ကိုယ့်မိဘကိုယ် ကန်တော့တာတောင် ဆဲချင်ကြလို့ ဓာတ်ပုံတွေ မတင်ဖြစ်တာပါ ဆိုတဲ့ ပိုင်တံခွန်
ပရိသတ္ေကာင္မေလးေတြ အမ်ားစုရဲ႕ အားေပးႏွစ္သက္ျခင္းကို ခံရတဲ့ ေမာ္ဒယ္သရုပ္ေဆာင္ ပိုင္တံခြန္ဟာ သူ႔ရဲ႕ ေမြးေန႔မွာ မိဘေတြကို သူရဲ႕ အလုပ္အားခေငြ အထပ္လိုက္ႀကီး နဲ႕ ကန္ေတာ့ခဲ့ပါတယ္။ အဲ့ဒီမတိုင္ခင္မွာ ဖခင္ျဖစ္သူလိုအပ္တဲ့ ကားေတြ ၊ ပိုက္ဆံေတြနဲ႕ မိခင္ရဲ႕ လိူအပ္ခ်က္ေတြကိုလဲ မိဘကထုတ္ေျပာစရာမလိုဘဲ ျဖည့္ဆည္းေပးခဲ့တယ္ ဆိုတဲ့ အေၾကာင္းကိုလဲ သူက ေျပာျပခဲ့ပါတယ္။ သူရွာေဖြေနတဲ့ ပိုက္ဆံေတြက မိဘအတြက္နဲ႕ အလွဴအတန္းလုပ္ဖို႔အတြက္ ဘဲလို႔လဲ ေျပာျပခဲ့ပါတယ္။
မိဘေတြကို ကန္ေတာ့ျဖစ္တဲ့ အေၾကာင္းကို “ အျမဲတမ္းေတာ့ ကန္တာ့ျဖစ္တယ္ ပံုမွန္လဲ ကန္ေတာ့ျဖစ္တယ္ ။ဒါေပမယ့္ အေမကၾကေတာ့ ဓါတ္ပံုေတြဘာေတြတင္ရင္လဲသိပ္မၾကိဳက္ဘူး ျမန္မာႏို္င္ငံမွာက ကိုယ့္မိကုိယ္ကန္ေတာ့တာေတာင္ ဆဲခ်င္ၾကတဲ့ သူေတြရွိတယ္ဗ် ၊ လုပ္ေပးတိုင္းသာတင္မယ္ဆိုဆို ပံုေတြမနဲဘူး ။ အေမတို႔ လိုအပ္သမွ်အကုန္လု ပ္ေပးတယ္ ။ စိတ္ညစ္လံုး၀မခံဘူး ။ကၽြန္ေတာ္ေငြရွာတယ္ ဟုတ္တယ္။ ကၽြန္ေတာ့အတြက္ သံုးဖို႔ ဘာမွမရွိဘူးဗ်၊ေငြမသံုးတက္တာလဲပါတယ္”
“ မိဘေတြက သူတို႔အခက္အခဲရွိလာရင္ မသိသိေအာင္လုပ္တယ္ ၿပီးရင္ ျဖည့္ဆည္းေပးတယ္ ။ မိဘေတြကေတာ့ ဘာလိုခ်င္တယ္ ဘာလိုခ်င္တယ္မေျပာဘူး ကိုယ္ကသားသမီးဆိုေတ့ာ မိဘေတြဘာခက္အခဲရွိလဲဆိုတာမ်ိဳးကို မ်က္ႏွာကိုၾကည့္တာနဲ႕ သိႏိုင္တယ္။ ကိုယ္ရွာတဲ့ ပိုက္ဆံက မိဘကိုလုပ္ေပးတဲ့အခါ တမလြန္အထိ ပါတယ္ ။ေငြရွာတယ္ မိဘကို ကူညီေပးတယ္ မရွိတဲ့သူေတြကို ကူညီေပးတယ္။ ေရေဘးဆိုလဲ ေရေဘးအလိုက္ လွဴျဖစ္တယ္။အလွဴအတန္းေတြ လုပ္ျဖစ္တယ္ ဒါေပမယ့္ ဓါတ္ပံုေတြေတာ့ fbေပၚမတင္ျဖစ္ဘူး”
“ကၽြန္ေတာ့္ေဘးမွာ ကၽြန္တာ့မန္ေနဂ်ာႏွစ္ေယာက္ရွိတယ္ ။ ကၽြန္ေတာ့ဓာတ္ပံုဆရာတစ္ေယာက္ ကၽြန္ေတာ္ခရီးသြား တိုင္းအျမဲပါတယ္။ သူတို႔ေတြကိုအစကၽြန္ေတာ္အျမဲမွာထားတယ္ ေငြတစ္ေထာင္ႏွစ္ေထာင္ ငါတို႔ အတြက္ အေရးမၾကီးေ ပမယ့္သူတို႔အတြက္ အေရးပါတယ္။ သူတို႔အတြက္ တစ္ရက္စာလဲ ျဖစ္ေကာင္းျဖစ္သြားႏိုင္တယ္ မရွိတဲ့သူေတြ ေတြ႔ရင္ မႏွေမ်ာနဲ႕ လွဴသာလွဴေပး အဲ့လိုလွဴဒါန္းျခင္းအားျဖင့္ ကၽြန္ေတာ္လဲလူခ်မ္းသာမဟုတ္ဘူး အဲ့လိုေငြတစ္ေထာင္ရဖို႔အတြက္ ကၽြန္ေတာ္လဲၾကိဳးစားရွာရတယ္ ။ ဒါေပမယ့္ ကိုယ့္ဆီမွာ ၂ေထာင္ရွိလို႕ သူမ်ားကို တစ္ေထာင္ စြန္႔ၾကဲလိုက္ရတာက ကိုယ့္အတြက္ ဘာမွမဆံုးရံႈးသြားဘူး”
