Latest Posts

” သဲကန္တာရ ထဲမှာ အိမ်သာရှာခဲ့ရတဲ့ ချမ်းမြေ့ မောင်ချို “


ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ Myanmar Idol Season 3 ရဲ႕ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ၿပီးေတာ့ First Runner-up ဆုရွင္ေလးလည္းျဖစ္ပါတယ္။ အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ပရိသတ္ေတြအျပင္ ဒိုင္ေတြရဲ႕အားေပးမႈကိုပါ ရရွိခဲ့သူေလးလို႔ ဆိုရမွာပါ။ ခ်စ္စရာေကာင္းတဲ့ ဟန္ပန္ေလးေတြေၾကာင့္ ပရိသတ္ေတြက ေမာင္ခ်ိဳလို႔ခ်စ္စႏိုးနဲ႔ေခၚဆိုၾကတာပဲ ျဖစ္ပါတယ္။ ဘယ္လိုေနေန ခ်စ္ေပးတဲ့ပရိသတ္အခိုင္အမာရရွိထားတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳေလးဟာ သူမပရိသတ္ေတြအေပၚမွာလည္း ရင္းရင္းႏွီးႏွီးနဲ႔ ပရိသတ္ေတြကို တန္ဖိုးထားတတ္သူေလးပဲ ျဖစ္ပါတယ္။

သူမရဲ႕တစ္ဦးတည္းေသာအစ္ကိုျဖစ္တဲ့သူရကလည္းMRTV 4 က က်င္းပတဲ့Forever star သ႐ုပ္ေဆာင္ၿပိဳင္ပြဲကေန Winner ဆုရရွိထားသူပဲ ျဖစ္ၿပီး ေမာင္ႏွမ ႏွစ္ေယာက္လုံးက အႏုပညာဘက္မွာ ထူးခြၽန္ၾကတာျဖစ္ၿပီးေတာ့ လိမၼာေရးၾကားရွိတဲ့သူေတြပဲ ျဖစ္တဲ့အျပင္ ေမာင္ႏွမ ႏွစ္ေယာက္ေပါင္းကာ အလွဴအတန္းေလးေတြလည္း ျပဳလုပ္တတ္တာပဲ ျဖစ္ပါတယ္။ ေစတနာသဒၶါတရားမြန္ျမတ္ၿပီး လိုအပ္တဲ့သူေတြကိုအကူအညီေပးတတ္တာေတြေၾကာငိ့လည္းေမာင္ခ်ိဳကို ပရိသတ္ေတြက ခ်စ္ခင္အားေပးဝန္းရံရတဲ့အခ်က္တစ္ခ်က္လို႔ဆိုႏိုင္ပါတယ္။

အႏုပညာအလုပ္ေတြဆက္တိုက္လုပ္လာၿပီး ပြဲေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သီဆိုေဖ်ာ္ေျဖကာ ေအာင္ျမင္မႈရရွိေနတဲ့
အဆိုေတာ္တစ္ဦးပဲ လို ႔ဆိုရမွာပါ။ အဆိုဘက္တြင္သာမက ပရိသတ္ေတြကို ဂစ္တာကိုယ္တိုင္တီးကာ သီခ်င္းဆိုျပေလ့ရွိသူလည္းျဖစ္ပါတယ္။ လက္ရွိမွာလည္း မိသားစုနဲ့အတူတူ ျပည္ပကို အပန္းေျဖခရီးထြက္ေနတာပဲ ျဖစ္ၿပီး ေမာင္ခ်ိဳကေတာ့ ပရိသတ္ေတြကို ပြဲက်ေစမယ့္ ဗီဒီယိုေလးတစ္ခုကို တင္ခဲ့တာ ပဲ ျဖစ္ပါတယ္။အေၾကာင္းကေတာ့ သဲကႏၱာရ ထဲေရာက္ေနတုန္း အိမ္သာတက္ခ်င္တာေၾကာင့္ အေျပးအလႊား အိမ္သာကို ရွာေနတဲ့ ဗီဒီယိုဖိုင္ေလး ျဖစ္ၿပီး သူမရဲ႕ပရိသတ္ေတြနဲ႕ အနုပညာရွင္ေတြကလည္း ေမာင္ခ်ိဳ ကို မွတ္ခ်က္ေတြမ်ားစြာဝင္ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္ပရိသတ္ႀကီးလည္း ေမာင္ခ်ိုရဲ႕ သဲကႏၱာရ ထဲမွာ အိမ္သာ႐ွာေနတဲ့ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး သေဘာက်ရင္မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : ChanMyae Maung Cho,Credit-CELE GABAR

