“မွေးနေ့ အလှူအနေနဲ့ ဇဝနဖောင်ဒေးရှင်းကို (၁၅)သိန်းလှူဒါန်းခဲ့တဲ့ စည်ဖြိုး”
စည္ျဖိ္ဳးကေတာ့ သူဝါသနာပါတဲ့ အနုပညာအလုပ္ေတြကို ၾကိဳးၾကိဳးစားစား လုပ္ကိုင္ေနျပီး ရရွိလာတဲ့ အနုပညာေၾကးေလးေတြကို စုေဆာင္းကာ အလွဴအတန္းေတြကို ျပဳလုပ္ေလ့ရွိပါတယ္။သက္ၾကီးလူရႊင္ေတာ္ေတြကို လစဥ္လတိုင္း ေထာက္ပံ့ေငြေတြ လွဴဒါန္းေနတဲ့ ဇဝနေဖာင္ေဒးရွင္းၾကီးကိုလည္းလစဥ္ အလွဴေငြေတြလည္း လွဴဒါန္းေနတဲ့ အလွဴရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ျပီးခဲ့တဲ့ စက္တင္ဘာလ (၄)ရက္မွာ စည္ျဖိဳးရဲ႕ ေမြးေန႔ရက္ျမတ္ေလးက်ေရာက္တာပဲျဖစ္ပါတယ္။
စည္ၿဖိဳးရဲ႕ ေမြးေန႔ရက္ျမတ္ေလးအတြက္ သူရဲ႕ပရိသတ္ေတြအျပင္ လုပ္ေဖာ္ကိုင္ဖက္အႏုပညာရွင္ေတြကလည္း ေမြးေန႔ဆုမြန္ေကာင္းေတြ ေတာင္းေပးခဲ့ၾကပါေသးတယ္။ဒီေန႔ စက္တင္ဘာလ (၁၈)ရက္ေန႕မွာေတာ့ စည္ျဖိဳးက သူ႔ရဲ႕ ေမြးေန႕အလွဴအေနနဲ႔ ဇဝန ေဖာင္ေဒးရွင္းကို အလွဴေငြ (၁၅)သိန္း လွဴဒါန္းခဲ့တဲ့ အေၾကာင္းကို ဇဝနေဖာင္ေဒးရွင္ရဲ႕ ဦးေဆာင္သူ သရုပ္ေဆာင္ ဦးခင္လႈိင္ကသူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန ေဖာ္ျပခဲ့တာပါ။CeleGabar ပရိသတ္ၾကီးေရ စည္ျဖိဳးရဲ႕ အလွဴေလးကို ထပ္တူထပ္မွ် သာဓုေခၚလို႕ရေအာင္ မွ်ေဝေပးလိုက္ပါတယ္။
Credit – celegabar
Unicode
အနုပညာလောကမှာ သရုပ်ဆောင်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသားချောလေးစည်ဖြိုးကတော့ လက်ရှိမှာတော့ တေးသီချင်းတွေကို သီဆိုပြီး အဆိုတော်တစ်ယောက်အနေနဲ့လည်းအောင်မြင်မှုတွေထပ်မံရရှိထားတာပဲဖြစ်ပါတယ်။MRTV-4ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဘုန်းကြီးလူထွက် လက်ဝှေ့သမားတစ်ယောက်ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချီးကျူးခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။
စည်ဖြိုးကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစား လုပ်ကိုင်နေပြီး ရရှိလာတဲ့ အနုပညာကြေးလေးတွေကို စုဆောင်းကာ အလှူအတန်းတွေကို ပြုလုပ်လေ့ရှိပါတယ်။သက်ကြီးလူရွှင်တော်တွေကို လစဉ်လတိုင်း ထောက်ပံ့ငွေတွေ လှူဒါန်းနေတဲ့ ဇဝနဖောင်ဒေးရှင်းကြီးကိုလည်းလစဉ် အလှူငွေတွေလည်း လှူဒါန်းနေတဲ့ အလှူရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၄)ရက်မှာ စည်ဖြိုးရဲ့ မွေးနေ့ရက်မြတ်လေးကျရောက်တာပဲဖြစ်ပါတယ်
စည်ဖြိုးရဲ့ မွေးနေ့ရက်မြတ်လေးအတွက် သူရဲ့ပရိသတ်တွေအပြင် လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါသေးတယ်။ဒီနေ့ စက်တင်ဘာလ (၁၈)ရက်နေ့မှာတော့ စည်ဖြိုးက သူ့ရဲ့ မွေးနေ့အလှူအနေနဲ့ ဇဝန ဖောင်ဒေးရှင်းကို အလှူငွေ (၁၅)သိန်း လှူဒါန်းခဲ့တဲ့ အကြောင်းကို ဇဝနဖောင်ဒေးရှင်ရဲ့ ဦးဆောင်သူ သရုပ်ဆောင် ဦးခင်လှိုင်ကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။CeleGabar ပရိသတ်ကြီးရေ စည်ဖြိုးရဲ့ အလှူလေးကို ထပ်တူထပ်မျှ သာဓုခေါ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။Credit – celegabar






