ဒီကနေ့ အသက်(၂၇)နှစ်ပြည့်တဲ့ ချစ်ခင်ပွန်းရွှေထူးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရွှေမှုံရတီ
အေကာင္းဆုံးေတြပဲ ျဖစ္ေစခ်င္သူပါ။
စက္တင္ဘာလ ၁၉ ရက္ေန႔မွာက်ေရာက္တဲ့ အဆိုေတာ္ ေ႐ႊထူးရဲ႕ ေမြးေန႔မွာေတာ့ အလႉအတန္းေတြနဲ႔ ျဖတ္သန္းသြားမယ္လို႔ ေ႐ႊမႈံရတီက ေျပာပါတယ္။ ေ႐ႊထူးရဲ႕ ေျပာင္းလဲမႈေတြကိုလည္း ေျပာျပခဲ့ျပန္ပါေသးတယ္။
ဒီေန႔ စက္တင္ဘာလ ၁၉ ရက္ေန႔ကေတာ့ အဆိုေတာ္ေ႐ႊထူးရဲ႕ ေမြးေန႔ျဖစ္ပါတယ္။ သူ႔ရဲ႕ ေမြးေန႔ အစီအစဥ္မွာ ဇနီးေခ်ာေလး ေ႐ႊမႈံရတီက အလႉအတန္းေတြ အတူတူလုပ္သြားမယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။
‘’ ကိုေ႐ႊထူးေမြးေန႔ကိုေတာ့ သဲ တို႔ အလႉလုပ္ဖို႔ စီစဥ္ထားပါတယ္။ အလႉလုပ္မယ့္ေနရာကေတာ့ ေဝးတယ္။ ႏွစ္တိုင္းကေတာ့ သဲေမြးေန႔ပဲျဖစ္ျဖစ္၊ သူ႔ေမြးေန႔ပဲျဖစ္ျဖစ္ အလႉလုပ္ရင္းနဲ႔ပဲ ျဖတ္သန္းျဖစ္တယ္။ ၿပီးေတာ့ We Love ေတြလည္း ပါမွာေပါ့။သဲကေတာ့ သူ႔ကို အေကာင္းဆုံးေတြပဲျဖစ္ေစခ်င္တယ္။အေကာင္းဆုံး အေကာင္းဆုံး သူလိုခ်င္တာေတြ၊ သူျဖစ္ခ်င္တာေတြ ျဖစ္ပါေစလို႔ သဲက ဆုေတာင္းေပးပါတယ္။ ’’ လို႔ သူကဆိုပါတယ္။
ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ ဇနီးေမာင္ႏွံဟာ အလႉအတန္းနဲ႔ပတ္သက္ရင္လည္း လက္မေႏွးတဲ့သူေတြျဖစ္ပါတယ္။ အလႉနဲ႔ ပတ္သက္လာရင္လည္း ဝါသနာ တူၾကတယ္လို႔ ေ႐ႊမႈံရတီက ေျပာပါတယ္။
‘’ ဒါကေတာ့ ဗုဒၶဘာသာေတြပဲျဖစ္ျဖစ္၊ ဘယ္သူေတြပဲျဖစ္ျဖစ္ အကုန္လုံးက အလႉအတန္းဆို ဝါသနာပါၾကတယ္ေလေနာ္။ လိုအပ္တဲ့ေနရာေတြမွာ လိုအပ္သလို လႉရတာဆိုေတာ့ သဲ ကိုယ္တိုင္လည္း ဝါသနာပါတယ္။ ကိုေ႐ႊထူးကလည္း အရမ္းဝါသနာပါတယ္။ သဲတို႔ အေနနဲ႔ကေတာ့ အလႉအတန္းကို တက္ႏိုင္သေလာက္ အမ်ားႀကီးလုပ္ျဖစ္ေအာင္ ႀကိဳးစားမွာပါ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၁၈ ရက္ေန႔က ဝိန႔္စိန္ေၾကာ္ျငာ႐ိုက္ကြင္းေပၚမွာ ေျဖဆိုခဲ့တာပါ။
ေ႐ႊထူး နဲ႔ ေ႐ႊမႈံရတီတို႔ရဲ႕ အိမ္ေထာင္သက္တမ္းကလည္း ၁ ႏွစ္ျပည့္ေတာ့မွာျဖစ္ပါတယ္။ ေ႐ႊထူးတစ္ေယာက္ ဘာေတြေျပာင္းလဲသြားၿပီလဲ ဆိုတာကိုေတာ့ ပရိသတ္ေတြ အသိဆုံးျဖစ္မယ္လို႔ ေ႐ႊမႈံရတီက ဆက္လက္ ေျပာျပလာပါတယ္။
‘’ သူ႔ရဲ႕ေျပာင္းလဲမႈနဲ႔ပတ္သက္ၿပီး သိပ္ေထြေထြထူးထူးေျပာစရာမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သဲ ထင္တာျမင္တာထက္ ပရိသတ္က ပိုေတာင္သိလိမ့္မယ္ထင္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ သူ႔ရဲ႕ ပရိသတ္ေတြက သူ႔ကို မ်က္စိေဒါက္ေထာက္ၾကည့္ေနၾကတဲ့သူေတြဆိုေတာ့ သူ ဘာေတြေျပာင္းလဲလာတယ္ဆိုတာ သူ႔ရဲ႕ ပရိသတ္ေတြ သိၾကပါတယ္’’ လို႔ ဆိုပါတယ္။
ေ႐ႊထူး(Htoo Khant)နဲ႔ ေ႐ႊမႈန္ရတီ(Shwe Mhone Yati)တို႔ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႔ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး ႏိုဝင္ဘာ(၉) ရက္ေန႔မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ မဂၤလာညစာစားပြဲကိုေတာ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားလိတ္ဟိုတယ္ မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။Credit-SwelSone;Source : Cele Yatkwat
