Latest Posts

သူမနဲ့ ချွတ်စွပ်တူလွန်းတဲ့ ပုံတူပန်းချီကားလေးကို မွေးနေ့လက်ဆောင်ရလိုက်လို့ ပျော်နေတဲ့ နန်းဆု


ပရိသတ္ႀကီးေရ.. ေတးသီခ်င္းေကာင္းေလးေတြအျပင္ ခ်စ္စရာေကာင္းလြန္းတဲ့ ဟန္ပန္ေလးေတြနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အခိုင္အမာသိမ္းပိုက္ထားတဲ့ ျပည္သူ႔အခ်စ္ေတာ္ေလးကေတာ့ အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး နန္းဆုရတီစိုးပဲ ျဖစ္ပါတယ္..။

အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ သူမရဲ႕ သီခ်င္းေကာင္းေလးေတြက ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်သလို ေက်ာ့ရွင္းၿပီး ဆြဲေဆာင္မႈရွိလြန္းတဲ့ အလွတရားေတြကို ပိုင္ဆိုင္ထားတဲ့ အသည္းေက်ာ္ေလးသူမကိုေတာ့ ေယာက်ၤားေလးပရိသတ္ေတြအျပင္ မိန္းကေလးပရိသတ္ေတြကလည္း အားေပးခ်စ္ခင္ၾကတာ ေတြ႕ရပါတယ္..။အသည္းေက်ာ္ေလး နန္းဆုေလးကေတာ့ စက္တင္ဘာ(၁၅)ရက္ေန႔က က်ေရာက္ခဲ့တဲ့ သူမရဲ႕ ေမြးေန႔ေလးကို ေနအိမ္မွာ ခ်စ္ရတဲ့ We Love အဖြဲ႕ေတြနဲ႔အတူ ေမြးေန႔ကိတ္ေလးခြဲကာ ေမြးေန႔ေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခဲ့တာ ေတြ႕ရပါတယ္..။

နန္းဆုေလးကေတာ့ သူမရဲ႕ေမြးေန႔ေလးမွာ အရမ္းကိုေပ်ာ္ခဲ့ရၿပီး ခ်စ္ရသူေတြရဲ႕ တန္ဖိုးျဖတ္မရတဲ့ အၿပဳံးနဲ႔ စကားသံေလးေတြနဲ႔ သူမနဲ႔အရမ္းတူၿပီး အရမ္းလက္ရာေျမာက္လြန္းတဲ့ ေမြးေန႔လက္ေဆာင္ ပုံတူပန္းခ်ီကားေလးကိုလည္း အရမ္းကို ႀကိဳက္ႏွစ္သက္ၿပီး သေဘာက်လို႔ ေပ်ာ္ေနတယ္လို႔ ဆိုပါတယ္..။ခ်စ္ပရိသတ္ေတြနဲ႔အတူ ၾကည္ႏူးေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့တဲ့ ေမြးေန႔အမွတ္တရပုံရိပ္ေလးေတြကိုလည္း နန္းဆုေလးက ျပန္လည္မွ်ေဝထားၿပီး ပရိသတ္ေတြေပးတဲ့ လက္ေဆာင္ေလးေတြအတြက္လည္း ေက်းဇူးတင္စကားေလးေတြလည္း ေျပာထားပါေသးတယ္..။


“မေန႔က ပရိသတ္ေတြနဲ႔ က်င္းပတဲ့ ေမြးေန႔ကိတ္ေလးမွာ အရမ္းေပ်ာ္ခဲ့ရပါတယ္ နန္းဆုကို ခ်စ္ၾကတဲ့သူေတြရဲ႕ အၿပဳံးနဲ႔စကားသံေလးေတြက နန္းဆုအတြက္ေတာ့ တန္ဖိုးျဖတ္မရတဲ့အရာပါ ပရိသတ္ေတြစုပီးေပးတဲ့ အရမ္းလက္ရာေျမာက္တဲ့ ေမြးေန႔လက္ေဆာင္ ပုံတူပန္းခ်ီကားကို အရမ္းႀကိဳက္ပါတယ္ မေန႔က ပြဲၿပီးေတာ့ ထိုင္ၾကည့္ေနတာ တူလိုက္တာ လွလိုက္တာဆိုၿပီး တျခား လက္ေဆာင္ေတြ ကိုလည္းအရမ္းႀကိဳက္ပါတယ္ နန္းဆုဖတ္ဖို႔ယူလာတဲ့ စာေလးေတြကိုလည္း ေသခ်ာအခ်ိန္ေပးဖတ္ပါမယ္ေနာ္ ခ်စ္တဲ့စိတ္နဲ႔ အေရာက္လာၾကသူေတြ နယ္ေဝးကေနေရာက္လာၾကသူေတြရာ စာေမးပြဲရွိေနေပမယ့္ အေရာက္လာၾကတာေတြ သိရေတာ့ ပိုခ်စ္မိပါတယ္ လာခ်င္ေပမယ့္ မလာျဖစ္လိုက္တဲ့သူေတြကိုခ်စ္ပါတယ္ေနာ္ မေန႔ကေရာက္လာတဲ့သူေတြေရာ မေရာက္လာျဖစ္တဲ့သူေတွ ေရာ ေနာက္ပြဲေတြလည္း ဆုံၾကမယ္ေနာ္..” ဆိုၿပီး နန္းဆုေလးက သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝထားတာပဲ ျဖစ္ပါတယ္..။


