ပြစ်မှုနဲ့ ရဲက ဖမ်းဆီးစဉ်၊ ရဲကားနောက်ခန်းထဲမှာ ချစ်တင်းနှောပြီး လိုက်လာခဲ့တဲ့ စုံတွဲ
ျပစ္မႈနဲ႔ ရဲက ဖမ္းဆီးစဥ္၊ ရဲကားေနာက္ခန္းထဲမွာ ခ်စ္တင္းေႏွာၿပီး လုိက္လာခဲ့တဲ့ စုံတြဲ
စုံတြဲတစ္တြဲဟာ ယာဥ္စည္းကမ္း ဆုိင္ရာ ျပစ္မႈနဲ႔ ရဲက ဖမ္းဆီး ခံခဲ့ရ ပါတယ္ ။ သူတုိ႔ကို တာဝန္က်ရဲသားက ကားနဲ႔ ေခၚလာစဥ္၊ ကားေနာက္ခန္းမွာ သူတုိ႔ ႏွစ္ေယာက္ဟာ ခ်စ္တင္း ေႏွာၿပီး လုိက္လာခဲ့တာမုိ႔ တာဝန္က် ရဲသားမွာ ရယ္ရအခက္ ငုိရအခက္ ျဖစ္ခဲ့ ပါတယ္။
ဒီသတင္းကို LadBible က ေဖာ္ျပထားတာ ျဖစ္ၿပီး တင္ဆက္ထား တာပါ။ အဲဒီ စုံတြဲရဲ႕ အမည္ကေတာ့ Aaron Thomas (၃၁) ႏွစ္နဲ႔ Megan Mondanaro (၃၅) တုိ႔ ျဖစ္ပါတယ္။ သူတုိ႔ ႏွစ္ေယာက္ဟာ စက္ဘီးေတြကို ဒယီးဒယုိင္ စီးလာစဥ္၊ ကားတစ္စီးနဲ႔ တုိက္မိမလုိ ျဖစ္ခဲ့ရာ၊ ရဲက ရပ္တန္႔စစ္ေဆးခဲ့ပါတယ္။
သူတုိ႔ စက္ဘီးေတြမွာ သတ္မွတ္ ထားတဲ့ မီးလုံး၊ ေရာင္ျပန္ျပား၊ စတာေတြ မပါ ပါဘူး။ ဒီလုိပဲ သူတုိ႔ႏွစ္ေယာက္ စလုံးဟာ အရက္ အလြန္ မူးေနလုိ႔ ရဲက စခန္း လုိက္ခဲ့ဖုိ႔ ကားနဲ႔ ေခၚလာခဲ့ တာပါ။
အဲဒီေနာက္ မိနစ္ အနည္းငယ္ အၾကာမွာ ရဲကားေနာက္ခန္းမွာ Aaron နဲ႔ Megan တုိ႔ဟာ အဝတ္ေတြခၽြတ္ၿပီး ကဲခ်င္တုိင္း ကဲေန ပါေတာ့တယ္။ ဒီလုိနဲ႔ တာဝန္က် ရဲသားဟာ ဘယ္လုိမွ အဆင္ မေျပေတာ့လုိ႔ ကားကုိ ရပ္တန္႔ၿပီး၊ Aaron တုိ႔ စုံတြဲကို တားဆီးခဲ့ ရပါတယ္။
Aaron ကုိ ကားထဲက ဆြဲထုတ္စဥ္၊ သူဟာ ရဲလက္ကေန ထြက္ေျပး လြတ္ေျမာက္ သြားေပမယ့္ အနီး အနားက ေရခဲမုန္႔ဆုိင္ ေနာက္ေက်ာမွာ အဝတ္မဲ့ အေနအထားနဲ႔ ပုန္းေနတာကို ေတြ႕ရ ပါတယ္။ သူ႔ကုိ မူလ ရဲကားနဲ႔ပဲ ျပန္ေခၚလာ ခဲ့ၿပီး၊ Megan ကုိေတာ့ ကားေျပာင္းၿပီး ေခၚခဲ့ရ ပါသတဲ့ ။ ႏွစ္ေယာက္ စလုံးကို စစ္ေဆးေန ဆဲပါ။Credit — apannpyay