“ ေမေမတို႔ကိုယ္တိုင္ကလဲ အလွဴအတန္းအရမ္းလုပ္တယ္ဆိုေတာ့ အေမတို႔ေျခရာကိုလိုက္သလိုပါဘဲ။ လတ္တစ္ေလာ က ေမွာ္တိုက္ ဆိုတဲ့ ဇာတ္ကားေလးေပါ့ေနာ္ အဲ့ဒီကားေလးက လြန္ခဲ့တဲ့ ၆လ ၊ ၇လေလာက္ထဲက လက္ခံထားတာ ေပါ့ေနာ္ ဒီကားေလးရို္က္ကူးတဲ့အခ်ိန္မွာ ကၽြန္ေတာ္အရမ္းေပ်ာ္တယ္ ဒီကာရို္က္တာကလဲ ကၽြန္ေတာ္မလုပ္ဘူးတဲ့ ကာရိုက္တာေလ ကၽြန္ေတာ္အရမ္းေပ်ာ္တယ္။ ပရိသတ္အားလံုးစိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းနဲ႕ ျပည့္စံုပါေစ လို႔ ဆိုၿပီး ပရိသတ္ေတြအတြက္ ဆုေတာင္းေပးလိုက္ပါတယ္” လို႔လဲ ေျပာၾကားခဲ့ပါတယ္။
ဖတ္ရႈ႕ေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္။
Credit-May Phyo(mml);Source – momolay tv
Unicode
ပရိသတ်ကောင်မလေးတွေ အများစုရဲ့ အားပေးနှစ်သက်ခြင်းကို ခံရတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ သူ့ရဲ့ မွေးနေ့မှာ မိဘတွေကို သူရဲ့ အလုပ်အားခငွေ အထပ်လိုက်ကြီး နဲ့ ကန်တော့ခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်မှာ ဖခင်ဖြစ်သူလိုအပ်တဲ့ ကားတွေ ၊ ပိုက်ဆံတွေနဲ့ မိခင်ရဲ့ လိူအပ်ချက်တွေကိုလဲ မိဘကထုတ်ပြောစရာမလိုဘဲ ဖြည့်ဆည်းပေးခဲ့တယ် ဆိုတဲ့ အကြောင်းကိုလဲ သူက ပြောပြခဲ့ပါတယ်။ သူရှာဖွေနေတဲ့ ပိုက်ဆံတွေက မိဘအတွက်နဲ့ အလှူအတန်းလုပ်ဖို့အတွက် ဘဲလို့လဲ ပြောပြခဲ့ပါတယ်။
မိဘတွေကို ကန်တော့ဖြစ်တဲ့ အကြောင်းကို “ အမြဲတမ်းတော့ ကန်တာ့ဖြစ်တယ် ပုံမှန်လဲ ကန်တော့ဖြစ်တယ် ။ဒါပေမယ့် အမေကကြတော့ ဓါတ်ပုံတွေဘာတွေတင်ရင်လဲသိပ်မကြိုက်ဘူး မြန်မာနိုင်ငံမှာက ကိုယ့်မိကိုယ်ကန်တော့တာတောင် ဆဲချင်ကြတဲ့ သူတွေရှိတယ်ဗျ ၊ လုပ်ပေးတိုင်းသာတင်မယ်ဆိုဆို ပုံတွေမနဲဘူး ။ အမေတို့ လိုအပ်သမျှအကုန်လု ပ်ပေးတယ် ။ စိတ်ညစ်လုံးဝမခံဘူး ။ကျွန်တော်ငွေရှာတယ် ဟုတ်တယ်။ ကျွန်တော့အတွက် သုံးဖို့ ဘာမှမရှိဘူးဗျ၊ငွေမသုံးတက်တာလဲပါတယ်”
