“ခန္ဓာကိုယ်ကိတ်ဖို့၊ဦးနှောက်ကိတ်ဖို့၊ နှလုံးသားကိတ်ဖို့ နည်းလမ်းလေးတွေပြောပြခဲ့တဲ့ ထူးအောင်”
Unicode
နူတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ထူးအောင်ကတော့ အကိတ်ဋီကာဖွင့်လိုက်တာပါနော်။ထူးအောင်ဟာ Gym ထရိန်နာတစ်ယောက်ဖြစ်တာနဲ့အညီ ကြံ့ခိုင်ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေးတွေပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ဒါအပြင့် ယောကျ်ားပီသတဲ့ မျက်နှာအချိုးအစား၊ပွင့်လင်းတဲ့ စကားပြောဟန်ကြောင့် မိန်းကလေးထုကြီးရင်ထဲမှာ နေရာယူထားနိုင်တာဆိုလည်း မမှားပါဘူး။
ထူးအောင်ဟာ မကြာမီကပြီးဆုံးသွားတဲ့ “ပျောက်ဆုံးနေသော အမှန်တရား”ဇာတ်လမ်းတွဲမှာ လူမင်းရဲ့သားအကြီးဆုံးဖြစ်သူ ကောင်းထက်နေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိပြသနေတဲ့ “အကြင်နာမြစ်ဖျား”ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ထူးအောင်ဟာ ဇာတ်လမ်းတွဲတွေတင် မကပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရပြီး မကြာခင်မှာရုံတင်ပြသမယ့် “ရိုးမပေါ်ကမျက်ရည်” ဇာတ်ကားမှာလည်း သစ်တောဝန်ထောက် အောင်လွင်အဖြစ်နဲ့ ထူးအောင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထူးအောင်ရဲ့အမာခံပရိသတ်တွေအတွက်တော့ ဒီလပိုင်းက ထူးအောင်ရဲ့အနုပညာကိုအားပါးတရ ခံစားရတဲ့လလို့ဆိုရမှာပါ။
ထူးအောင်ဟာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ အမြဲလိုလို အနုပညာလှုပ်ရှားမှုတွေတင်ပေးလေ့ရှိပြီး အမိုက်စားဓာတ်ပုံတွေနဲ့အတူ စာတစ်ချို့ကိုလည်း တင်ပေးလေ့ရှိသူပါ။ အခုတစ်ခေါက်မှာလည်း ကိတ်ဖို့အတွက် “ Body ကိတ်ဖို့ ဂျင်ဆော့ပါ။
ဦးနှောက်ကိတ်ဖို့ စာဖတ်ပါ။ နှလုံးသားကိတ်ဖို့ ကျွန်တော့်ကိုကြည့်ပါ” ဆိုပြီး ခပ်မိုက်မိုက်ပုံရိပ်အချို့နဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ပေးခဲ့တာဖြစ်ပါတယ်။ ထူးအောင်ကတော့ မိန်းကလေးတွေရဲ့ အသဲကို စကားလုံးလေးတွေနဲ့ကြွေဆင်းအောင် ထပ်လုပ်လိုက်ပြန်ပြီလို့ပဲဆိုရမှာပါ။Credit-original