ရန်ကုန် – ဒလ အိပ်မက်တံတားကြီး တည်ဆောက်မှုစပြီ
ေဟာ- အခုေတာ့ျဖင့္ မက္ခဲ့ရေသာ အိပ္မက္တို့က အျပင္တြင္ ထင္ထင္ ရွားရွား ျမင္ေတြ႕လာရၿပီျဖစ္သည္။ ဒလဘက္အျခမ္းတြင္ စီမံကိန္းလုပ္ငန္းမ်ား စတင္ေနၿပီျဖစ္သည္။ ဒလၿမိဳ့နယ္ ကမာကဆစ္ရပ္ကြက္သူ ေဒၚႀကီးတင့္က ”သူတို့အဂၤလိပ္လိုေျပာတဲ့ ဘိုးပိုင္ဆိုလား ခ်တဲ့ေန႔က အဲဒီေနရာကို မေရာက္ေရာက္ေအာင္ သြားၾကည့္တယ္။ မွတ္မွတ္ရရ ဇြန္ ၂၈ ရက္ကေလ” ဟု ျပန္ေျပာျပခဲ့သည္။
တည္ေဆာက္သူတို့က ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး(ဒလတံတား)ဟု အမည္ ေပးထားၾကသည္။ ဒလၿမိဳ့နယ္သူ ၿမိဳ့နယ္သားတို့ကေတာ့ ”အိပ္မက္တံတားႀကီး”ဟု အမႊမ္းတင္ဆိုၾကသည္။ တံတားႀကီးကို ဒလၿမိဳ့နယ္ ကမာကဆစ္ရပ္ကြက္ ဗိုလ္မင္းေရာင္လမ္းမႀကီးမွသည္ ရန္ကုန္ျမစ္ကို ျဖတ္ေက်ာ္၍ လမ္းမေတာ္ၿမိဳ့နယ္ ဘုန္းႀကီးလမ္းတစ္ေလၽွာက္ တည္ေဆာက္သြားမည္ျဖစ္သည္။
ဒလဘက္ျခမ္းတြင္ ျမတ္နိုးသူကုမၸဏီက တာဝန္ယူတည္ေဆာက္မည္ျဖစ္ၿပီး လမ္းမေတာ္ဘက္အျခမ္းတြင္ ေရႊေတာင္ကုမၸဏီက တာဝန္ယူတည္ေဆာက္ၾကမည္ ျဖစ္သည္။ မစခင္ကသာ ဟိုဘက္နည္းနည္းတိုးပါဦး၊ ဒီဘက္နည္းနည္းခ်ဲ႕ပါဦးဟု အတင္း အေလၽွာ့မ်ားျဖင့္ အခ်ိန္ေတြၾကာခဲ့ရၿပီး လုပ္ငန္းစတင္ေတာ့လည္း အင္တိုက္အားတိုက္ ျဖင့္ အေကာင္အထည္ေဖာ္ေနမွုကို ျမင္ေတြ႕လာရသည္။
ယခုအခါ ဒလဘက္အျခမ္း တံတားအေျခ အဆင္းပိုင္း၌Abutment Bored Pile A1- ဘိုးပိုင္P-1 ႏွင့္ P-2 ပိုင္တိုင္မ်ား ေဆာင္ရြက္ၿပီး ေနၿပီဟုသိရသည္။ ဆက္လက္၍ P-3 ကို တူးေဖာ္ ေနၿပီျဖစ္ၿပီး ေအာက္တိုဘာလကုန္ပိုင္းတြင္ စီမံ ကိန္းၿခံစည္းရိုး ကာရံထားသည့္ P-5 ဘိုးပိုင္အထိ ၿပီးစီးနိုင္ရန္ ခန႔္မွန္းထားသည္ဟု တည္ေဆာက္ေရး မွ တာဝန္ရွိသူတစ္ဦး၏ ေျပာျပမွုအရ သိရသည္။တံတားအေျခအဆင္း ခ်ဥ္းကပ္ခုံ ဘိုးပိုင္ A1 အပါအဝင္ ပိုင္တိုင္ ၁၅ တိုင္အထိ တည္ေဆာက္ သြားရမည္ဟု သိရသည္။
ေမတၱာရပ္ခံထား မေတ္တာရပ်ခံထား ဒလတံတား စီမံကိန္းနယ္ေျမအတြင္း စက္ယႏၲရားႀကီးမ်ားျဖင့္ ေန႔စဥ္အသုံးျပဳေဆာင္ရြက္ ေနၾကသည့္အတြက္ အနီးပတ္ဝန္းက်င္၌ ဆူညံသံ မ်ားရွိပါက သည္းခံေပးၾကပါရန္ႏွင့္ သြားလာမွု အခက္အခဲမ်ားရွိပါကလည္း ခြင့္လႊတ္နားလည္ ေပးၾကပါရန္ ေမတၱာရပ္ခံထားေၾကာင္း သိရ သည္။
