Latest Posts







UNICODE

တီတီစိုးမြတ်နန္ဒာတို့နဲ့ Video Call ပြောကာ ပျော်ရွှင်နေတဲ့ Liam လေး
ပရိသတ်တွေရဲ့အချစ်တော် ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ ကြွေလောက်စရာအပြုံးလေးတွေက ချစ်ရတဲ့ပရိသတ်တွေရဲ့ ရင်ထဲကို တိုးဝင်စေခဲ့သလို အချစ်တွေလဲ ပိုမို ပေါက်ဖွားလာစေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုတဲ့ အလှလေးတွေကြောင့် ပုရိသတွေအတွက် စွဲမက်စရာ ကောင်မလေး တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလဲမမှားပါဘူး။

ယခုချိန်မှာတော့ ချစ်စရာသားလေးရဲ့ မေမေ တစ်ဦးဖြစ်လာပြီ ဖြစ်ပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်နေပါပြီ။ ယွန်းဝတီလွင်မိုးဟာ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ခင်ပွန်းဖြစ်သူနဲ့အတူ တည်ဆောက်ထားရာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ သားလေးနဲ့အနီးကပ်မနေရပင်မယ့်လည်း အမြဲတမ်း Video Call ခေါ်ကာ အလွမ်းသည်နေရတာပါ။

သားလေးဟာ ရန်ကုန်မှာ အဖိုး၊အဖွားတွေရဲ့ဂရုတစိုက်ပြုစုစောင့်ရှောက်မှုတွေနဲ့ အေးချမ်းစွာရှိနေတာပါ။ Liam လေးကိုတော့ ဖွားဖွားရဲ့သူငယ်ချင်းတွေကလည်း အသည်းတုန်အောင်ချစ်နေရတာပါ။ အခုတစ်ခေါက်မှာလည်း ဖွားဖွားရဲ့သူငယ်ချင်းတွေဖြစ်တဲ့ တီတီရတနာနဲ့တီတီ စိုးမြတ်နန္ဒာတို့နဲ့ Video Call ခေါ်ကာပျော်ပျော်ပါးပါးစကားပြောနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် Liam လေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Photo – May Thu,Credit-original