Credit-Myanmar Load

Unicode
သူမနဲ့ ချွတ်စွပ်တူလွန်းတဲ့ ပုံတူပန်းချီကားလေးကို မွေးနေ့လက်ဆောင်ရလိုက်လို့ ပျော်နေတဲ့ နန်းဆု
ပရိသတ်ကြီးရေ.. တေးသီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်..။
အသံချိုချိုအေးအေးလေးနဲ့ သူမရဲ့ သီချင်းကောင်းလေးတွေက ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျသလို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အသည်းကျော်လေးသူမကိုတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ တွေ့ရပါတယ်..။အသည်းကျော်လေး နန်းဆုလေးကတော့ စက်တင်ဘာ(၁၅)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးကို နေအိမ်မှာ ချစ်ရတဲ့ We Love အဖွဲ့တွေနဲ့အတူ မွေးနေ့ကိတ်လေးခွဲကာ မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။
နန်းဆုလေးကတော့ သူမရဲ့မွေးနေ့လေးမှာ အရမ်းကိုပျော်ခဲ့ရပြီး ချစ်ရသူတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ အပြုံးနဲ့ စကားသံလေးတွေနဲ့ သူမနဲ့အရမ်းတူပြီး အရမ်းလက်ရာမြောက်လွန်းတဲ့ မွေးနေ့လက်ဆောင် ပုံတူပန်းချီကားလေးကိုလည်း အရမ်းကို ကြိုက်နှစ်သက်ပြီး သဘောကျလို့ ပျော်နေတယ်လို့ ဆိုပါတယ်..။
ချစ်ပရိသတ်တွေနဲ့အတူ ကြည်နူးပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးတွေကိုလည်း နန်းဆုလေးက ပြန်လည်မျှဝေထားပြီး ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေအတွက်လည်း ကျေးဇူးတင်စကားလေးတွေလည်း ပြောထားပါသေးတယ်..။
“မနေ့က ပရိသတ်တွေနဲ့ ကျင်းပတဲ့ မွေးနေ့ကိတ်လေးမှာ အရမ်းပျော်ခဲ့ရပါတယ် နန်းဆုကို ချစ်ကြတဲ့သူတွေရဲ့ အပြုံးနဲ့စကားသံလေးတွေက နန်းဆုအတွက်တော့ တန်ဖိုးဖြတ်မရတဲ့အရာပါ ပရိသတ်တွေစုပီးပေးတဲ့ အရမ်းလက်ရာမြောက်တဲ့ မွေးနေ့လက်ဆောင် ပုံတူပန်းချီကားကို အရမ်းကြိုက်ပါတယ် မနေ့က ပွဲပြီးတော့ ထိုင်ကြည့်နေတာ တူလိုက်တာ လှလိုက်တာဆိုပြီး တခြား လက်ဆောင်တွေ ကိုလည်းအရမ်းကြိုက်ပါတယ် နန်းဆုဖတ်ဖို့ယူလာတဲ့ စာလေးတွေကိုလည်း သေချာအချိန်ပေးဖတ်ပါမယ်နော် ချစ်တဲ့စိတ်နဲ့ အရောက်လာကြသူတွေ နယ်ဝေးကနေရောက်လာကြသူတွေရာ စာမေးပွဲရှိနေပေမယ့် အရောက်လာကြတာတွေ သိရတော့ ပိုချစ်မိပါတယ် လာချင်ပေမယ့် မလာဖြစ်လိုက်တဲ့သူတွေကိုချစ်ပါတယ်နော် မနေ့ကရောက်လာတဲ့သူတွေရော မရောက်လာဖြစ်တဲ့သူတှေ ရော နောက်ပွဲတွေလည်း ဆုံကြမယ်နော်..” ဆိုပြီး နန်းဆုလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။C-Myanmar Load