“ မိဘတွေက သူတို့အခက်အခဲရှိလာရင် မသိသိအောင်လုပ်တယ် ပြီးရင် ဖြည့်ဆည်းပေးတယ် ။ မိဘတွေကတော့ ဘာလိုချင်တယ် ဘာလိုချင်တယ်မပြောဘူး ကိုယ်ကသားသမီးဆိုတေ့ာ မိဘတွေဘာခက်အခဲရှိလဲဆိုတာမျိုးကို မျက်နှာကိုကြည့်တာနဲ့ သိနိုင်တယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံက မိဘကိုလုပ်ပေးတဲ့အခါ တမလွန်အထိ ပါတယ် ။ငွေရှာတယ် မိဘကို ကူညီပေးတယ် မရှိတဲ့သူတွေကို ကူညီပေးတယ်။ ရေဘေးဆိုလဲ ရေဘေးအလိုက် လှူဖြစ်တယ်။အလှူအတန်းတွေ လုပ်ဖြစ်တယ် ဒါပေမယ့် ဓါတ်ပုံတွေတော့ fbပေါ်မတင်ဖြစ်ဘူး”
“ကျွန်တော့်ဘေးမှာ ကျွန်တာ့မန်နေဂျာနှစ်ယောက်ရှိတယ် ။ ကျွန်တော့ဓာတ်ပုံဆရာတစ်ယောက် ကျွန်တော်ခရီးသွား တိုင်းအမြဲပါတယ်။ သူတို့တွေကိုအစကျွန်တော်အမြဲမှာထားတယ် ငွေတစ်ထောင်နှစ်ထောင် ငါတို့ အတွက် အရေးမကြီးေ ပမယ့်သူတို့အတွက် အရေးပါတယ်။ သူတို့အတွက် တစ်ရက်စာလဲ ဖြစ်ကောင်းဖြစ်သွားနိုင်တယ် မရှိတဲ့သူတွေ တွေ့ရင် မနှမျောနဲ့ လှူသာလှူပေး အဲ့လိုလှူဒါန်းခြင်းအားဖြင့် ကျွန်တော်လဲလူချမ်းသာမဟုတ်ဘူး အဲ့လိုငွေတစ်ထောင်ရဖို့အတွက် ကျွန်တော်လဲကြိုးစားရှာရတယ် ။ ဒါပေမယ့် ကိုယ့်ဆီမှာ ၂ထောင်ရှိလို့ သူများကို တစ်ထောင် စွန့်ကြဲလိုက်ရတာက ကိုယ့်အတွက် ဘာမှမဆုံးရှုံးသွားဘူး”
“ မေမေတို့ကိုယ်တိုင်ကလဲ အလှူအတန်းအရမ်းလုပ်တယ်ဆိုတော့ အမေတို့ခြေရာကိုလိုက်သလိုပါဘဲ။ လတ်တစ်လော က မှော်တိုက် ဆိုတဲ့ ဇာတ်ကားလေးပေါ့နော် အဲ့ဒီကားလေးက လွန်ခဲ့တဲ့ ၆လ ၊ ၇လလောက်ထဲက လက်ခံထားတာ ပေါ့နော် ဒီကားလေးရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်အရမ်းပျော်တယ် ဒီကာရိုက်တာကလဲ ကျွန်တော်မလုပ်ဘူးတဲ့ ကာရိုက်တာလေ ကျွန်တော်အရမ်းပျော်တယ်။ ပရိသတ်အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ လို့ ဆိုပြီး ပရိသတ်တွေအတွက် ဆုတောင်းပေးလိုက်ပါတယ်” လို့လဲ ပြောကြားခဲ့ပါတယ်။ဖတ်ရှု့ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-May Phyo(mml);Source – momolay tv





