လူမျိုးမတူပေမယ့် ဇီ့နှလုံးသားက မင်းဆီမှာပါ ဆိုတဲ့ Lဆိုင်းဇီ
Unicode
လူမျိုးမတူပေမယ့် ဇီ့နှလုံးသားက မင်းဆီမှာပါ ဆိုတဲ့ Lဆိုင်းဇီမိုးရာသီ သီချင်းနဲ့ ပရိသတ်တွေကြားမှာ နာမည်ကျော်ကြားခဲ့ပြီး လှည့်ကြည့်ပါဦး သီချင်းနဲ့ ပရိသတ်တွေရဲ့ အသည်းကို ချွေယူသွားတဲ့ အဆိုတော် တိုင်းရင်းသူလေး L ဆိုင်းဇီဟာ လက်ရှိမှာတော့ သီချင်းတွေလဲ ဆက်လက်ထွက်ရှိနေသလို ပြည်ပဖျော်ဖြေပွဲတွေလဲ သွားရောက်နေရဆဲပါ။
သူမဟာ အသဲကွဲသီချင်းတွေ အချစ်သီချင်းတွေနဲ့ အရမ်းကို အောင်မြင်ခဲ့တဲ့အဆိုရှင်တစ်ယောက်လို့ ဆိုရမှာပါ။လက်ရှိအချိန်ထိ သူမဟာ အပျိုကြီးဘဝကို ထိန်းသိမ်းထားပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှလာပါတယ်။ အပျိုကြီး မမတစ်ယောက် သူရင်ခုန်တဲ့ သူကိုတွေ့ပြီဆိုကာ ပရိသတ်တွေကို နောက်ပြောင်ကျီဆယ်လိုက်ပြန်ပါတယ်။
သူမ နောက်ပြောင်လိုက်ပုံကတော့ ” နိုင်ငံမတူ..လူမျိုး မတူပေမဲ့…ဇီ့ နှလုံးသားကတော့…မင်းဆီမှာပါ…😁 အယ့်လယ့်…နောက်တာ…😜🤣😂” လို့ ဆိုပြီး ပုံလေးနဲ့အတူရေးသားခဲ့တဲ့ caption လေးပါ။နောက်ပြီး ပုံလေးအောက်မှာ ထပ်မံရေးသားခဲ့တာကတော့ ” ယောကျာ်းလေး ဆို သူ့လို နှုတ်ခမ်းမွှေးနဲ့ ပုံစံတွေကများ ပို Handsome ဖြစ်သလားလို့ ” လို့ ဆိုကာ ပရိသတ်တွေအသည်းယားအောင် ရေးသားခဲ့ပါသေးတယ် ။ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ် ။ ဆိုင်းဇီရဲ့ ပရိသတ်တွေအပေါ် စနောက်ပုံလေးက ချစ်စရာကောင်းတာကြောင့် ရေးသားဖော်ပြပေးလိုက်ချင်းဖြစ်ပါတယ်။Credit- May Phyo (mml);Source – Lဆိုင်းဇီ