ထို့အျပင္ တည္ေဆာက္ေရးပစၥည္းမ်ား သယ္ယူရျခင္းေၾကာင့္ မိုးရာသီ၌ လမ္းမ်ားပ်က္စီး မွုရွိသည့္အတြက္ ေဒသခံရဟန္းရွင္လူ ျပည္သူမ်ား ႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ား သြားလာမွု အခက္အခဲမရွိေစရန္ ဗိုလ္မင္းေရာင္လမ္းမႀကီး ဝဲယာတစ္ေလၽွာက္ ၁၂ ေပအက်ယ္ လူသြားရန္ ကြန္ကရစ္လမ္းမ်ား ခင္းထားေပးသည္ကို ေတြ႕ရ သည္။
လမ္းမေတာ္ဘက္ လမ္းမေတာ္ဘက္အျခမ္းတြင္ ကမ္းနားလမ္း ႏွင့္ မဟာဗႏၶဳလလမ္းအပိုင္း၊ မဟာဗႏၶဳလလမ္းႏွင့္ အေနာ္ရထာလမ္းအပိုင္း၊ အေနာ္ရထာလမ္းအပိုင္း ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းအပိုင္းဟူ၍ ဘုန္းႀကီးလမ္းတစ္ေလၽွာက္ အပိုင္းသုံးပိုင္းျဖင့္ တည္ေဆာက္သြားမည္ဟု သိရသည္။ယခုအခါ မဟာဗႏၶဳလလမ္းႏွင့္ အေနာ္ရထာ လမ္းအၾကား ဘုန္းႀကီးလမ္း(အလယ္ဘေလာက္) တြင္ စက္ယႏၲရားႀကီးမ်ားျဖင့္ စီမံကိန္းစတင္ေနၿပီ ျဖစ္သည္။ ေမာ္ေတာ္ယာဥ္မ်ား သြားလာနိုင္ရန္ အတြက္ လမ္းတစ္ဖက္တစ္ခ်က္စီတြင္ ယာဥ္သြား လမ္း ခ်န္ထားၿပီး အလယ္ေၾကာ၌ စီမံကိန္းဧရိယာ အျဖစ္ ကာရံထားၿပီးျဖစ္သည္ကို ေတြ႕လာရသည္။ လုပ္ငန္းခြင္မွ လုပ္သားႀကီးတစ္ဦးက ”လုပ္ငန္း ေတြ စတင္ေနပါၿပီ။ ေရွ႕ နိုဝင္ဘာလေလာက္ ဆိုရင္ေတာ့ ဘိုးတိုင္စိုက္တဲ့ လုပ္ငန္းေတြ စတင္ နိုင္ေတာ့မွာပါ”ဟု ေမးျမန္းမွုကို ျပန္လည္ေျဖၾကား ေပးခဲ့သည္။
အရာရွိ အင္ဂ်င္နီယာတစ္ဦးက ”ကမ္းနား မွာေတာ့ တူးေနပါၿပီ။ တံတားဆင္ေျခေလၽွာေပါ့”ဟု ဆိုခဲ့သည္။ သံေခ်ာင္းတန္ခ်ိန္ ၁၅၀၀ တံတားတည္ေဆာက္ရာတြင္ အရည္အေသြး ျပည့္မီေစေရးအတြက္ အသုံးျပဳမည့္ သံေခ်ာင္း သံထည္မ်ားကိုပင္ ကိုရီးယားနိုင္ငံမွ တိုက္ရိုက္ ဝယ္ယူတင္သြင္းသည္ဟု သိရသည္။ ပထမအသုတ္ အျဖစ္ သံေခ်ာင္းတန္ခ်ိန္ ၁၅၀၀ မွာ ဇြန္လအတြင္း က ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ တံတား)ႀကီးကို ကိုရီးယားသမၼတနိုင္ငံ စီးပြားေရး ဖြံ့ၿဖိဳးမွုပူးေပါင္းေဆာင္ရြက္ေရး ရန္ပုံေငြမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁၃၇ ဒသမ ၈၃၃ သန္းႏွင့္ ျမန္မာအစိုးရမွ ထည့္ဝင္ေငြအေမရိကန္ေဒၚလာ ၃၀ ဒသမ ၃၄၁ သန္းတို့ျဖင့္ အေကာင္ အထည္ေဖာ္ တည္ေဆာက္ေနျခင္းျဖစ္သည္။
သေဘၤာႀကီးမ်ား ျဖတ္သန္းသြားနိုင္မည္ ပင္မတံတားအရွည္မွာ ၆၉၀ မီတာျဖစ္ၿပီး ဒလဘက္ခ်ဥ္းကပ္တံတားအရွည္မွာ ၆၀၁ မီတာ ႏွင့္ ရန္ကုန္ဘက္ကမ္း ခ်ဥ္းကပ္တံတားအရွည္မွာ ၆၃၀ မီတာ၊ ေရလမ္းကင္းလြတ္အျမင့္မွာ ၄၉ မီတာ၊ ေရလမ္းကင္းလြတ္အက်ယ္မွာ ၃၇၀ မီတာ ရွိမည္ျဖစ္ၿပီး တန္ခ်ိန္ ၁၅၀၀၀ ရွိ သေဘၤာႀကီးမ်ား ျဖတ္သန္းသြားနိုင္မည္ျဖစ္ၿပီး တည္ေဆာက္ေရး ကာလမွာ သုံးႏွစ္ခြဲခန႔္ ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ တံတား)ႀကီး တည္ေဆာက္ၿပီးသြားပါက ရန္ကုန္ တိုင္းေဒသႀကီး အေနာက္ဘက္ျခမ္းရွိ ဒလ၊ တြံေတး၊ ေကာ့မွူး၊ ကြမ္းၿခံကုန္းၿမိဳ့နယ္မ်ားရွိ ေဒသခံျပည္သူမ်ား၏ လူမွုစီးပြားမွအစ က်န္းမာ ေရး စေသာ အရာခပ္သိမ္း ပိုမိုတိုးတက္လာနိုင္ ေတာ့မည္မွာ မုခ်ပင္ျဖစ္ပါသည္။ ထို့အျပင္ ရန္ကုန္ အေရွ႕ဘက္ျခမ္းမွ ကုန္စည္ မ်ား၊ ရန္ကုန္ အေနာက္ဘက္ျခမ္းမွ ကုန္စည္မ်ား သယ္ယူပို့ေဆာင္မွုမွာ အခ်ိန္တိုအတြင္း ေရာက္ရွိ နိုင္မည္ျဖစ္သည္။
ဒလၿမိဳ့သစ္စီမံကိန္းအတြက္ ေရွ႕ေျပးလမ္း ထို့ေၾကာင့္ ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလတံတား) ေပၚထြန္းလာျခင္းသည္ ဒလၿမိဳ့သစ္ စီမံကိန္းအတြက္ ေရွ႕ေျပးလမ္းတစ္ခုဟု ဆိုရမည္ သာ ျဖစ္ေပသည္။Credit-Swelsone
Unicode
လွန်ခဲ့သော နှစ်များစွာကတည်းက မျှော်လင့်ခဲ့ရသော ရန်ကုန် – ဒလ မြစ်ကူး တံတားကြီး….။ ဒလမြို့နယ်သူ မြို့နယ်သားတို့အနေဖြင့် အိပ်မက်အခါခါ မက်ခဲ့ရဖူးသော မြစ်ကူး တံတားကြီး။ အသံတွေ ကျယ်လာလိုက်၊ တဖြည်းဖြည်းတိုးသွားလိုက်၊ နောက်… ပျောက်သွား လိုက်ဖြင့် အကြိမ်ကြိမ်အခါခါ အိပ်မက်မှ နိုးထခဲ့ရဖူးပေါင်းလည်း များခဲ့ပြီ။
ဟော- အခုတော့ဖြင့် မက်ခဲ့ရသော အိပ်မက်တို့က အပြင်တွင် ထင်ထင် ရှားရှား မြင်တွေ့လာရပြီဖြစ်သည်။ ဒလဘက်အခြမ်းတွင် စီမံကိန်းလုပ်ငန်းများ စတင်နေပြီဖြစ်သည်။ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်သူ ဒေါ်ကြီးတင့်က ”သူတို့အင်္ဂလိပ်လိုပြောတဲ့ ဘိုးပိုင်ဆိုလား ချတဲ့နေ့က အဲဒီနေရာကို မရောက်ရောက်အောင် သွားကြည့်တယ်။ မှတ်မှတ်ရရ ဇွန် ၂၈ ရက်ကလေ” ဟု ပြန်ပြောပြခဲ့သည်။တည်ဆောက်သူတို့က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလတံတား)ဟု အမည် ပေးထားကြသည်။ ဒလမြို့နယ်သူ မြို့နယ်သားတို့ကတော့ ”အိပ်မက်တံတားကြီး”ဟု အမွှမ်းတင်ဆိုကြသည်။ တံတားကြီးကို ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးမှသည် ရန်ကုန်မြစ်ကို ဖြတ်ကျော်၍ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းတစ်လျှောက် တည်ဆောက်သွားမည်ဖြစ်သည်။
