Latest Posts

မတရားမှုတွေ အလွန်စိုးမိုးနေတဲ့ တိုင်းပြည် (လူကြောင့်လား မူကြောင့်လား)

သမီးေလး ဗစ္တိုးရီးယားအမႈမွာ တရားခံလို႔ ယူဆရသူေတြကို အမႈစတင္ျဖစ္ကတည္း စုံစမ္းဆဲကာလမွာေရာ ၊ အခုတရား႐ုံးကို တင္သြင္းၿပီး အမႈစစ္ေဆးစဥ္အထိ သမီးေလးဟာ တစ္သမတ္တည္း ထြက္ဆိုခဲ့တယ္။ ဒါေတာင္ အခုထိ ဖမ္းဆီးစစ္ေဆးတယ္ မၾကားဘူ။ ေအာင္ႀကီးကို အတင္းလူစားထိုးတဲ့အမႈကလဲ လယ္ျပင္မွာ ဆင္သြားတာေထာင္ ေသးဦးမယ္။ ခုေတာ့ ထင္းထင္းႀကီး။ ဒါလဲ လႊတ္ဖို႔က အဆင့္ဆင့္ ျဖတ္သန္းရဦးမယ္။ ဗစ္တိုးရီးယားအမႈဟာ ႏိုင္ငံေတာ္ သမၼတ႐ုံးကေတာင္ ေစာင့္ၾကည့္ေနပါတယ္ လို႔ ေျပာထားတဲ့အမႈ။ လႊတ္ေတာ္အမတ္ေတြအပါအဝင္ ျပည္သူေတြ ဝန္းရံေနတဲ့အမႈ။ ဒါေတာင္ ခုလို လုပ္ေနႏိုင္တယ္ဆိုေတာ့ ကြၽန္မတို႔ တရားစီရင္ေရးကို ျပည္သူက အားကိုးႏိုင္ပါေသးရဲ႕လား။
လူဆိုးဖမ္းပါတယ္ဆိုတဲ့ ရဲေတြက လူဆိုးမဖမ္းပဲ လူစားထိုးေနတာကို သက္ေသနဲ႔တကြ ျမင္ေနရတဲ့အခါ ျပည္သူ႔ရဲအေပၚ ကြၽန္မတို႔ အားကိုးယုံၾကည္ႏိုင္ပါဦးမလား။ ရဲတပ္ဖြဲ႕ထဲမွာ တကယ္ ေျဖာင့္မတ္တည္ၾကည္ၿပီး အလုပ္လုပ္တဲ့ ရဲေတြကို ဒီစကားေျပာရတာ အားနာမိပါတယ္။ ဒါေပမယ့္ ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးပုပ္တာလား ။ တစ္ေလွလုံးပုပ္တဲ့ၾကားမွာ ေကာင္းတဲ့ ငါးေတြ သြားညပ္ေနတာလား လို႔ ေမးခြန္းထုတ္ရေတာ့မယ္။ ဗစ္တိုးရီးယားတင္ပဲလားဆိုေတာ့ မဟုတ္ဘူး။

တစ္ျပည္လုံးမွာ မတရားခံရတဲ့ အမႈေတြနဲ႔ ရဲစခန္းနဲ႔ တရား႐ုံးမွာ လူစည္ေနတယ္။ ဘယ္ေလာက္ ကေမာက္ကမ ျဖစ္ေနသလဲ ဆိုတာ သိသေလာက္ ဥပမာေပးမယ္။ ၿမိဳ႕သာ က မန္းေလးတိုင္းေဒသႀကီး အစိုးရခြင့္ျပဳခ်က္နဲ႔ တရားဝင္သုေတသန ဟမ့္ ေဆးဖက္ဝင္ဂုန္ေလွ်ာ္စိုက္ခင္းကို ေဆးေျခာက္စိုက္ခင္းပါလို႔ ေဖ့ဘုတ္ေပၚတင္ ဖြလိုက္တာနဲ႔ ရဲက ဝင္ဖမ္းခဲ့တယ္။ ဒီအထိ ေက်ာ္ေဇာမႈနဲ႔ ဖမ္းတာ ျဖစ္တဲ့အတြက္ သူ႔အလုပ္သူလုပ္တာ လို႔ေျပာလို႔ရေသးတယ္။ စိုက္ခင္းတာဝန္ခံေတြျဖစ္တဲ့ ကုမပၸဏီ ပိုင္ရွင္တို႔ ၊ မန္ေနဂ်ာတို႔ကို တစ္ေယာက္မွ အဖမ္းခံရတယ္ မၾကားဘူး။ ဖမ္းထားတဲ့ သုံးေယာက္က ေရအရင္းအျမစ္ အေျခခံ အေဆာက္အအုံဆိုင္ရာ ကြၽမ္းက်င္သူ အတိုင္ပင္ခံ အေမရိကန္ႏိုင္ငံသား တစ္ေယာက္ရယ္ ၊ ေရကန္တူးတဲ့ ကန္ထ႐ိုက္တာရယ္ ၊ သူ႔ဘာသာ အိမ္မွာေနေနတဲ့ တရားဝင္ ဝန္ထမ္းလို႔ မေခၚႏိုင္ေသးတဲ့ အလုပ္သင္ မိန္းကေလးတို႔ပဲ။