Unicode
အကောင်းဆုံးတွေပဲ ဖြစ်စေချင်သူပါ။
စက်တင်ဘာလ ၁၉ ရက်နေ့မှာကျရောက်တဲ့ အဆိုတော် ရွှေထူးရဲ့ မွေးနေ့မှာတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ ရွှေမှုံရတီက ပြောပါတယ်။ ရွှေထူးရဲ့ ပြောင်းလဲမှုတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။
ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ကတော့ အဆိုတော်ရွှေထူးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ အစီအစဉ်မှာ ဇနီးချောလေး ရွှေမှုံရတီက အလှူအတန်းတွေ အတူတူလုပ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ကိုရွှေထူးမွေးနေ့ကိုတော့ သဲ တို့ အလှူလုပ်ဖို့ စီစဉ်ထားပါတယ်။ အလှူလုပ်မယ့်နေရာကတော့ ဝေးတယ်။ နှစ်တိုင်းကတော့ သဲမွေးနေ့ပဲဖြစ်ဖြစ်၊ သူ့မွေးနေ့ပဲဖြစ်ဖြစ် အလှူလုပ်ရင်းနဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ ပြီးတော့ We Love တွေလည်း ပါမှာပေါ့။သဲကတော့ သူ့ကို အကောင်းဆုံးတွေပဲဖြစ်စေချင်တယ်။အကောင်းဆုံး အကောင်းဆုံး သူလိုချင်တာတွေ၊ သူဖြစ်ချင်တာတွေ ဖြစ်ပါစေလို့ သဲက ဆုတောင်းပေးပါတယ်။ ’’ လို့ သူကဆိုပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးတဲ့သူတွေဖြစ်ပါတယ်။ အလှူနဲ့ ပတ်သက်လာရင်လည်း ဝါသနာ တူကြတယ်လို့ ရွှေမှုံရတီက ပြောပါတယ်။
‘’ ဒါကတော့ ဗုဒ္ဓဘာသာတွေပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲဖြစ်ဖြစ် အကုန်လုံးက အလှူအတန်းဆို ဝါသနာပါကြတယ်လေနော်။ လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို လှူရတာဆိုတော့ သဲ ကိုယ်တိုင်လည်း ဝါသနာပါတယ်။ ကိုရွှေထူးကလည်း အရမ်းဝါသနာပါတယ်။ သဲတို့ အနေနဲ့ကတော့ အလှူအတန်းကို တက်နိုင်သလောက် အများကြီးလုပ်ဖြစ်အောင် ကြိုးစားမှာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့က ဝိန့်စိန်ကြော်ငြာရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။
ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်သက်တမ်းကလည်း ၁ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ရွှေထူးတစ်ယောက် ဘာတွေပြောင်းလဲသွားပြီလဲ ဆိုတာကိုတော့ ပရိသတ်တွေ အသိဆုံးဖြစ်မယ်လို့ ရွှေမှုံရတီက ဆက်လက် ပြောပြလာပါတယ်။
‘’ သူ့ရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီး သိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သဲ ထင်တာမြင်တာထက် ပရိသတ်က ပိုတောင်သိလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ ပရိသတ်တွေက သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေကြတဲ့သူတွေဆိုတော့ သူ ဘာတွေပြောင်းလဲလာတယ်ဆိုတာ သူ့ရဲ့ ပရိသတ်တွေ သိကြပါတယ်’’ လို့ ဆိုပါတယ်။
ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Credit-SwelSone;Source : Cele Yatkwat




