Latest Posts

ဗုဒ္ဓဂါယာမှာ မြတ်စွာဘုရားကို ရွှေသင်္ကန်းနဲ့ကြာပန်းကပ်လှူပူဇော်ပြီး ကုသိုလ်ယူခဲ့တဲ့ လင်းလင်းနဲ့သုသု

နာမည္ႀကီးမိတ္ကပ္ပညာရွင္ေတြျဖစ္ၾကတဲ့ မိတ္ကပ္လင္းလင္းနဲ႔ မိတ္ကပ္ ညီညီေမာင္တို႔ကေတာ့ ပရိသတ္ေတြနဲ႔ အေတာ္ေလးရင္းႏွီးမႈရရွိၿပီးသား ျဖစ္ၾကမယ္ ထင္ပါတယ္။ လက္ရွိအခ်ိန္မွာဆိုရင္ လင္းလင္းနဲ႔ သုသုတို႔သူငယ္ခ်င္းႏွစ္ေယာက္က သ႐ုပ္ေဆာင္ေတြအျဖစ္လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ေၾကာ္ျငာေတြလက္ခံ႐ိုက္ကူးေနရၿပီ ျဖစ္ပါတယ္။



အခုေတာ့ လင္းလင္းနဲ႔ သုသုတို႔ႏွစ္ေယာက္က ဗုဒၶဂါယာကို ဘုရားဖူးခရီးေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း လင္းလင္းနဲ႔သုသုတို႔က ျမတ္စြာဘုရားရွင္ထံမွာ ေ႐ႊသကၤန္းဆပ္ကပ္ခဲ့သလို ၾကာပန္းေတြလည္းကပ္လႉပူေဇာ္ခဲ့ပါတယ္။ သုသုက ” ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံရာ ကုသိနာ႐ုံ ေ႐ႊသကၤန္း ၾကာပန္း ကပ္လႉပူေဇာ္ ေယာဂီေလးဝတ္ကာဝတ္ကာ ပဒုမၼာေ႐ႊၾကာဘုရားကပ္ဖို႔ခူးခဲ့တာ ျမင္သမွ် ၾကားသမွ် ကုသိုလ္အမွ်ရၾကပါေစ ”ဆိုၿပီးတင္ထားပါတယ္။



လင္းလင္းကလည္း ” လင္းအေပၚ ေက်းဇူးရွိေသာ ခင္ပြန္းႀကီး ၁၀ပါးအမႈထားၿပီး ျမတ္စြားဘုရားရွင္အား ေ႐ႊသဃၤန္း လႉဒါန္းၿပီး ပဌာန္းေဒသနာေတာ္မ်ားပူေဇာ္ခဲ့ပါတယ္ ၇ရက္သားသမီးအေပါင္း လင္းျပဳေသာကုသိုလ္မ်ားအားအတူထပ္တူရၾကပါေစ” ဆိုၿပီး ကုသိုလ္ေတြကိုမွ်ေဝထားပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ လင္းလင္းနဲ႔သုသုတို႔ရဲ႕ ကုသိုလ္ျပဳပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။



Credit-Myanmarload

Unicode

ဗုဒ္ဓဂါယာမှာ မြတ်စွာဘုရားကို ရွှေသင်္ကန်းနဲ့ကြာပန်းကပ်လှူပူဇော်ပြီး ကုသိုလ်ယူခဲ့တဲ့ လင်းလင်းနဲ့သုသု
နာမည်ကြီးမိတ်ကပ်ပညာရှင်တွေဖြစ်ကြတဲ့ မိတ်ကပ်လင်းလင်းနဲ့ မိတ်ကပ် ညီညီမောင်တို့ကတော့ ပရိသတ်တွေနဲ့ အတော်လေးရင်းနှီးမှုရရှိပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် လင်းလင်းနဲ့ သုသုတို့သူငယ်ချင်းနှစ်ယောက်က သရုပ်ဆောင်တွေအဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

အခုတော့ လင်းလင်းနဲ့ သုသုတို့နှစ်ယောက်က ဗုဒ္ဓဂါယာကို ဘုရားဖူးခရီးရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လင်းလင်းနဲ့သုသုတို့က မြတ်စွာဘုရားရှင်ထံမှာ ရွှေသင်္ကန်းဆပ်ကပ်ခဲ့သလို ကြာပန်းတွေလည်းကပ်လှူပူဇော်ခဲ့ပါတယ်။ သုသုက ” မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ရွှေသင်္ကန်း ကြာပန်း ကပ်လှူပူဇော် ယောဂီလေးဝတ်ကာဝတ်ကာ ပဒုမ္မာရွှေကြာဘုရားကပ်ဖို့ခူးခဲ့တာ မြင်သမျှ ကြားသမျှ ကုသိုလ်အမျှရကြပါစေ ”ဆိုပြီးတင်ထားပါတယ်။

လင်းလင်းကလည်း ” လင်းအပေါ် ကျေးဇူးရှိသော ခင်ပွန်းကြီး ၁၀ပါးအမှုထားပြီး မြတ်စွားဘုရားရှင်အား ရွှေသင်္ဃန်း လှူဒါန်းပြီး ပဌာန်းဒေသနာတော်များပူဇော်ခဲ့ပါတယ် ၇ရက်သားသမီးအပေါင်း လင်းပြုသောကုသိုလ်များအားအတူထပ်တူရကြပါစေ” ဆိုပြီး ကုသိုလ်တွေကိုမျှဝေထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းလင်းနဲ့သုသုတို့ရဲ့ ကုသိုလ်ပြုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Credit-Myanmarload