သွင်းသမျှ ဂိုးတွေထဲမှာ ရည်းစားဖြစ်သူကို သွင်းတဲ့ဂိုးက အကောင်းဆုံးလို့ ရော်နယ်ဒို ပြော
Unicode
သွင်းသမျှ ဂိုးတွေထဲမှာ ရည်းစားဖြစ်သူကို သွင်းတဲ့ဂိုးက အကောင်းဆုံးလို့ ရော်နယ်ဒို ပြော
အသက် ၃၄ နှစ် အရွယ် ဘောလုံးငွေကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုက ဂိုးတစ်ဂိုး သွင်းလိုက်နိုင်တဲ့ ခံစားချက်လောက် ပိုပြီး မိုက်တဲ့ ခံစားချက်မျိုး မရှိဘူးလို့ ဆိုပါတယ် ။ အမိုက်ဆုံး ဂိုးသွင်းရတဲ့ ခံစားချက်ကတော့ သူ့ ဘောလုံးသမားဘဝ အကောင်းတကာ့ အကောင်းဆုံးတွေရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ အကောင်းဆုံး သွင်းဂိုး ခံစားချက်ဟာ ရည်းစားဖြစ်သူ မော်ဒယ် ဂျော့ဂျီနာရော့ဒ်ဒရီဂက်ဇ်နဲ့ လိင်ဆက်ဆံရတာပဲ ဖြစ်တယ်လို့ အတည်ကြီး ပြောလာပါတယ် ။
ဂျူဗင်တပ်စ်စတား ရော်နယ်ဒိုဟာ သူ့ သွင်းခဲ့သမျှ ဂိုးတွေမှာ အကောင်းဆုံး သွင်းဂိုးအဖြစ် ၂၀၁၈ ဧပြီလက ရီရယ်မက်ဒရစ်အတွက် ခေါင်းတိုက်ဂိုး သွင်းပေးနိုင်ခဲ့တာဟာ အကောင်းဆုံး သွင်းဂိုးလို့ စာရင်းတို့ထားပါတယ် ။ ဒါပေမယ့် ဒီ သွင်းဂိုးရဲ့ ခံစားချက်ဟာ လက်ရှိ ရည်းစားဖြစ်သူနဲ့ ချစ်တင်းနှောရတာနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ရော်နယ်ဒိုက ပေါ်ပေါ်တင်တင် ပြောဆိုပါတယ် ။ ၂၀၁၇-၁၈ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမပွဲစဉ်မှာ ကာဗာဂျယ်ရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက နောက်ပြန်သွင်းယူခဲ့တာဟာ အကောင်းဆုံး သွင်းဂိုး ဖြစ်နေပါတယ် ။
ITV ရုပ်သံက ပီယားမော်ဂင်နဲ့ အင်တာဗျူးမှာ အဆိုပါ သွင်းဂိုးဟာ သူ့ စိတ်အကျေနပ်ဆုံး သွင်းဂိုးလို့ ရော်နယ်ဒိုက ဆိုပါတယ် ။ ဒါပေမယ့် သူ့ ရည်းစားနဲ့ အတွေ့အကြုံကိုတော့ တစ်ပြားသားမှ အလျှော့မခံဘဲ ခံစားရသမျှမှာ အလန်းဆုံး နေရာမှာ သတ်မှတ်ထားတာ ဖြစ်ပါတယ် ။
“ ရည်းစားဖြစ်သူနဲ့ အတွေ့အကြုံနဲ့ ယှဉ်ရင်တော့ မဖြစ်သေးဘူးလေဗျာ ။”လို့ ရော်နယ်ဒိုက မော်ဂန်ရဲ့ အမေးကို ရယ်ရယ်မောမော တုံ့ပြန်ပါတယ် ။ ကျွန်တော် နှစ်တွေ တော်တော်များများ ဂိုးသွင်းဖို့ပဲ ကြိုးစားခဲ့တယ် ။ အလန်းကြီးဗျာ ၊ ဂိုးပေါင်း ၇၀၀ သွင်းထားတယ် ။ ဒါပေမယ့် (ပီလီကစ်လို့ ပြည်တွင်းမှာ ခေါ်တဲ့) နောက်ပြန်သွင်းဂိုးကို မသွင်းခဲ့ဖူးဘူး ။ အဲဒီ ပွဲစဉ်တုန်းက ရီရယ်မက်ဒရစ်အတွက် ဂျူဗင်တက်စ်အသင်းကို နောက်ပြန်သွင်းဂိုး ကျွန်တော် သွင်းလိုက်နိုင်တာကတော့ အမိုက်စား ခံစားချက်ပါပဲ ။”လို့ ရော်နယ်ဒိုက ပြောပါတယ် ။
အဲဒီ သွင်းဂိုးနဲ့ ရည်းစားဖြစ်သူနဲ့ ခံစားချက်ကို နှိုင်းယှဉ်ပြီး မော်ဂန်က မေးတဲ့အခါမှာ မယှဉ်အပ်ရာ သဘောမျိုး ရော်နယ်ဒိုက ဆိုရင်း ရည်းစားဖြစ်သူနဲ့ ခံစားချက်ကို ထိပ်တန်းမှာ ထားခဲ့တာပဲ ဖြစ်ပါတယ် ။Rf : Goal;Credit-မောင်သံဆင့် ( XYZ News )



