ထိုင်းနိုင်ငံမှာ မြန်မာမိသားစုနှစ်စု ထီပထမဆု ဘတ်ငွေ (၆) သန်းဆု ပြိုင်တူပေါက်
ထိုင္းနိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ မွာ စက္တင္ဘာ ၁၆ (၂၀၁၉) ရက္ေန ့မွာ ထြက္ခဲ့တဲ့ ပထမဆု ဘတ္ေငြ (၆) သန္းဆု 340388 (၃၄၀၃၈၈) နံပါတ္ ကို တေနရာထဲ ထီဆိုင္တစ္ဆိုင္မွာ ျပိဳင္တူ၀ယ္မိခဲ့ၾကတဲ့ ျမန္မာနိုင္ငံသား အလုပ္သမား မိသားစု နွစ္စု ထီေပါက္ ေပါက္သြားခဲ့ေၾကာင္း သိရပါတယ္။
မဲေဟာင္ေဆာင္နဲ ့ ခ်င္းမိုင္ျမိဳ႕မွာ ေနထိုင္ေနၾကတဲ့ ျမန္မာမိသားစုဟာ ထီထြက္မယ့္ေန ့ မွာ ခ်င္းမိုင္ ျမိဳ ့က Pong Noi Temple ေပါင္နြိဳင္ဘုန္းေတာ္ၾကီးေက်ာင္းေရွ႕မွာ ျမန္မာနိုင္ငံကေနလာေရာက္အလုပ္လုပ္ကိုင္ေနတဲ့ မိသားစု နွစ္စုဟာ ပထမဆုေပါက္မယ့္ ထီလက္မွတ္ကို တိုက္တိုက္ဆိုင္ဆိုင္ အခ်ိန္သာျခားျပီး ျပိဳင္တူ ၀ယ္ခဲ့ၾကတာပါ။
နိုင္ဖြန္ အသက္ (၄၃ )ႏွစ္ ဟာ သူ ့မိသားစုနဲ႔အတူ ပုန္ႏြိဳင္ ရဲစခန္းမွာ ပထမဆုေပါက္ေၾကာင္း လာေရာက္ သတင္းေပးသြားခဲ့ျပီး ေနာက္သူေဌးေလာင္း ျမန္မာနိုင္ငံသားတစ္ဦးကေတာ့ နိုင္ခ်ိဳင္း အသက္ (၃၀) ျဖစ္ျပီး ေဆာက္လုပ္ေရးလုပ္သားျဖစ္ပါတယ္။
ယခုထိုင္းထီေပါက္ခဲ့တဲ့ ျမန္မာနိုင္ငံသား မိသားစု နွစ္စုဟာ တစ္ဦးနဲ ့တစ္ခု မသိခဲ့-မိတ္ေဆြမဟုတ္ၾကပါဘူး၊ ထီထြက္တဲ့ ေန ့မနက္ပိုင္းမွာ တေန ရာထဲ ႏွစ္ေစာင္တြဲသာက်န္ေနတဲ့ ေပါက္မယ့္ထီကို အခ်ိန္သာျခားျပီး ၀ယ္ခဲ့ၾကတဲ့ ျဖစ္ရပ္ဟာ ထူးဆန္းတဲ့ တိုက္ဆိုင္မွုျဖစ္ပါတယ္။
မိသားစုနွစ္စုလံုး ပထမဆု ဘတ္ေငြေျခာက္သန္း (ေငြလဲနဳန္း ထိုင္းေငြ( ၂၀၀၀ )ဘတ္ကို ျမန္မာေငြ တစ္သိန္းက်ပ္) ထုတ္ျပီးရင္ ျမန္မာနိုင္ငံျပန္ျပီး ကိုယ္ပိုင္စီးပြားေရး ျပန္လုပ္မယ္လို ့ ထိုုင္း- ျမန္မာနယ္စပ္ မဲေဆာက္အေျခစိုက္ ကေလးနဲ႔အမ်ိဳးသမီးကူညီေစာင့္ေရွာက္ေရးအဖြဲ႔မွ သိရပါတယ္။Credit-original
Unicode
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် မှာ စက်တင်ဘာ ၁၆ (၂၀၁၉) ရက်နေ့မှာ ထွက်ခဲ့တဲ့ ပထမဆု ဘတ်ငွေ (၆) သန်းဆု 340388 (၃၄၀၃၈၈) နံပါတ် ကို တနေရာထဲ ထီဆိုင်တစ်ဆိုင်မှာ ပြိုင်တူဝယ်မိခဲ့ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား မိသားစု နှစ်စု ထီပေါက် ပေါက်သွားခဲ့ကြောင်း သိရပါတယ်။မဲဟောင်ဆောင်နဲ့ ချင်းမိုင်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာမိသားစုဟာ ထီထွက်မယ့်နေ့ မှာ ချင်းမိုင် မြို့က Pong Noi Temple ပေါင်နွိုင်ဘုန်းတော်ကြီးကျောင်းရှေ့မှာ မြန်မာနိုင်ငံကနေလာရောက်အလုပ်လုပ်ကိုင်နေတဲ့ မိသားစု နှစ်စုဟာ ပထမဆုပေါက်မယ့် ထီလက်မှတ်ကို တိုက်တိုက်ဆိုင်ဆိုင် အချိန်သာခြားပြီး ပြိုင်တူ ဝယ်ခဲ့ကြတာပါ။နိုင်ဖွန် အသက် (၄၃ )နှစ် ဟာ သူ့မိသားစုနဲ့အတူ ပုန်နွိုင် ရဲစခန်းမှာ ပထမဆုပေါက်ကြောင်း လာရောက် သတင်းပေးသွားခဲ့ပြီး နောက်သူဌေးလောင်း မြန်မာနိုင်ငံသားတစ်ဦးကတော့ နိုင်ချိုင်း အသက် (၃၀) ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားဖြစ်ပါတယ်။ယခုထိုင်းထီပေါက်ခဲ့တဲ့ မြန်မာနိုင်ငံသား မိသားစု နှစ်စုဟာ တစ်ဦးနဲ့တစ်ခု မသိခဲ့-မိတ်ဆွေမဟုတ်ကြပါဘူး၊ ထီထွက်တဲ့ နေ့မနက်ပိုင်းမှာ တနေ ရာထဲ နှစ်စောင်တွဲသာကျန်နေတဲ့ ပေါက်မယ့်ထီကို အချိန်သာခြားပြီး ဝယ်ခဲ့ကြတဲ့ ဖြစ်ရပ်ဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုဖြစ်ပါတယ်။မိသားစုနှစ်စုလုံး ပထမဆု ဘတ်ငွေခြောက်သန်း (ငွေလဲနုန်း ထိုင်းငွေ( ၂၀၀၀ )ဘတ်ကို မြန်မာငွေ တစ်သိန်းကျပ်) ထုတ်ပြီးရင် မြန်မာနိုင်ငံပြန်ပြီး ကိုယ်ပိုင်စီးပွားရေး ပြန်လုပ်မယ်လို့ ထိုင်း- မြန်မာနယ်စပ် မဲဆောက်အခြေစိုက် ကလေးနဲ့အမျိုးသမီးကူညီစောင့်ရှောက်ရေးအဖွဲ့မှ သိရပါတယ်။Credit-original


