ကမ္ဘာပေါ်မှာရော တို့ဘဝတစ်လျှောက်မှာပါ ကောင်းတဲ့ မိထွေးဆိုတာ မတွေ့သေးဘူး လို့ ဆိုတဲ့ ခင်မို့မို့အေး
သူေျပာခဲ့တာကေတာ့ “ ဗီလိန္ဇာတ္ရုပ္ေတြကိုရိုက္ရင္းနဲ႔ တီတီနဲ႕ ပရိသတ္နဲ႕ သိလာတယ္။ ပရိသတ္ကလက္ခံလာတယ္ ။ ပရိသတ္နဲ႕ ဆက္သြယ္မႈၾကိဳးေလးတစ္ခုရလာတယ္ ။ ပရိသတ္ကမုန္းတယ္လို႔ေျပာေပမယ့္ အျပင္မွာ ပရိသတ္နဲ႕ေတြ႕တဲ့အခါ မုန္းတယ္လို႔ တစ္လံုးမွမေျပာပါဘူး။ ခု ႏွင္းဆီဆိုတဲ့ ဇာတ္ကားတြဲေလး အဲ့ဇာတ္ကား တြဲေလးမွာလဲ တီတီကေတာ္ေတာ္ဆိုးတဲ့ မိေထြးေနရကေနပါထားတယ္ ။ ဆိုးလဲဆိုးတယ္ ။ အိုက္တင္က နည္းနည္းၾကမ္းၾကမ္းေလးေတြလုပ္ရတယ္ ။ ဆိုးဆိုးေလးေတြေျပာရတယ္ ဒါေပမယ့္ တီတီ ဒါကို မေန႔က ဘာလာလာ Press show သြားေတာ့ ပရိသတ္နဲ႕ ေတြ႔တဲ့ေနရာမွာ ခင္မို႕မို႕ေအးလို႔မေခၚၾကပါဘူး ေဒၚေဒၚသက္လို႔လဲ အသိအမွတ္ျပဳၾကပါတယ္”
“ မိေထြးဆိုတဲ့ေနရာမွာ အေကာင္းမိေထြးကေတာ့ မရွိၾကပါဘူး၊ အေကာင္းဆံုးအေျဖာင့္ဆံုး မိေထြးဆိုတာကေတာ့ ကမာၻေပၚမွာေရာ တို႔ဘဝတစ္ေလ်ာက္မွာေ ရာသိပ္လဲ မေတြ႔ဘူးပါဘူး ။ မျမင္ဖူးပါဘူး…မိေထြးဆိုတာေတာ့ ႏွင္းဆီ ဇာတ္လမ္းတြဲထဲကလိုေသာင္းက်န္း မေနရင္ေတာင္မွ အေတြးစိတ္ကူးထဲမွာေတာ့ ကိုယ့္ထက္သာသြားမွာ ဆိုးတာတို႕ အေမြဆက္ခံခြင့္ေတြမွာလဲ ကိုယ္ကမိန္းမျဖစ္ေနတဲ့ အတြက္ ကုိယ္ဘဲရသင့္တယ္ ။သားသမီးနဲ႕ ကိုနဲ႕ တစ္၀က္စီ ရသင့္တယ္ အဲ့လိုမ်ိဳးေလးေတြေပါ့” လို႔ ဆိုၿပီး ေျပာျပခဲ့ပါတယ္။
အဲ့ဒီေနာက္ အားေပးတဲ့ ပရိသတ္ၾကီးကို လဲ “ဒီေန႔ဒီအခ်ိန္ ဒီေနရာမွာ ရပ္တည္ေနႏိုင္တယ္ ဆိုတာ ပရိသတ္ရဲ႕ အားမႈေၾကာင့္ပါ ပရိသတ္ေတြရဲ႕ အားေပးမႈကိုလဲ တီတီ တပ္မက္ပါတယ္။ အားလံုးေသာ ပရိသတ္ေတြလဲ ေကာင္းက်ိဳးလိုအင္ဆႏၵျပည့္ျပည့္၀၀ရၾကပါေစလို႔ ဆိုၿပီး ေမတၱာပို႕သအပ္ပါတယ္” လို႔ ဆိုတာ ဆုေတာင္း ေမတၱာ ပို႕သ ေပးခဲ့ပါေသးတယ္။
Credit – momolay
Unicode
