Latest Posts

(၂၃) ပေအရှည်ရှိတဲ့ အန်နာကွန်ဒါမြွေကြီးနဲ့ ရေအောက်မှာ ရင်ဆိုင်တွေ့ခဲ့သူ အမျိုးသား


ေရငုပ္သမားတစ္ဦးဟာ အၾကီးဆံုးေျမြမ်ိဳးစိတ္ၾကီးထဲ အပါအ၀င္ျဖစ္တဲ့ အစိမ္းေရာင္အန္နာကြန္ဒါေျမြၾကီးနဲ႔ ေရေအာက္ထဲမွာ ေတြ႔ဆံုခဲ့ၿပီး ေျမြၾကီးကို အနီးကပ္မွတ္တမ္းတင္ႏိုင္ခဲ့တာကို dailymail သတင္းမွာ ေတြ႔ရပါတယ္။ အဆိုပါ ေရငုပ္သမားအမ်ိဳးသားဟာ ဘာတိုလိုမီယိုေဘာ့ဗ္ဆိုသူျဖစ္ကာ ေရေအာက္္ဓာတ္ပံု၊ ဗီဒီယိုေတြကို ရုိက္ကူးတဲ့အလုပ္အကိုင္လုပ္ကိုင္သူ ပရိုဖက္ရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက ဘရာဇီးႏိုင္ငံက ေဖာ္မိုဆိုျမစ္ထဲကို ေရငုပ္သြားခဲ့ရာမွ အခုလို အန္နာကြန္ဒါၾကီးနဲ႔ ေတြ႔ခဲ့တာ ျဖစ္ပါတယ္။

အန္နာကြန္ဒါၾကီးဟာ (၂၃) ေပအရွည္ရွိၿပီး ကီလို(၉၀) ေလာက္ အေလးခ်ိန္ရွိပါတယ္။ အန္နာကြန္ဒါၾကီးရဲ႕ ေရေအာက္ျမစ္ၾကမ္းျပင္ေပၚမွာ လႉပ္ရွားေနတဲ့ပံုကိုေတာ့ ဘာတိုလိုမီယိုက အေသခ်ာမွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဘာတိုလိုမီယိုဟာ အန္နာကြန္ဒါၾကီးရဲ႕ အနားမွာ မေၾကာက္မရြံ႕နဲ႔ အနီးကပ္ဗီဒီယိုရိုက္ကူးေနခဲ့တာ ျဖစ္ပါတယ္။ ေျမြၾကီးဟာ အေရွ႕ကို ထြက္လာေလေလ ဘာတိုလိုမီယိုဟာ အလြတ္မေပးပဲ ေျမြၾကီးရဲ႕ မ်က္ႏွာနားအထိ အနားကပ္တိုးၿပီး လိုက္လံရုိက္ကူးေနခဲ့တာပါ။

ေျမြၾကီးရဲ႕သူ႔ႏွစ္ခြလွ်ာၾကီးကို ျပဴတစ္ျပူတစ္ ထုတ္ေနတဲ့ ျမင္ကြင္းကလည္း တကယ့္ကုိ အသဲယားဖြယ္ပါပဲ။ ဒါတင္မကေသးပါဘူး။ ဘာတိုလိုမီယိုဟာ ေျမြၾကီးနဲ႔ အတူတူ ေရေအာက္ၾကမ္းျပင္ေပၚမွာ ေရလိုက္ကူးၿပီး သူလိုခ်င္တဲ့ ဓာတ္ပံုရႉေထာင့္အမ်ိဳးမ်ိဳးရေအာင္လည္း ရုိက္ကူးေနခဲ့ပါေသးတယ္။ အန္နာကြန္ဒါေျမြၾကီးေတြဟာ ဇူလုိင္လအဆံုးပိုင္းေလာက္မွာ အိပ္ေပ်ာ္ေနရာက ႏိုးလာၾကေလ့ရွိၿပီး ၾသဂုတ္လအစအထိ ေရေအာက္မွာ လွည့္လည္သြားလာတတ္ၾကပါတယ္။ ျမစ္ေရရဲ႕ အပူခ်ိန္ဟာ တစ္ႏွစ္ပတ္လံုးမွာ (၂၂–၂၄) ဒီဂရီရွိၿပီး ေဆာင္းဘက္ေရာက္တဲ့အခါ ကုန္းေပၚမွာေလေအးတာေၾကာင့္ ဒီလိုအခ်ိန္ေတြမွာ အန္နာကြန္ဒါၾကီးေတြဟာ ျမစ္ထဲဆင္းၿပီး ေနၾကေလ့ရွိပါတယ္။