Unicode
ပြစ်မှုနဲ့ ရဲက ဖမ်းဆီးစဉ်၊ ရဲကားနောက်ခန်းထဲမှာ ချစ်တင်းနှောပြီး လိုက်လာခဲ့တဲ့ စုံတွဲ
စုံတွဲတစ်တွဲဟာ ယာဉ်စည်းကမ်း ဆိုင်ရာ ပြစ်မှုနဲ့ ရဲက ဖမ်းဆီး ခံခဲ့ရ ပါတယ် ။ သူတို့ကို တာဝန်ကျရဲသားက ကားနဲ့ ခေါ်လာစဉ်၊ ကားနောက်ခန်းမှာ သူတို့ နှစ်ယောက်ဟာ ချစ်တင်း နှောပြီး လိုက်လာခဲ့တာမို့ တာဝန်ကျ ရဲသားမှာ ရယ်ရအခက် ငိုရအခက် ဖြစ်ခဲ့ ပါတယ်။
ဒီသတင်းကို LadBible က ဖော်ပြထားတာ ဖြစ်ပြီး တင်ဆက်ထား တာပါ။ အဲဒီ စုံတွဲရဲ့ အမည်ကတော့ Aaron Thomas (၃၁) နှစ်နဲ့ Megan Mondanaro (၃၅) တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ စက်ဘီးတွေကို ဒယီးဒယိုင် စီးလာစဉ်၊ ကားတစ်စီးနဲ့ တိုက်မိမလို ဖြစ်ခဲ့ရာ၊ ရဲက ရပ်တန့်စစ်ဆေးခဲ့ပါတယ်။
သူတို့ စက်ဘီးတွေမှာ သတ်မှတ် ထားတဲ့ မီးလုံး၊ ရောင်ပြန်ပြား၊ စတာတွေ မပါ ပါဘူး။ ဒီလိုပဲ သူတို့နှစ်ယောက် စလုံးဟာ အရက် အလွန် မူးနေလို့ ရဲက စခန်း လိုက်ခဲ့ဖို့ ကားနဲ့ ခေါ်လာခဲ့ တာပါ။
အဲဒီနောက် မိနစ် အနည်းငယ် အကြာမှာ ရဲကားနောက်ခန်းမှာ Aaron နဲ့ Megan တို့ဟာ အဝတ်တွေချွတ်ပြီး ကဲချင်တိုင်း ကဲနေ ပါတော့တယ်။ ဒီလိုနဲ့ တာဝန်ကျ ရဲသားဟာ ဘယ်လိုမှ အဆင် မပြေတော့လို့ ကားကို ရပ်တန့်ပြီး၊ Aaron တို့ စုံတွဲကို တားဆီးခဲ့ ရပါတယ်။
Aaron ကို ကားထဲက ဆွဲထုတ်စဉ်၊ သူဟာ ရဲလက်ကနေ ထွက်ပြေး လွတ်မြောက် သွားပေမယ့် အနီး အနားက ရေခဲမုန့်ဆိုင် နောက်ကျောမှာ အဝတ်မဲ့ အနေအထားနဲ့ ပုန်းနေတာကို တွေ့ရ ပါတယ်။ သူ့ကို မူလ ရဲကားနဲ့ပဲ ပြန်ခေါ်လာ ခဲ့ပြီး၊ Megan ကိုတော့ ကားပြောင်းပြီး ခေါ်ခဲ့ရ ပါသတဲ့ ။ နှစ်ယောက် စလုံးကို စစ်ဆေးနေ ဆဲပါ။Credit— apannpyay