ဥပေဒအရ ေဆးေျခာက္စိုက္ခင္းလို႔ ယူဆရတဲ့ အနီးပတ္ဝန္းက်င္မွာ ရွိသူေတြ ဖမ္းတာဆိုရင္ သူတို႔ေတြက တစ္ေယာက္မွ စိုက္ခင္းထဲမွာ ရွိမေနဘူး။ အေမရိကန္ႏိုင္ငံသားက ဘန္ေကာက္ေရာက္ေနတယ္။ က်န္သူေတြက ကိုယ့္အိမ္မွာ ကိုယ္ရွိေနတယ္။ ပုဒ္မတပ္ေတာ့ အလုပ္သင္မိန္းကေလးကိုလက္ေထာက္ ဓါတ္ခြဲခန္းသုေတသနမႉး တဲ့။ ဓါတ္ခြဲခန္းနဲ႔ သူနဲ႔ အေဝးႀကီး။
ခုထိ အာမခံ မရဘူး။ အေမရိကန္ႏိုင္ငံသားက ေထာင္ထဲမွာ က်န္းမာေရး အေျခအေန ဆိုး႐ြားလာလို႔ ၃ လေလာက္ၾကာေတာ့ ေဆးအာမခံရတယ္။ က်န္သူေတြ အာမခံမရဘူး။ ဆယ္တန္းေအာင္ၿပီး ဝင္ေငြေလးရွာႏိုင္မလားလို႔ အလုပ္သင္ဝင္လုပ္တဲ့ ဘာလုပ္ငန္းအေတြ႕အႀကဳံမွ မရွိေသးတဲ့ ၊ အလုပ္ဝင္တာ သုံးပတ္ပဲ ရွိေသးတဲ့ မိန္းကေလးလဲ အာမခံမရဘူး၊ အတင္းအဓမၼ ရာထူးေတြ ဘာေတြ စိတ္ထင္သလိုေရးၿပီး အမႈစြဲတင္လိုက္တာ ကို သိရေတာ့ ေတာ္ေတာ္စိတ္တိုမိတယ္။အမွန္က ၿမိဳ႕သာ ကိစၥနဲ႔ ကိုယ္နဲ႔က အေဝးႀကီးပါ။ အမွတ္မထင္ သတင္းမွာ မိန္းကေလး ငိုေနပုံေလး ျမင္ၿပီးေတာ့ စိတ္မေကာင္းျဖစ္ရာကေန စိတ္ဝင္တစား စပ္စုမိၿပီး ခုလိုသိလာရတာ။ အမႈကို ေရွ႕ေနလိုက္ေပးေနတာကေတာ့ လူ႔အခြင့္အေရး ေရွ႕ေနႀကီးေတြ ျဖစ္တဲ့ ဆရာဦးသိန္းသန္းဦး တို႔ဦးေဆာင္လိုက္ေပးေနတာေတြ႕တယ္။ ဆရာတို႔ဆီက အတြင္းက်က် စတိုရီေတြေတာ့ ၾကားရႏိုင္ေကာင္းပါရဲ႕။ ၁၉၉၃ မူးယစ္ဥပေဒအရ သုေတသန ရည္႐ြယ္ခ်က္ျဖင့္ ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္နဲ႔ စိုက္ပ်ိဳးျခင္းကို အေရးယူျခင္း မျပဳရလို႔ ပါပါတယ္။ အခုက တိုင္းေဒသႀကီး အစိုးရ က ဝန္ႀကီးဌာနေလာက္ အာဏာ မရွိတာလား လို႔ေတြးမိတယ္။ ဒီေလာက္ရွင္းေနတဲ့ ဆင္ကြက္ႀကီးမွာ ဘာေတြက တစ္ေနသလဲ ဆိုတာ ေတြးမိေတာ့ ဗစ္တိုးရီးယား ကိုေျပးျမင္တယ္။ အမႈျဖစ္ပုံျခင္း ကြဲျပားေပမယ့္ မတရားမႈက ျမန္မာႏိုင္ငံမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဘယ္ေလာက္ အျမစ္တြယ္ေနသလဲ ဆိုတာ ၊ ဘယ္ေလာက္ ျခစားေနသလဲ ဆိုတာ မီးေမာင္းထိုးျပေနတယ္။ ဟမ့္စက္မႈ ဂုန္ေလွ်ာ္ဟာ ကမာၻမွာ ႏိုင္ငံတိုင္းစိတ္ဝင္စားေနတဲ့ စက္မႈအပင္ျဖစ္တယ္။ အလုအယက္ ေစ်းကြက္ရွာေနၾကတယ္။ မ်ိဳးေစ့ေတာင္ ေစ်းကြက္မွာမရွိဘူး။ ၿမိဳ႕သာစိုက္ခင္းအတြက္ မ်ိဳးေစ့ကို အေမရိကန္ႏိုင္ငံ စိုက္ပ်ိဳးေရးသုေတသန ဓါတ္ခြဲခန္းကေန ဝန္ႀကီးဌာနအသီးသီးက ခြင့္ျပဳမိန႔္နဲ႔ တရားဝင္တင္သြင္းလာတာ။ ဝန္ႀကီးဌာန ခြင့္ျပဳခ်က္နဲ႔ တရားဝင္ တင္သြင္းလာတဲ့ မ်ိဳးေစ့ကေရာ ဥပေဒအရ အက်ဳံးမဝင္ဘူးလားလို႔ ေမးစရာထပ္ရွိပါတယ္။

ဒါတင္ပဲလားတဲ့။ ဘီပီအိုင္ စက္႐ုံက တကယ္ကိုအလုပ္လုပ္တဲ့ စက္႐ုံမႉးကိုေတာ့ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးနဲ႔ အေရးယူတယ္တဲ့။ တာဝန္ရွိသူေတြက ေျဖၾကားတာကေတာ့ ျပည္သူလူထု အက်ိဳးစီးပြားကိုသာ ၾကည့္ရမတဲ့။ ဘယ္ျပည္သူရဲ႕ အက်ိဳးစီးပြားေတြကို တရားဥပေဒကို ေစာင့္ေရွာက္တဲ့အဖြဲ႕အစည္းေတြက ၾကည့္ေနတာလဲ လို႔ ထပ္ၿပီး ေမးခြန္းထုတ္ခ်င္တယ္။Credit-original
Unicode
သမီးလေး ဗစ်တိုးရီးယားအမှုမှာ တရားခံလို့ ယူဆရသူတွေကို အမှုစတင်ဖြစ်ကတည်း စုံစမ်းဆဲကာလမှာရော ၊ အခုတရားရုံးကို တင်သွင်းပြီး အမှုစစ်ဆေးစဉ်အထိ သမီးလေးဟာ တစ်သမတ်တည်း ထွက်ဆိုခဲ့တယ်။ ဒါတောင် အခုထိ ဖမ်းဆီးစစ်ဆေးတယ် မကြားဘူ။ အောင်ကြီးကို အတင်းလူစားထိုးတဲ့အမှုကလဲ လယ်ပြင်မှာ ဆင်သွားတာထောင် သေးဦးမယ်။ ခုတော့ ထင်းထင်းကြီး။ ဒါလဲ လွှတ်ဖို့က အဆင့်ဆင့် ဖြတ်သန်းရဦးမယ်။ ဗစ်တိုးရီးယားအမှုဟာ နိုင်ငံတော် သမ္မတရုံးကတောင် စောင့်ကြည့်နေပါတယ် လို့ ပြောထားတဲ့အမှု။ လွှတ်တော်အမတ်တွေအပါအဝင် ပြည်သူတွေ ဝန်းရံနေတဲ့အမှု။ ဒါတောင် ခုလို လုပ်နေနိုင်တယ်ဆိုတော့ ကျွန်မတို့ တရားစီရင်ရေးကို ပြည်သူက အားကိုးနိုင်ပါသေးရဲ့လား။လူဆိုးဖမ်းပါတယ်ဆိုတဲ့ ရဲတွေက လူဆိုးမဖမ်းပဲ လူစားထိုးနေတာကို သက်သေနဲ့တကွ မြင်နေရတဲ့အခါ ပြည်သူ့ရဲအပေါ် ကျွန်မတို့ အားကိုးယုံကြည်နိုင်ပါဦးမလား။ ရဲတပ်ဖွဲ့ထဲမှာ တကယ် ဖြောင့်မတ်တည်ကြည်ပြီး အလုပ်လုပ်တဲ့ ရဲတွေကို ဒီစကားပြောရတာ အားနာမိပါတယ်။ ဒါပေမယ့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တာလား ။ တစ်လှေလုံးပုပ်တဲ့ကြားမှာ ကောင်းတဲ့ ငါးတွေ သွားညပ်နေတာလား လို့ မေးခွန်းထုတ်ရတော့မယ်။ ဗစ်တိုးရီးယားတင်ပဲလားဆိုတော့ မဟုတ်ဘူး။တစ်ပြည်လုံးမှာ မတရားခံရတဲ့ အမှုတွေနဲ့ ရဲစခန်းနဲ့ တရားရုံးမှာ လူစည်နေတယ်။ ဘယ်လောက် ကမောက်ကမ ဖြစ်နေသလဲ ဆိုတာ သိသလောက် ဥပမာပေးမယ်။ မြို့သာ က မန်းလေးတိုင်းဒေသကြီး အစိုးရခွင့်ပြုချက်နဲ့ တရားဝင်သုတေသန ဟမ့် ဆေးဖက်ဝင်ဂုန်လျှော်စိုက်ခင်းကို ဆေးခြောက်စိုက်ခင်းပါလို့ ဖေ့ဘုတ်ပေါ်တင် ဖွလိုက်တာနဲ့ ရဲက ဝင်ဖမ်းခဲ့တယ်။ ဒီအထိ ကျော်ဇောမှုနဲ့ ဖမ်းတာ ဖြစ်တဲ့အတွက် သူ့အလုပ်သူလုပ်တာ လို့ပြောလို့ရသေးတယ်။ စိုက်ခင်းတာဝန်ခံတွေဖြစ်တဲ့ ကုမပ္ပဏီ ပိုင်ရှင်တို့ ၊ မန်နေဂျာတို့ကို တစ်ယောက်မှ အဖမ်းခံရတယ် မကြားဘူး။ ဖမ်းထားတဲ့ သုံးယောက်က ရေအရင်းအမြစ် အခြေခံ အဆောက်အအုံဆိုင်ရာ ကျွမ်းကျင်သူ အတိုင်ပင်ခံ အမေရိကန်နိုင်ငံသား တစ်ယောက်ရယ် ၊ ရေကန်တူးတဲ့ ကန်ထရိုက်တာရယ် ၊ သူ့ဘာသာ အိမ်မှာနေနေတဲ့ တရားဝင် ဝန်ထမ်းလို့ မခေါ်နိုင်သေးတဲ့ အလုပ်သင် မိန်းကလေးတို့ပဲ။ဥပဒေအရ ဆေးခြောက်စိုက်ခင်းလို့ ယူဆရတဲ့ အနီးပတ်ဝန်းကျင်မှာ ရှိသူတွေ ဖမ်းတာဆိုရင် သူတို့တွေက တစ်ယောက်မှ စိုက်ခင်းထဲမှာ ရှိမနေဘူး။ အမေရိကန်နိုင်ငံသားက ဘန်ကောက်ရောက်နေတယ်။ ကျန်သူတွေက ကိုယ့်အိမ်မှာ ကိုယ်ရှိနေတယ်။ ပုဒ်မတပ်တော့ အလုပ်သင်မိန်းကလေးကိုလက်ထောက် ဓါတ်ခွဲခန်းသုတေသနမှူး တဲ့။ ဓါတ်ခွဲခန်းနဲ့ သူနဲ့ အဝေးကြီး။ခုထိ အာမခံ မရဘူး။ အမေရိကန်နိုင်ငံသားက ထောင်ထဲမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားလာလို့ ၃ လလောက်ကြာတော့ ဆေးအာမခံရတယ်။ ကျန်သူတွေ အာမခံမရဘူး။ ဆယ်တန်းအောင်ပြီး ဝင်ငွေလေးရှာနိုင်မလားလို့ အလုပ်သင်ဝင်လုပ်တဲ့ ဘာလုပ်ငန်းအတွေ့အကြုံမှ မရှိသေးတဲ့ ၊ အလုပ်ဝင်တာ သုံးပတ်ပဲ ရှိသေးတဲ့ မိန်းကလေးလဲ အာမခံမရဘူး၊ အတင်းအဓမ္မ ရာထူးတွေ ဘာတွေ စိတ်ထင်သလိုရေးပြီး အမှုစွဲတင်လိုက်တာ ကို သိရတော့ တော်တော်စိတ်တိုမိတယ်။အမှန်က မြို့သာ ကိစ္စနဲ့ ကိုယ်နဲ့က အဝေးကြီးပါ။ အမှတ်မထင် သတင်းမှာ မိန်းကလေး ငိုနေပုံလေး မြင်ပြီးတော့ စိတ်မကောင်းဖြစ်ရာကနေ စိတ်ဝင်တစား စပ်စုမိပြီး ခုလိုသိလာရတာ။ အမှုကို ရှေ့နေလိုက်ပေးနေတာကတော့ လူ့အခွင့်အရေး ရှေ့နေကြီးတွေ ဖြစ်တဲ့ ဆရာဦးသိန်းသန်းဦး တို့ဦးဆောင်လိုက်ပေးနေတာတွေ့တယ်။ ဆရာတို့ဆီက အတွင်းကျကျ စတိုရီတွေတော့ ကြားရနိုင်ကောင်းပါရဲ့။ ၁၉၉၃ မူးယစ်ဥပဒေအရ သုတေသန ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်နဲ့ စိုက်ပျိုးခြင်းကို အရေးယူခြင်း မပြုရလို့ ပါပါတယ်။ အခုက တိုင်းဒေသကြီး အစိုးရ က ဝန်ကြီးဌာနလောက် အာဏာ မရှိတာလား လို့တွေးမိတယ်။ ဒီလောက်ရှင်းနေတဲ့ ဆင်ကွက်ကြီးမှာ ဘာတွေက တစ်နေသလဲ ဆိုတာ တွေးမိတော့ ဗစ်တိုးရီးယား ကိုပြေးမြင်တယ်။ အမှုဖြစ်ပုံခြင်း ကွဲပြားပေမယ့် မတရားမှုက မြန်မာနိုင်ငံမှာ ပုံစံအမျိုးမျိုးနဲ့ ဘယ်လောက် အမြစ်တွယ်နေသလဲ ဆိုတာ ၊ ဘယ်လောက် ခြစားနေသလဲ ဆိုတာ မီးမောင်းထိုးပြနေတယ်။ ဟမ့်စက်မှု ဂုန်လျှော်ဟာ ကမ္ဘာမှာ နိုင်ငံတိုင်းစိတ်ဝင်စားနေတဲ့ စက်မှုအပင်ဖြစ်တယ်။ အလုအယက် ဈေးကွက်ရှာနေကြတယ်။ မျိုးစေ့တောင် ဈေးကွက်မှာမရှိဘူး။ မြို့သာစိုက်ခင်းအတွက် မျိုးစေ့ကို အမေရိကန်နိုင်ငံ စိုက်ပျိုးရေးသုတေသန ဓါတ်ခွဲခန်းကနေ ဝန်ကြီးဌာနအသီးသီးက ခွင့်ပြုမိန့်နဲ့ တရားဝင်တင်သွင်းလာတာ။ ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ တရားဝင် တင်သွင်းလာတဲ့ မျိုးစေ့ကရော ဥပဒေအရ အကျုံးမဝင်ဘူးလားလို့ မေးစရာထပ်ရှိပါတယ်။ဒါတင်ပဲလားတဲ့။ ဘီပီအိုင် စက်ရုံက တကယ်ကိုအလုပ်လုပ်တဲ့ စက်ရုံမှူးကိုတော့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနဲ့ အရေးယူတယ်တဲ့။ တာဝန်ရှိသူတွေက ဖြေကြားတာကတော့ ပြည်သူလူထု အကျိုးစီးပွားကိုသာ ကြည့်ရမတဲ့။ ဘယ်ပြည်သူရဲ့ အကျိုးစီးပွားတွေကို တရားဥပဒေကို စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေက ကြည့်နေတာလဲ လို့ ထပ်ပြီး မေးခွန်းထုတ်ချင်တယ်။Credit-original