Latest Posts

သူမကိုတွေ့ချင်လွန်းလို့ အချိန်ပေးပြီးစောင့်နေတဲ့ ပရိသတ်တွေကိုမြင်လိုက်ရလို့ ရင်တွေခုန်ပြီး အပျော်လွန်နေတဲ့ ဖြူဖြူထွေး ( ရုပ်သံ )




ရုပ်သံကြည့်ရန်

Credit-original
Unicode
ရိုးသားတဲ့အညာသူလေးရဲ့အောင်မြင်မှုကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ သူမရဲ့ဖြူစင်တဲ့အပြုအမူနဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေက ပိုပိုပြီးအချစ်တိုးလာခဲ့ပါတယ်။ Social Influencer ဆုကိုလည်းရရှိခဲ့ပြီး သူမရဲ့အောင်မြင်မှုတွေဟာ တစ်နေ့တခြားပိုပိုပြီးတိုးလာခဲ့ပါတယ်။ ကိုယ်ရတဲ့ အနုပညာကြေးလေးနဲ့ မိဘတွေကိုလည်း အမြဲသိတတ်ပြီး အလှူအတန်းလေးတွေလည်း မကြာခဏလုပ်တတ်ပါသေးတယ်။ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဆိုင်ဖွင့်ပွဲတစ်ခုကို သူမတက်ရောက်စဉ်က သူမနဲ့တွေ့ချင်လို့ဆိုပြီး ပရိသတ်တွေအများကြီးစောင့်နေတာကြောင့် ပရိသတ်တွေဆီ သူမကအရောက်သွားခဲ့ပြီး တလေးတစားနဲ့နှုတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ သူမကိုဒီလိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုမြင်ရလို့ သူမအတွက်တော့ အတော်လေးရင်ခုန်မိတယ်လို့လည်း ပြောထားပါသေးတယ်။ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အမှတ်တရဓာတ်ပုံတွေအတူရိုက်ပြီး စကားတွေအပြန်အလှန်ပြောကာ ရိုးသားတဲ့ သူမရဲ့ပုံစံလေးက အထင်းသားပေါ်လွင်နေပါတယ်။ချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေနဲ့ အမြဲတမ်းပရိသတ်တွေကိုရယ်မောအောင် ဟာသလေးတွေနဲ့ တင်ဆက်တတ်တဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ ဘယ်အချိန်ကြည့်ကြည့် သူမရဲ့ပင်ကိုယ်ဟန်လေးအတိုင်းပဲတည်ရှိနေပြီး ဟန်ဆောင်မှုတွေကင်းတဲ့ ချစ်ဖို့ကောင်းတဲ့ အညာသူလေးတစ်ယောက်ပါပဲ။ သူမရဲ့ပရိသတ်တွေကိုလည်း အရမ်းကိုအလေးထားတယ်ဆိုတာ ဒီ Video လေးနဲ့ သက်သေပြလိုက်တယ်နော်။ရုပ်သံကြည့်ရန်Credit-original