Latest Posts

ကြီးကျယ်ခမ်းနားတဲ့နေတိုးရဲ့တိုက်အိမ်ကြီးကိုအလည်သွားပြီး ဘွားလေးနဲ့တွေ့ဆုံခဲ့တဲ့သွန်းမြတ်ကြယ်စင်တို့မောင်နှမ

ခ်စ္စရာေကာင္းတဲ့ သမီးေလး သြန္းျမတ္ၾကယ္စင္ကေတာ့ လက္ရွိမွာ ကေလးသ႐ုပ္ေဆာင္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာပါ ပါဝင္႐ိုက္ကူးေနရၿပီ ျဖစ္ပါတယ္။ “Little Miss Supranational Myanmar ” သရဖူဆုကိုဆြတ္ခူးရရွိၿပီး Mini Miss ေလးအျဖစ္လူသိမ်ားေအာင္ျမင္တဲ့ သြန္းျမတ္ၾကယ္စင္က အႏုပညာလမ္းေၾကာင္းေပၚမွာ စတင္ေလွ်ာက္လွမ္းေနၿပီလည္း ျဖစ္ပါတယ္။


သြန္းျမတ္ၾကယ္စင္ေလးက ေနတိုး၊ မိုးေဟကိုတို႔နဲ႔အတူ “ကြၽန္ေတာ္ရဲ႕သူ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ ကေလးခ်စ္တတ္တဲ့ ဦးဦးေနတိုးနဲ႔ ေတြ႕ဆုံခဲ့တဲ့ သြန္းျမတ္ၾကယ္စင္ေလးကေတာ့ ေနတိုးနဲ႔အတူ အမွတ္တရပုံေလးေတြကို မၾကာခဏတင္ေလ့ရွိတာ ျဖစ္ပါတယ္။ အခုလည္း သြန္းျမတ္ၾကယ္စင္က ေနတိုးရဲ႕တိုက္အိမ္ႀကီးကိုအလည္သြားၿပီး ေနတိုးရဲ႕မိခင္ျဖစ္တဲ့ ဘြားေလးနဲ႔အတူ ေတြ႕ဆုံခဲ့ပါတယ္။


သြန္းျမတ္ၾကယ္စင္က ” ခ်စ္ဘြားေလး အိမ္ေရာက္ သမီးတို႔ ေမာင္ႏွမႏွစ္ေယာက္ ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ သြန္းျမတ္ၾကယ္စင္ေလးကေတာ့ ဦးဦးေနတိုးရဲ႕အိမ္ကို ခဏခဏအလည္သြားေလ့ရွိသလို ဘြားေလးနဲ႔လည္း အရမ္းကိုရင္းႏွီးခ်စ္ခင္ေနၿပီ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေနတိုးရဲ႕ခမ္းနားလွတဲ့အိမ္ႀကီးဆီ အလည္သြားခဲ့တဲ့ သြန္းျမတ္ၾကယ္စင္တို႔ေမာင္ႏွမရဲ႕ပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။Credit – myanmarload
Unicode
ချစ်စရာကောင်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ လက်ရှိမှာ ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ “Little Miss Supranational Myanmar ” သရဖူဆုကိုဆွတ်ခူးရရှိပြီး Mini Miss လေးအဖြစ်လူသိများအောင်မြင်တဲ့ သွန်းမြတ်ကြယ်စင်က အနုပညာလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီလည်း ဖြစ်ပါတယ်။
သွန်းမြတ်ကြယ်စင်လေးက နေတိုး၊ မိုးဟေကိုတို့နဲ့အတူ “ကျွန်တော်ရဲ့သူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့ ဦးဦးနေတိုးနဲ့ တွေ့ဆုံခဲ့တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ နေတိုးနဲ့အတူ အမှတ်တရပုံလေးတွေကို မကြာခဏတင်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သွန်းမြတ်ကြယ်စင်က နေတိုးရဲ့တိုက်အိမ်ကြီးကိုအလည်သွားပြီး နေတိုးရဲ့မိခင်ဖြစ်တဲ့ ဘွားလေးနဲ့အတူ တွေ့ဆုံခဲ့ပါတယ်။
သွန်းမြတ်ကြယ်စင်က ” ချစ်ဘွားလေး အိမ်ရောက် သမီးတို့ မောင်နှမနှစ်ယောက် ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ သွန်းမြတ်ကြယ်စင်လေးကတော့ ဦးဦးနေတိုးရဲ့အိမ်ကို ခဏခဏအလည်သွားလေ့ရှိသလို ဘွားလေးနဲ့လည်း အရမ်းကိုရင်းနှီးချစ်ခင်နေပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးရဲ့ခမ်းနားလှတဲ့အိမ်ကြီးဆီ အလည်သွားခဲ့တဲ့ သွန်းမြတ်ကြယ်စင်တို့မောင်နှမရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။Credit – myanmarload