Latest Posts

ဆိုင်လေးရဲ့နှစ်ပတ်လည်ပွဲမှာ ချစ်မကြီး စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာတို့နဲ့အတူ ဈေးကူရောင်းပေးနေတဲ့ စန္ဒီမြင့်လွင်

ပရိသတ္ႀကီးေရ အဆိုေတာ္စႏၵီျမင့္လြင္ကေတာ့ သမီးေခ်ာေလးတစ္ေယာက္ကို ေမြးဖြားထားလို႔ သမီးေလးကိုပဲ ေသခ်ာယုယၿပီး ေစာင့္ေရွာက္ေနတာျဖစ္ပါတယ္။စႏၵီျမင့္လြင္ရဲ႕ သမီးေခ်ာေလး Treasure ကေတာ့ စက္တင္ဘာလ(၁၄)ရက္ေန႔မွာ ၂လျပည့္သြားတာျဖစ္ၿပီး တစ္လုံးတစ္ခဲႀကီးနဲ႔ အရမ္းခ်စ္ဖို႔ေကာင္းတာေၾကာင့္ စႏၵီျမင့္လြင္တို႔မိသားစုနဲ႔ ပရိသတ္ေတြက အရမ္းခ်စ္ေနရတာျဖစ္ပါတယ္ေနာ္။


Treasure ေလးက ေဖေဖနဲ႔လည္းတူသလို ေမေမနဲ႔လည္းႏႈတ္ခမ္းေလးတူတာေၾကာင့္ မိဘႏွစ္ပါးလုံးရဲ႕အလွေတြကို ခြဲေဝယူထားပါတယ္ေနာ္။ေမေမစႏၵီျမင့္လြင္ကေတာ့ သမီးေခ်ာေလးကို အရမ္းခ်စ္ၿပီး အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ေပးတာေၾကာင့္ သမီးေလးကလည္း ၀၀ကစ္ကစ္၊ပါးေဖာင္းေဖာင္းေလးနဲ႔ အရမ္းပဲခ်စ္စရာေကာင္းလာပါတယ္ေနာ္။

စႏၵီျမင့္လြင္တို႔ ညီအစ္မေတြစုေပါင္းဖြင့္လွစ္ထားတဲ့ မင္းသမီးပိုးထည္တိုက္ဆိုင္ေလးကလည္း အထိုက္အေလ်ာက္ေအာင္ျမင္ေနၿပီး အခုဆိုရင္ေတာ့ ႏွစ္ပတ္လည္ပြဲေလးကို ၃ရက္တိုင္တိုင္က်င္းပပါတယ္ေနာ္။အႏုပညာေမာင္ႏွမေတြနဲ႔မိတ္ေဆြေတြကလည္း လာေရာက္အားေပးၾကကာ စႏၵီျမင့္လြင္ကေတာ့ ခ်စ္မႀကီး စိုးျမတ္သူဇာ စိုးျမတ္နႏၵာတို႔နဲ႔အတူ ဝိုင္းကူၿပီး ေဈးေရာင္းေပးေနတဲ့ ပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။


Source:Soe Kyi Phyu&Dee Dee’s Facebook,Credit-Myanmar Load

Unicode
ဆိုင်လေးရဲ့နှစ်ပတ်လည်ပွဲမှာ ချစ်မကြီး စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာတို့နဲ့အတူ ဈေးကူရောင်းပေးနေတဲ့ စန္ဒီမြင့်လွင်
ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးချောလေးတစ်ယောက်ကို မွေးဖွားထားလို့ သမီးလေးကိုပဲ သေချာယုယပြီး စောင့်ရှောက်နေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasure ကတော့ စက်တင်ဘာလ(၁၄)ရက်နေ့မှာ ၂လပြည့်သွားတာဖြစ်ပြီး တစ်လုံးတစ်ခဲကြီးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် စန္ဒီမြင့်လွင်တို့မိသားစုနဲ့ ပရိသတ်တွေက အရမ်းချစ်နေရတာဖြစ်ပါတယ်နော်။
Treasure လေးက ဖေဖေနဲ့လည်းတူသလို မေမေနဲ့လည်းနှုတ်ခမ်းလေးတူတာကြောင့် မိဘနှစ်ပါးလုံးရဲ့အလှတွေကို ခွဲဝေယူထားပါတယ်နော်။မေမေစန္ဒီမြင့်လွင်ကတော့ သမီးချောလေးကို အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတာကြောင့် သမီးလေးကလည်း ၀၀ကစ်ကစ်၊ပါးဖောင်းဖောင်းလေးနဲ့ အရမ်းပဲချစ်စရာကောင်းလာပါတယ်နော်။
စန္ဒီမြင့်လွင်တို့ ညီအစ်မတွေစုပေါင်းဖွင့်လှစ်ထားတဲ့ မင်းသမီးပိုးထည်တိုက်ဆိုင်လေးကလည်း အထိုက်အလျောက်အောင်မြင်နေပြီး အခုဆိုရင်တော့ နှစ်ပတ်လည်ပွဲလေးကို ၃ရက်တိုင်တိုင်ကျင်းပပါတယ်နော်။အနုပညာမောင်နှမတွေနဲ့မိတ်ဆွေတွေကလည်း လာရောက်အားပေးကြကာ စန္ဒီမြင့်လွင်ကတော့ ချစ်မကြီး စိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့နဲ့အတူ ဝိုင်းကူပြီး ဈေးရောင်းပေးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။Source:Soe Kyi Phyu&Dee Dee’s Facebook,Credit-Myanmar Load