ဒလဘက်ခြမ်းတွင် မြတ်နိုးသူကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး လမ်းမတော်ဘက်အခြမ်းတွင် ရွှေတောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ကြမည် ဖြစ်သည်။ မစခင်ကသာ ဟိုဘက်နည်းနည်းတိုးပါဦး၊ ဒီဘက်နည်းနည်းချဲ့ပါဦးဟု အတင်း အလျှော့များဖြင့် အချိန်တွေကြာခဲ့ရပြီး လုပ်ငန်းစတင်တော့လည်း အင်တိုက်အားတိုက် ဖြင့် အကောင်အထည်ဖော်နေမှုကို မြင်တွေ့လာရသည်
ယခုအခါ ဒလဘက်အခြမ်း တံတားအခြေ အဆင်းပိုင်း၌Abutment Bored Pile A1- ဘိုးပိုင်P-1 နှင့် P-2 ပိုင်တိုင်များ ဆောင်ရွက်ပြီး နေပြီဟုသိရသည်။ ဆက်လက်၍ P-3 ကို တူးဖော် နေပြီဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် စီမံ ကိန်းခြံစည်းရိုး ကာရံထားသည့် P-5 ဘိုးပိုင်အထိ ပြီးစီးနိုင်ရန် ခန့်မှန်းထားသည်ဟု တည်ဆောက်ရေး မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြမှုအရ သိရသည်။တံတားအခြေအဆင်း ချဉ်းကပ်ခုံ ဘိုးပိုင် A1 အပါအဝင် ပိုင်တိုင် ၁၅ တိုင်အထိ တည်ဆောက် သွားရမည်ဟု သိရသည်။
မေတ္တာရပ်ခံထား မတေ်တာရပျခံထား ဒလတံတား စီမံကိန်းနယ်မြေအတွင်း စက်ယန္တရားကြီးများဖြင့် နေ့စဉ်အသုံးပြုဆောင်ရွက် နေကြသည့်အတွက် အနီးပတ်ဝန်းကျင်၌ ဆူညံသံ များရှိပါက သည်းခံပေးကြပါရန်နှင့် သွားလာမှု အခက်အခဲများရှိပါကလည်း ခွင့်လွှတ်နားလည် ပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရ သည်။ထို့အပြင် တည်ဆောက်ရေးပစ္စည်းများ သယ်ယူရခြင်းကြောင့် မိုးရာသီ၌ လမ်းများပျက်စီး မှုရှိသည့်အတွက် ဒေသခံရဟန်းရှင်လူ ပြည်သူများ နှင့် ကျောင်းသား ကျောင်းသူများ သွားလာမှု အခက်အခဲမရှိစေရန် ဗိုလ်မင်းရောင်လမ်းမကြီး ဝဲယာတစ်လျှောက် ၁၂ ပေအကျယ် လူသွားရန် ကွန်ကရစ်လမ်းများ ခင်းထားပေးသည်ကို တွေ့ရ သည်။
လမ်းမတော်ဘက် လမ်းမတော်ဘက်အခြမ်းတွင် ကမ်းနားလမ်း နှင့် မဟာဗန္ဓုလလမ်းအပိုင်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအပိုင်း၊ အနော်ရထာလမ်းအပိုင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းအပိုင်းဟူ၍ ဘုန်းကြီးလမ်းတစ်လျှောက် အပိုင်းသုံးပိုင်းဖြင့် တည်ဆောက်သွားမည်ဟု သိရသည်။ယခုအခါ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းအကြား ဘုန်းကြီးလမ်း(အလယ်ဘလောက်) တွင် စက်ယန္တရားကြီးများဖြင့် စီမံကိန်းစတင်နေပြီ ဖြစ်သည်။ မော်တော်ယာဉ်များ သွားလာနိုင်ရန် အတွက် လမ်းတစ်ဖက်တစ်ချက်စီတွင် ယာဉ်သွား လမ်း ချန်ထားပြီး အလယ်ကြော၌ စီမံကိန်းဧရိယာ အဖြစ် ကာရံထားပြီးဖြစ်သည်ကို တွေ့လာရသည်။ လုပ်ငန်းခွင်မှ လုပ်သားကြီးတစ်ဦးက ”လုပ်ငန်း တွေ စတင်နေပါပြီ။ ရှေ့ နိုဝင်ဘာလလောက် ဆိုရင်တော့ ဘိုးတိုင်စိုက်တဲ့ လုပ်ငန်းတွေ စတင် နိုင်တော့မှာပါ”ဟု မေးမြန်းမှုကို ပြန်လည်ဖြေကြား ပေးခဲ့သည်။