ဘာတိုမီလိုကေတာ့ ” ဗီဒီယိုထဲမွာေတာ့ ခင္ဗ်ားတို႔ ေတြ႔ရတဲ့အတိုင္းပဲ ေျမြၾကီးက ေအးေအးေဆးေဆးနဲ႔ ေရကူးသြားတာကို။ သူ႔ၾကည့္ရတာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပါပဲ။ ကြ်န္ေတာ္တို႔ရွိေနတာေတာင္ သူ႔အတြက္ ဘာမွမထူးျခားသလိုပဲ။ ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ သူက ကင္မရာကို စိတ္၀င္စားပံုရပါတယ္။ ကင္မရာကို လ်ာနဲ႔လ်က္ၾကည့္ေနလိုက္ေသးတယ္…” လို႔ ေျပာျပခဲ့ပါေသးတယ္။ ဘာတိုမီလိုရိုက္ကူးခဲ့တဲ့ ၾကီးမားလွတဲ့ အန္နာကြန္ဒါေျမြစိမ္းၾကီးကိုေတာ့ ထူးထူးျခားျခား အခုလို ေတြ႔ျမင္ရမွာပဲ ျဖစ္ပါတယ္။Credit-လင္းလင္း (ShweMom)
Unicode
(၂၃) ပေအရှည်ရှိတဲ့ အန်နာကွန်ဒါမြွေကြီးနဲ့ ရေအောက်မှာ ရင်ဆိုင်တွေ့ခဲ့သူ အမျိုးသား
ရေငုပ်သမားတစ်ဦးဟာ အကြီးဆုံးမြွေမျိုးစိတ်ကြီးထဲ အပါအဝင်ဖြစ်တဲ့ အစိမ်းရောင်အန်နာကွန်ဒါမြွေကြီးနဲ့ ရေအောက်ထဲမှာ တွေ့ဆုံခဲ့ပြီး မြွေကြီးကို အနီးကပ်မှတ်တမ်းတင်နိုင်ခဲ့တာကို dailymail သတင်းမှာ တွေ့ရပါတယ်။ အဆိုပါ ရေငုပ်သမားအမျိုးသားဟာ ဘာတိုလိုမီယိုဘော့ဗ်ဆိုသူဖြစ်ကာ ရေအောက်ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးတဲ့အလုပ်အကိုင်လုပ်ကိုင်သူ ပရိုဖက်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဘရာဇီးနိုင်ငံက ဖော်မိုဆိုမြစ်ထဲကို ရေငုပ်သွားခဲ့ရာမှ အခုလို အန်နာကွန်ဒါကြီးနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။
အန်နာကွန်ဒါကြီးဟာ (၂၃) ပေအရှည်ရှိပြီး ကီလို(၉၀) လောက် အလေးချိန်ရှိပါတယ်။ အန်နာကွန်ဒါကြီးရဲ့ ရေအောက်မြစ်ကြမ်းပြင်ပေါ်မှာ လှူပ်ရှားနေတဲ့ပုံကိုတော့ ဘာတိုလိုမီယိုက အသေချာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဘာတိုလိုမီယိုဟာ အန်နာကွန်ဒါကြီးရဲ့ အနားမှာ မကြောက်မရွံ့နဲ့ အနီးကပ်ဗီဒီယိုရိုက်ကူးနေခဲ့တာ ဖြစ်ပါတယ်။ မြွေကြီးဟာ အရှေ့ကို ထွက်လာလေလေ ဘာတိုလိုမီယိုဟာ အလွတ်မပေးပဲ မြွေကြီးရဲ့ မျက်နှာနားအထိ အနားကပ်တိုးပြီး လိုက်လံရိုက်ကူးနေခဲ့တာပါ။
မြွေကြီးရဲ့သူ့နှစ်ခွလျှာကြီးကို ပြူတစ်ပြူတစ် ထုတ်နေတဲ့ မြင်ကွင်းကလည်း တကယ့်ကို အသဲယားဖွယ်ပါပဲ။ ဒါတင်မကသေးပါဘူး။ ဘာတိုလိုမီယိုဟာ မြွေကြီးနဲ့ အတူတူ ရေအောက်ကြမ်းပြင်ပေါ်မှာ ရေလိုက်ကူးပြီး သူလိုချင်တဲ့ ဓာတ်ပုံရှူထောင့်အမျိုးမျိုးရအောင်လည်း ရိုက်ကူးနေခဲ့ပါသေးတယ်။ အန်နာကွန်ဒါမြွေကြီးတွေဟာ ဇူလိုင်လအဆုံးပိုင်းလောက်မှာ အိပ်ပျော်နေရာက နိုးလာကြလေ့ရှိပြီး သြဂုတ်လအစအထိ ရေအောက်မှာ လှည့်လည်သွားလာတတ်ကြပါတယ်။ မြစ်ရေရဲ့ အပူချိန်ဟာ တစ်နှစ်ပတ်လုံးမှာ (၂၂–၂၄) ဒီဂရီရှိပြီး ဆောင်းဘက်ရောက်တဲ့အခါ ကုန်းပေါ်မှာလေအေးတာကြောင့် ဒီလိုအချိန်တွေမှာ အန်နာကွန်ဒါကြီးတွေဟာ မြစ်ထဲဆင်းပြီး နေကြလေ့ရှိပါတယ်။
ဘာတိုမီလိုကတော့ ” ဗီဒီယိုထဲမှာတော့ ခင်ဗျားတို့ တွေ့ရတဲ့အတိုင်းပဲ မြွေကြီးက အေးအေးဆေးဆေးနဲ့ ရေကူးသွားတာကို။ သူ့ကြည့်ရတာ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ကျွန်တော်တို့ရှိနေတာတောင် သူ့အတွက် ဘာမှမထူးခြားသလိုပဲ။ ဒါပေမယ့် တစ်ခါတစ်လေတော့ သူက ကင်မရာကို စိတ်ဝင်စားပုံရပါတယ်။ ကင်မရာကို လျာနဲ့လျက်ကြည့်နေလိုက်သေးတယ်…” လို့ ပြောပြခဲ့ပါသေးတယ်။ ဘာတိုမီလိုရိုက်ကူးခဲ့တဲ့ ကြီးမားလှတဲ့ အန်နာကွန်ဒါမြွေစိမ်းကြီးကိုတော့ ထူးထူးခြားခြား အခုလို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။Credit-လင်းလင်း (ShweMom)