တစ်နေ့ ထိုင်ထ အခါ (၂၀) လုပ်ရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေ..
(၁) တင္းေနတဲ့ၾကြက္သားေတြကို ေျပေလ်ာ့ေစတယ္
ထိုင္ထေလ့က်င့္ခန္းက ခႏၶာကိုယ္က ၾကြက္သားေတြ တင္းက်ပ္ေနတာကို ေျပေလ်ာ့ေစနိုင္ျပီး ၀မ္းဗိုက္ၾကြက္သား၊ ေျခသလံုးနဲ႕ေပါင္ၾကြက္သားေတြကို က်စ္လစ္သြားေစတာေၾကာင့္ သြယ္လ်လွပတဲ့ ေျခေထာက္ေလးေတြကို ရရွိေစျပီး ဗိုက္ေလးေတြကိုလည္း ခ်ပ္လာေစပါတယ္။
တစ္ေန႔ ထုိင္ထ အခါ (၂၀) လုပ္႐ံုနဲ႔ သင့္ခႏၶာကိုယ္မွာ ျဖစ္လာမယ့္ ေကာင္းက်ိဳးေတြ.. 1
(၂) ေလးလံထိုင္းမိႈင္းမႈေတြကို ေျပေပ်ာက္ေစတယ္
ထိုင္ထလုပ္တာက တစ္ကိုယ္လံုးမွာရွိတဲ့ ေသြးေၾကာေတြကို ပြင့္ေစျပီး ေသြးလွည့္ပတ္မႈ ေကာင္းေစတာေၾကာင့္ ေလးလံထိုင္းမိႈင္းမႈေတြကို ေျပေပ်ာက္ေစျပီး သြားလာလႈပ္ရွားရတာ အရင္ကထက္ အမ်ားၾကီးေပါ့ပါးသြက္လက္လာပါလိမ့္မယ္။
(၃) အဆီက်ေစတယ္
တင္ပါးမွာ ရွိတဲ့အဆီပိုေတြကို အခ်ိန္တိိုအတြင္း က်ေစျပီး က်စ္လစ္လွပတဲ့ တင္ပါးေလးေတြကို ပိုင္ဆိုင္ေစနိုင္တာကလည္း ထိုင္ထေလ့က်င့္ခန္းပါပဲ။ ဒါေၾကာင့္ တင္ပါးလွခ်င္တယ္၊ တင္ပါးက အဆီပိုေတြကို ေလွ်ာ့ခ်ခ်င္တယ္၊ တင္ပါးေဘးခ်ိဳင့္တာေတြကို ျပည့္ခ်င္တယ္ဆိုရင္ ေန႕စဥ္ထိုင္ထေလ့က်င့္ခန္းလုပ္ရံုပါပဲ။
တစ္ေန႔ ထုိင္ထ အခါ (၂၀) လုပ္႐ံုနဲ႔ သင့္ခႏၶာကိုယ္မွာ ျဖစ္လာမယ့္ ေကာင္းက်ိဳးေတြ.. 2
(၄) ၾကြက္သားနဲ႕အရိုးအဆစ္ေတြကို က်န္းမာသန္စြမ္းေစတယ
ထိုင္ထေလ့က်င့္ခန္းကို ပံုမွန္လုပ္တာက ေျခေထာက္ၾကြက္သားနဲ႕ အရိုးအဆစ္ေတြကိူ က်န္္းမာသန္စြမ္းေစတာေၾကာင့္ အသက္ၾကီးလာတဲ့အခါ ေျခေထာက္ေသြးေၾကာပိတ္တာေတြ၊ ေလျဖတ္တာေတြ မျဖစ္ေအာင္ ကာကြယ္ထားျပီးသားလည္းျဖစ္သြားပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးေတြ အသက္ရလာရင္ျဖစ္တတ္တဲ့ အရိုးပါး၊ အရိုးပြေရာဂါ မျဖစ္ေအာင္လည္း ကာကြယ္တားဆီးေပးနိုင္ပါတယ္။
(၅) ခႏၶာကိုယ္ေကာက္ေၾကာင္းလွပေစတယ္
ထိုင္ထေလ့က်င့္ခန္းကို ေန႕တိုင္းပံုမွန္လုပ္ေပးသြားမယ္ဆို ခႏၶာကိုယ္အလွကို ဖ်က္ေနတဲ့ အဆီပိုေတြကို ဖယ္ရွားေပးျပီး ေကာက္ေၾကာင္းလွလွေလးကို ရရွိေစနိုင္တာေၾကာင့္ တျခားေလ့က်င့္ခန္းေတြကို အပင္ပန္းခံျပီးလုပ္ေနတာထက္ ဒါကိုပဲ ပံုမွန္လုပ္ေပးသြားရင္ ရပါျပီေနာ္။
ထိုင္ထေလ့က်င့္ခန္းကို နည္းမွန္လမ္းမွန္ဘယ္လိုလုပ္မလဲ
ထိုင္ထလုပ္တဲ့အခါ ဒူးေတြကို မထိခိုက္ေအာင္ လုပ္တတ္ဖို႕လိုပါတယ္။ ဒါေၾကာင့္ အျပည့္ထိုင္ထေလ့က်င့္ခန္းထက္၊ တစ္၀က္ထိုင္ထေလ့က်င့္ခန္းက လူတိုင္းနဲ႕ ပိုျပီးသင့္ေတာ္ပါတယ္။ ျပီးေတာ့ တစ္ေန႕ကို အခါ ၂၀ ေလာက္ လုပ္ရင္ လံုေလာက္ပါျပီ။Credit-MAY THAZINHTOO
Unicode
