဲ့ရေးစပ် သီဆိုလေ့ရှိတဲ့ နိုင်ငံကျော် လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို သာမက ယောက်ျားလေး ပရိသတ်တွေရဲ့ အပြည့် အဝ အားပေးဝန်းရံမှုကို ရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။အဆိုတော်ရွှေထူးဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီနဲ့ မင်္ဂလာပွဲလေးကို ကျင်းပခဲ့ပါတယ်။ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ တစ်ဦးကို တစ်ဦး နားလည်မှုအပြည့်အဝနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ တစ်တွဲအနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။
တစ်ဦးကိုတစ်ဦးမျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် ချစ်ကြတဲ့ သူတို့နှစ်ဦးဟာ လက်ရှိမှာဆိုရင် မင်္ဂလာ သက်တမ်း(၁)နှစ်နီးပါးရှိနေပြီလည်းဖြစ်ပါတယ်။အခုနောက်ပိုင်းတွေမှာတော့ ရွှေထူးဟာ အဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိကို ရုပ်ရှင်ဇာတ်ကားကြီး (၃)ကားတိတိကို ပါဝင်ရိုက်ကူးထားပြီး ထုတ်လွှင့်ပြသပြီးဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး(၂)ကားစလုံးမှာတော့ ရွှေထူးရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက ကျေနပ်နှစ်သက်နေကြပါတယ်။
ရွှေထူးဟာ အခုနောက်ထပ် စတုတ္ထမြောက်ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရိုက်ကူးသွားဖို့ရှိသေးတယ်လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။ဒီတစ်ခေါက်ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်နိုင်း၊အိန္ဒြာကျော်ဇင်၊မေမြင့်မိုရ်တို့နဲ့အတူရိုက်ကူးသွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဒီတစ်ခေါက်ရွှေထူးရိုက်ကူးသွားမယ့်ရုပ်ရှင်ဇာတ်ကားကြီးကရော ဘယ်လိုဇာတ်လမ်းမျိုးဖြစ်ဦးမယ်ထင်လဲ။Credit -burmese.asia