Latest Posts

ကျပ်သိန်းပေါင်း ၉၅၀၀ လှူဒါန်းလိုက်တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး

မႏၲေလးၿမိဳ႕မွ အသက္ ၁၇ ႏွစ္အရြယ္လူငယ္တစ္ဦးက ၎ရရွိမည့္အေမြမ်ားထဲမွ ေငြက်ပ္သိန္းေပါင္း ၉၅ဝဝ ကို ျပင္ဦးလြင္ရွိဖားေအာက္ေတာရသို႔ လွဴဒါန္းလုိက္ေၾကာင္း သိရသည္။ ျပင္ဦးလြင္ၿမိဳ႕နယ္ ေက်ာက္ဖ်ာ ဒိုးေက်းရြာရွိ ဖားေအာက္ေတာရ ဗုဒၶတကၠသိုလ္တြင္ အသံုးျပဳရန္ ရန္ကုန္၊ လႈိင္ၿမိဳ႕နယ္ရွိ ေနအိမ္ႏွင့္ေျမအပါအဝင္ အက်ဳိးခံစားခြင့္ အားလံုးကာလတန္ဖိုး က်ပ္သိန္း ၉ဝဝဝ၊ မႏၲေလးျပည္ႀကီးတံခြန္ ပြဲ႐ံုတန္း အေဆာင္ ၂ အခန္း ၃၊ ၂ ထပ္တုိက္ ကာလတန္ဖိုး က်ပ္ သိန္း ၅ဝဝ ခန္႔တို႔ကိုအၿပီးအျပတ္ လွဴဒါန္းေပးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။လွဴဒါန္းခဲ့သူ မန္းၿမိဳ႕ေတာ္ ေပါက္စီလုပ္ငန္းပိုင္ရွင္၏ သား ေမာင္ဘုန္းရွင္က ”သံဃာေတာ္ေတြကို ဆက္လက္ေစာင့္ေရွာက္ခ်င္တယ္ ဖားေအာက္ေတာရ အဓြန္႔ရွည္ၿပီး သာသနာဆက္လက္ ျပန္႔ပြားေစခ်င္တဲ့ ရည္ရြယ္ခ်က္ပဲ ရွိတယ္”ဟု ေျပာသည္။ ထုိ႔အျပင္ ၎က ယေန႔လူငယ္မ်ားအေနျဖင့္ ေသာက္စား ေပ်ာ္ပါး ေနမႈမ်ားသည္ဟု ေျပာဆိုေနၾကမႈ မ်ားရွိေနၾကရာ ယခု အလွဴဒါနမွာ မွန္ကန္သည့္ဘက္ကို ရပ္တည္ျပ လိုက္ျခင္းျဖစ္သည္ဟု ဆက္ေျပာသည္။

မန္းၿမိဳ႕ေတာ္ေပါက္စီ ပိုင္ရွင္ ဦးေအာင္ျမင့္က အေမြဆက္ခံရမည့္ သားျဖစ္သူ၏သေဘာဆႏၵအရ ခြင့္ျပဳေပးလိုက္ျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။ ဦးျမင့္ေအာင္၏ လွဴဒါန္းမႈကို ဖားေအာက္ေတာရမွ ဆရာေတာ္ ကိုယ္တုိင္လက္ခံရယူၿပီး မန္းၿမိဳ႕ ေတာ္ေပါက္စီက ပေဒသာပင္စိုက္ ထူလွဴဒါန္းျခင္းျဖစ္သည္ဟု ေျပာ သည္။အဆုိပါ လွဴဒါန္းမႈျပဳခဲ့သည့္ ေမာင္ဘုန္းရွင္မွာ လက္ရွိတြင္ စင္ကာပူႏုိင္ငံ၌ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းအဆင့္ျမင့္ စီမံခန္႔ခြဲမႈဒီ ပလိုမာကို တက္ေရာက္ေနသူ ျဖစ္သည္။Credit-original
Unicode
မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း ၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ”သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ် ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်”ဟု ပြောသည်။ ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က အမွေဆက်ခံရမည့် သားဖြစ်သူ၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။Credit-original