ခန္ဓာကိုယ်ကျန်းမာလှပဖို့ လေ့ကျင့်ခန်းလည်း လုပ်ချင်တယ်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်ဘူးဆိုတဲ့သူလေးတွေအတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းကတော့ နေ့စဉ်ထိုင်ထလုပ်ပေးတာပါပဲ။ ထိုင်ထလေ့ကျင့်ခန်းက အရမ်းရိုးရှင်းလွန်းပေမယ့် ရလာမယ့် အကျိုးသက်ရောက်မှုတွေက အံ့မခန်းမို့ အထင်သေးလို့တော့ မရဘူးနော်။
(၁) တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေတယ်
ထိုင်ထလေ့ကျင့်ခန်းက ခန္ဓာကိုယ်က ကြွက်သားတွေ တင်းကျပ်နေတာကို ပြေလျော့စေနိုင်ပြီး ဝမ်းဗိုက်ကြွက်သား၊ ခြေသလုံးနဲ့ပေါင်ကြွက်သားတွေကို ကျစ်လစ်သွားစေတာကြောင့် သွယ်လျလှပတဲ့ ခြေထောက်လေးတွေကို ရရှိစေပြီး ဗိုက်လေးတွေကိုလည်း ချပ်လာစေပါတယ်
(၂) လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေတယ်
ထိုင်ထလုပ်တာက တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေကို ပွင့်စေပြီး သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေပြီး သွားလာလှုပ်ရှားရတာ အရင်ကထက် အများကြီးပေါ့ပါးသွက်လက်လာပါလိမ့်မယ်။
(၃) အဆီကျစေတယ်
တင်ပါးမှာ ရှိတဲ့အဆီပိုတွေကို အချိန်တိုအတွင်း ကျစေပြီး ကျစ်လစ်လှပတဲ့ တင်ပါးလေးတွေကို ပိုင်ဆိုင်စေနိုင်တာကလည်း ထိုင်ထလေ့ကျင့်ခန်းပါပဲ။ ဒါကြောင့် တင်ပါးလှချင်တယ်၊ တင်ပါးက အဆီပိုတွေကို လျှော့ချချင်တယ်၊ တင်ပါးဘေးချိုင့်တာတွေကို ပြည့်ချင်တယ်ဆိုရင် နေ့စဉ်ထိုင်ထလေ့ကျင့်ခန်းလုပ်ရုံပါပဲ။
(၄) ကြွက်သားနဲ့အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေတယ
ထိုင်ထလေ့ကျင့်ခန်းကို ပုံမှန်လုပ်တာက ခြေထောက်ကြွက်သားနဲ့ အရိုးအဆစ်တွေကိူ ကျန်းမာသန်စွမ်းစေတာကြောင့် အသက်ကြီးလာတဲ့အခါ ခြေထောက်သွေးကြောပိတ်တာတွေ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ထားပြီးသားလည်းဖြစ်သွားပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အသက်ရလာရင်ဖြစ်တတ်တဲ့ အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။
(၅) ခန္ဓာကိုယ်ကောက်ကြောင်းလှပစေတယ်
ထိုင်ထလေ့ကျင့်ခန်းကို နေ့တိုင်းပုံမှန်လုပ်ပေးသွားမယ်ဆို ခန္ဓာကိုယ်အလှကို ဖျက်နေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီး ကောက်ကြောင်းလှလှလေးကို ရရှိစေနိုင်တာကြောင့် တခြားလေ့ကျင့်ခန်းတွေကို အပင်ပန်းခံပြီးလုပ်နေတာထက် ဒါကိုပဲ ပုံမှန်လုပ်ပေးသွားရင် ရပါပြီနော်။
ထိုင်ထလေ့ကျင့်ခန်းကို နည်းမှန်လမ်းမှန်ဘယ်လိုလုပ်မလဲ
ထိုင်ထလုပ်တဲ့အခါ ဒူးတွေကို မထိခိုက်အောင် လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် အပြည့်ထိုင်ထလေ့ကျင့်ခန်းထက်၊ တစ်ဝက်ထိုင်ထလေ့ကျင့်ခန်းက လူတိုင်းနဲ့ ပိုပြီးသင့်တော်ပါတယ်။ ပြီးတော့ တစ်နေ့ကို အခါ ၂၀ လောက် လုပ်ရင် လုံလောက်ပါပြီ။Credit-MAY THAZINHTOO



