ဥရောပခရီးစဉ်မှာ ကလေးတွေမပါပဲ စိတ်လွတ်ကိုယ်လွတ် လျှောက်လည်နေတဲ့ အိန္ဒြာကျော်ဇင်
Unicode
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာပြေးလမ်းပေါ်မှာ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေ ရရှိနေသူ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို မြောက်များစွာ ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆု နှစ်ဆုတိတိ ရရှိပိုင်ဆိုင်ထားပါတယ်။
အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို မအားမလပ်လုပ်ကိုင်ရင်း မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ ဥရောပခရီးစဉ်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က ဒီတစ်ခေါက် နိုင်ငံခြားခရီးစဉ်မှာတော့ သားနဲ့သမီးမပါပဲ အစ်မဖြစ်သူနဲ့ နှစ်ယောက်တည်း သွားခဲ့တာ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က ဥရောပရဲ့ နာမည်ကြီး အထင်ကရနေရာတွေဖြစ်တဲ့ အီတလီ Florence မြို့က Leaning Tower of Pisa, ဂျာမနီMunich မြို့ရဲ့ Marienplaz Area စတဲ့ နေရာတွေကို လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က နိုင်ငံခြားခရီးစဉ်မှာ အလုပ်ကိစ္စလုပ်လိုက်၊ ရှော့ပင်ထွက်လိုက်၊ လျှောက်လည်လိုက်နဲ့ စိတ်လွတ်ကိုယ်လွတ် လျှောက်လည်ခဲ့တာ အရမ်းကို ပျော်စရာကောင်းမှာပဲနော်။အိန္ဒြာကျော်ဇင်ကတော့ နိုင်ငံခြားသူလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါး ပျော်ရွှင်နေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်ကုန်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-originl