ကြက်တောင်မယ်သက်ထားသူဇာနဲ့ MTV ရိုက်ဖြစ်တဲ့ အကြောင်းရင်းကိုဖွင့်ဟလာတဲ့ ရဲလေး ( ရုပ်သံ )
Credit-original
Unicode
ရဲလေးလို့ ဆိုလိုက်တာနဲ့ “မိုး” ခြောက်နာရီဆို အဖေရယ်ပြန်လာပေးပါ အိမ် မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ..” ဆိုတဲ့ “အိမ်” သီချင်းလေးတွေ ကို နှုတ်ဖျားကနေ ရွတ်မိကြမှာပါ ဟုတ်ပါတယ် ရဲလေးဆိုတာ သီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့ပြီး လူငယ်ပရိသတ်တွေ နှစ်သက်အားပေးခဲ့ကြတဲ့ အဆိုတော် တစ်ဦးပဲဖြစ်ပါတယ် ဒါ့အပြင် Myanmar Idol မှာလည်း ဒိုင်လူကြီးတစ်ယောက်အဖြစ် တင်ဆက်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။တစ်ကိုယ်တော် အခွေမထွက်တာ ကြာခဲ့ပေမဲ့ အနုပညာအလုပ်တွေနဲ့ အဆက်မပြတ်ဘဲ ရှိနေသေးတဲ့ ရဲလေးဟာ ခုအခါမှာတော့ MTV သီချင်းတစ်ပုဒ်ကို မြန်မာပရိသတ်တွေအချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာ နဲ့ အတူ တွဲဖက် ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ရဲလေးဟာလည်း ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်သလို သက်ထားသူဇာ ဟာလည်း နိုင်ငံ့ဂုဏ်ဆောင်အားကစားမယ်လေး တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်ပရိသတ်အချစ်တော် ၂ ယောက်ပါဝင်ထားကြတဲ့ MTV လေးကို ရဲလေးတစ်ယောက် ဘာကြောင့် ရိုက်ကူးခဲ့တာလဲ ဆိုတာကို ပြောပြထားတဲ့ ဗီဒီယိုလေးကို အောက်မှာ ဖွင့်ကြည့်လိုက်ပါနော်။Credit-original