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေနဲ့ ဆက်တိုက်ရှင်သန်လာခဲ့တဲ့ သရုပ်ဆောင် ခင်မို့မို့အေးဟာ ဗီလိန်ဇာတ်ရုပ်တွေနဲ့ ရိုက်ကူးရတာပိုများပါတယ်။ သူဟာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့အပြင် ကြည့်ရှု့သူတွေက အဲ့ဒီဇာတ်ရုပ်ကို မုန်းသွားအောင်ကို သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် နှင်းဆီရုပ်သံ ဇာတ်လမ်းတွဲမှာ နှင်းရဲ့ မိထွေး ဒေါ်ဒေါ်သက်နေရာကနေ သရုပ်ဆောင် ထားပြီး ရုပ်ရှင်ထဲမှာတင်မဟုတ်ဘူး အပြင်လောကမှာလဲ သိပ်ဆိုးလွန်းတဲ့ မိထွေးတွေရှိတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်
သူပြောခဲ့တာကတော့ “ ဗီလိန်ဇာတ်ရုပ်တွေကိုရိုက်ရင်းနဲ့ တီတီနဲ့ ပရိသတ်နဲ့ သိလာတယ်။ ပရိသတ်ကလက်ခံလာတယ် ။ ပရိသတ်နဲ့ ဆက်သွယ်မှုကြိုးလေးတစ်ခုရလာတယ် ။ ပရိသတ်ကမုန်းတယ်လို့ပြောပေမယ့် အပြင်မှာ ပရိသတ်နဲ့တွေ့တဲ့အခါ မုန်းတယ်လို့ တစ်လုံးမှမပြောပါဘူး။ ခု နှင်းဆီဆိုတဲ့ ဇာတ်ကားတွဲလေး အဲ့ဇာတ်ကား တွဲလေးမှာလဲ တီတီကတော်တော်ဆိုးတဲ့ မိထွေးနေရကနေပါထားတယ် ။ ဆိုးလဲဆိုးတယ် ။ အိုက်တင်က နည်းနည်းကြမ်းကြမ်းလေးတွေလုပ်ရတယ် ။ ဆိုးဆိုးလေးတွေပြောရတယ် ဒါပေမယ့် တီတီ ဒါကို မနေ့က ဘာလာလာ Press show သွားတော့ ပရိသတ်နဲ့ တွေ့တဲ့နေရာမှာ ခင်မို့မို့အေးလို့မခေါ်ကြပါဘူး ဒေါ်ဒေါ်သက်လို့လဲ အသိအမှတ်ပြုကြပါတယ်”
“ မိထွေးဆိုတဲ့နေရာမှာ အကောင်းမိထွေးကတော့ မရှိကြပါဘူး၊ အကောင်းဆုံးအဖြောင့်ဆုံး မိထွေးဆိုတာကတော့ ကမ္ဘာပေါ်မှာရော တို့ဘဝတစ်လျောက်မှာေ ရာသိပ်လဲ မတွေ့ဘူးပါဘူး ။ မမြင်ဖူးပါဘူး…မိထွေးဆိုတာတော့ နှင်းဆီ ဇာတ်လမ်းတွဲထဲကလိုသောင်းကျန်း မနေရင်တောင်မှ အတွေးစိတ်ကူးထဲမှာတော့ ကိုယ့်ထက်သာသွားမှာ ဆိုးတာတို့ အမွေဆက်ခံခွင့်တွေမှာလဲ ကိုယ်ကမိန်းမဖြစ်နေတဲ့ အတွက် ကိုယ်ဘဲရသင့်တယ် ။သားသမီးနဲ့ ကိုနဲ့ တစ်ဝက်စီ ရသင့်တယ် အဲ့လိုမျိုးလေးတွေပေါ့” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။
အဲ့ဒီနောက် အားပေးတဲ့ ပရိသတ်ကြီးကို လဲ “ဒီနေ့ဒီအချိန် ဒီနေရာမှာ ရပ်တည်နေနိုင်တယ် ဆိုတာ ပရိသတ်ရဲ့ အားမှုကြောင့်ပါ ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ တီတီ တပ်မက်ပါတယ်။ အားလုံးသော ပရိသတ်တွေလဲ ကောင်းကျိုးလိုအင်ဆန္ဒပြည့်ပြည့်၀၀ရကြပါစေလို့ ဆိုပြီး မေတ္တာပို့သအပ်ပါတယ်” လို့ ဆိုတာ ဆုတောင်း မေတ္တာ ပို့သ ပေးခဲ့ပါသေးတယ်။
Credit – momolay