အရာရှိ အင်ဂျင်နီယာတစ်ဦးက ”ကမ်းနား မှာတော့ တူးနေပါပြီ။ တံတားဆင်ခြေလျှောပေါ့”ဟု ဆိုခဲ့သည်။ သံချောင်းတန်ချိန် ၁၅၀၀ တံတားတည်ဆောက်ရာတွင် အရည်အသွေး ပြည့်မီစေရေးအတွက် အသုံးပြုမည့် သံချောင်း သံထည်များကိုပင် ကိုရီးယားနိုင်ငံမှ တိုက်ရိုက် ဝယ်ယူတင်သွင်းသည်ဟု သိရသည်။ ပထမအသုတ် အဖြစ် သံချောင်းတန်ချိန် ၁၅၀၀ မှာ ဇွန်လအတွင်း က ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ တံတား)ကြီးကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရမှ ထည့်ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းတို့ဖြင့် အကောင် အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။
သင်္ဘောကြီးများ ဖြတ်သန်းသွားနိုင်မည် ပင်မတံတားအရှည်မှာ ၆၉၀ မီတာဖြစ်ပြီး ဒလဘက်ချဉ်းကပ်တံတားအရှည်မှာ ၆၀၁ မီတာ နှင့် ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၆၃၀ မီတာ၊ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၉ မီတာ၊ ရေလမ်းကင်းလွတ်အကျယ်မှာ ၃၇၀ မီတာ ရှိမည်ဖြစ်ပြီး တန်ချိန် ၁၅၀၀၀ ရှိ သင်္ဘောကြီးများ ဖြတ်သန်းသွားနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး ကာလမှာ သုံးနှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ တံတား)ကြီး တည်ဆောက်ပြီးသွားပါက ရန်ကုန် တိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားမှအစ ကျန်းမာ ရေး စသော အရာခပ်သိမ်း ပိုမိုတိုးတက်လာနိုင် တော့မည်မှာ မုချပင်ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန် အရှေ့ဘက်ခြမ်းမှ ကုန်စည် များ၊ ရန်ကုန် အနောက်ဘက်ခြမ်းမှ ကုန်စည်များ သယ်ယူပို့ဆောင်မှုမှာ အချိန်တိုအတွင်း ရောက်ရှိ နိုင်မည်ဖြစ်သည်။
ဒလမြို့သစ်စီမံကိန်းအတွက် ရှေ့ပြေးလမ်း ထို့ကြောင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) ပေါ်ထွန်းလာခြင်းသည် ဒလမြို့သစ် စီမံကိန်းအတွက် ရှေ့ပြေးလမ်းတစ်ခုဟု ဆိုရမည် သာ ဖြစ်ပေသည်။Credit-Swelsone




