ထောပတ်ထမင်း ပွဲ၁၀၀ ထုတ်ပြီး ရပ်ကွက်ထဲက လူတွေကို ကိုယ်တိုင်လိုက်လှူခဲ့တဲ့ စမိုင်းလ်
မျပည့္စံုတဲ့ အေျခအေနတစ္ခုကေန ခင္ပြန္းျဖစ္သူနဲ့ လက္တြဲခဲ့တဲ့ အခ်ိန္ေလးေတြကို ပရိသတ္ေတြကို ရင္ဖြင့္ထားခဲ့တဲ့ စမိုင္းလ္က ယခုအခ်ိန္မွာေတာ့ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုေလးကို လက္ေတြ့ပိုင္ဆိုင္ထားနိုင္သူေလးျဖစ္ပါတယ္။ အျမဲလုိလုိ အလွဴၾကီးေတြေပးတတ္တဲ့ သူမက မလွဴရရင္ မေနနိုင္ေလာက္ေအာင္ သဒၶါတရားထက္သန္သူတစ္ေယာက္ပါ။
ယခုလည္း အိမ္မွာေနရင္း ေထာပတ္ထမင္း ဗူး ၁၀၀ ျပင္ဆင္ျပီး ရပ္ကြက္ထဲမွာရွိတဲ့ လူေတြကို ကုိယ္တိုင္လိုက္ေဝျပီး လွဴဒါန္းခဲ့တာျဖစ္ပါတယ္။ အိမ္ေနရင္းပံုစံေလးနဲ့ ပကာသနေတြမပါဘဲ ေထာပတ္ထမင္းဗူးေတြကိုင္ကာ လိုက္ေဝေပးေနတဲ့ စမိုင္းလ္ရဲ့ ပံုရိပ္ေလးေတြက ျမင္ရသူတိုင္း အလုိလို ပီတိျဖစ္ျပီး ၾကည္ႏူးမိပါတယ္။ ကဲ ခ်စ္ပရိသတ္ၾကီးလည္း စမုိင္းလ္ကို ေနာက္လည္း မ်ားမ်ားလွဴနိုင္ေအာင္ ပီတိအျပံဳးေတြနဲ့ ဆုေတာင္းေပးလိုက္ပါအံုးေနာ္။
Credit-original
Unicode
အနုပညာလောကမှာ တစ်ချိန်က ပရိသတ်တွေရင်ထဲစွဲစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ စမိုင်းလ်က အရာရာမှာ ကံကောင်းလွန်းသူလေးအဖြစ် ပရိသတ်တွေ အားကျရတဲ့ သူတစ်ယောက်ပါ။ ယခုဆို ပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုလေးကို ပိုင်ဆို်င်ထားပြီး သမီးလေးတွေအတွက် အမေကောင်းတစ်ယောက်ပီသတဲ့ အပြင် အိမ်ထောင်ရှင်မကောင်းပီသတဲ့ သူဆိုလည်း မမှားပါဘူး။မပြည့်စုံတဲ့ အခြေအနေတစ်ခုကနေ ခင်ပွန်းဖြစ်သူနဲ့ လက်တွဲခဲ့တဲ့ အချိန်လေးတွေကို ပရိသတ်တွေကို ရင်ဖွင့်ထားခဲ့တဲ့ စမိုင်းလ်က ယခုအချိန်မှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို လက်တွေ့ပိုင်ဆိုင်ထားနိုင်သူလေးဖြစ်ပါတယ်။ အမြဲလိုလို အလှူကြီးတွေပေးတတ်တဲ့ သူမက မလှူရရင် မနေနိုင်လောက်အောင် သဒ္ဓါတရားထက်သန်သူတစ်ယောက်ပါ။ယခုလည်း အိမ်မှာနေရင်း ထောပတ်ထမင်း ဗူး ၁၀၀ ပြင်ဆင်ပြီး ရပ်ကွက်ထဲမှာရှိတဲ့ လူတွေကို ကိုယ်တိုင်လိုက်ဝေပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အိမ်နေရင်းပုံစံလေးနဲ့ ပကာသနတွေမပါဘဲ ထောပတ်ထမင်းဗူးတွေကိုင်ကာ လိုက်ဝေပေးနေတဲ့ စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေက မြင်ရသူတိုင်း အလိုလို ပီတိဖြစ်ပြီး ကြည်နူးမိပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း စမိုင်းလ်ကို နောက်လည်း များများလှူနိုင်အောင် ပီတိအပြုံးတွေနဲ့ ဆုတောင်းပေးလိုက်ပါအုံးနော်။Credit-original







