မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အလှတရားတွေနဲ့ တွေ့ရတဲ့ သက်မွန်မြင့်
Unicode
နူးညံ့သိမ်မွေ့ပြီး လှပတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့်က ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူပါ။ သက်မွန်မြင့်က သူမမြတ်နိုးတဲ့ အနုပညာလုပ်ငန်းတွေကို နှစ်ပေါင်း (၂၀) ကျော် လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ယခုချိန်ထိ ပိုင်ဆိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
အမြဲတမ်း လုံလုံခြုံခြုံ ရိုးရိုးယဉ်ယဉ်လေးသာ ဝတ်စားဆင်ယင်တတ်တဲ့ သက်မွန်မြင့်ရဲ့ အသွင်အပြင်ကိုလည်း ပရိသတ်တွေက သဘောကျနှစ်သက်ကြတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း သက်မွန်မြင့်က ချစ်ရတဲ့ ညီမလေး အကယ်ဒမီ ချစ်စနိုးဦးရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲကို မရိုးလွန်း၊ မဆန်းလွန်းတဲ့ မြန်မာဝတ်စုံလေးဝတ်ပြီး ပွဲတက်လာခဲ့တာ ဖြစ်ပါတယ်။
သက်မွန်မြင့်က နက်ပြာရောင်နဲ့ အဝါရောင်ဖျော့ဖျော့လေးကို လိုက်ဖက်စွာ ဝတ်ဆင်ခဲ့ပြီး မြင်သူတကာ ငေးရလောက်အောင် အလှကြီး လှနေခဲ့တာကို တွေ့မြင်ရပါတယ်။
သက်မွန်မြင့်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေ မျက်လုံးအေးရအောင် အရမ်းကို ကျက်သရေ ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ လှပလွန်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။credit-burmese.asia