UNICODE
” သဲကန္တာရ ထဲမှာ အိမ်သာရှာခဲ့ရတဲ့ ချမ်းမြေ့ မောင်ချို “
ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season 3 ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီးတော့ First Runner-up ဆုရှင်လေးလည်းဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပြင် ဒိုင်တွေရဲ့အားပေးမှုကိုပါ ရရှိခဲ့သူလေးလို့ ဆိုရမှာပါ။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက မောင်ချိုလို့ချစ်စနိုးနဲ့ခေါ်ဆိုကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုနေနေ ချစ်ပေးတဲ့ပရိသတ်အခိုင်အမာရရှိထားတဲ့ ချမ်းမြေ့မောင်ချိုလေးဟာ သူမပရိသတ်တွေအပေါ်မှာလည်း ရင်းရင်းနှီးနှီးနဲ့ ပရိသတ်တွေကို တန်ဖိုးထားတတ်သူလေးပဲ ဖြစ်ပါတယ်။
သူမရဲ့တစ်ဦးတည်းသောအစ်ကိုဖြစ်တဲ့သူရကလည်းMRTV 4 က ကျင်းပတဲ့Forever star သရုပ်ဆောင်ပြိုင်ပွဲကနေ Winner ဆုရရှိထားသူပဲ ဖြစ်ပြီး မောင်နှမ နှစ်ယောက်လုံးက အနုပညာဘက်မှာ ထူးချွန်ကြတာဖြစ်ပြီးတော့ လိမ္မာရေးကြားရှိတဲ့သူတွေပဲ ဖြစ်တဲ့အပြင် မောင်နှမ နှစ်ယောက်ပေါင်းကာ အလှူအတန်းလေးတွေလည်း ပြုလုပ်တတ်တာပဲ ဖြစ်ပါတယ်။ စေတနာသဒ္ဓါတရားမွန်မြတ်ပြီး လိုအပ်တဲ့သူတွေကိုအကူအညီပေးတတ်တာတွေကြောငိ့လည်းမောင်ချိုကို ပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံရတဲ့အချက်တစ်ချက်လို့ဆိုနိုင်ပါတယ်။
အနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီး ပွဲတော်တော်များများမှာ ပါဝင်သီဆိုဖျော်ဖြေကာ အောင်မြင်မှုရရှိနေတဲ့အဆိုတော်တစ်ဦးပဲ လို့ဆိုရမှာပါ။ အဆိုဘက်တွင်သာမက ပရိသတ်တွေကို ဂစ်တာကိုယ်တိုင်တီးကာ သီချင်းဆိုပြလေ့ရှိသူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မိသားစုနဲ့အတူတူ ပြည်ပကို အပန်းဖြေခရီးထွက်နေတာပဲ ဖြစ်ပြီး မောင်ချိုကတော့ ပရိသတ်တွေကို ပွဲကျစေမယ့် ဗီဒီယိုလေးတစ်ခုကို တင်ခဲ့တာ ပဲ ဖြစ်ပါတယ်။အကြောင်းကတော့ သဲကန္တာရ ထဲရောက်နေတုန်း အိမ်သာတက်ချင်တာကြောင့် အပြေးအလွှား အိမ်သာကို ရှာနေတဲ့ ဗီဒီယိုဖိုင်လေး ဖြစ်ပြီး သူမရဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း မောင်ချို ကို မှတ်ချက်တွေများစွာဝင်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်ပရိသတ်ကြီးလည်း မောင်ချိုရဲ့ သဲကန္တာရ ထဲမှာ အိမ်သာရှာနေတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။Source : ChanMyae Maung Cho,Credit-CELE GABAR