ကျစ်ဆံမြီးလေးကျစ်ကာ ချစ်စရာအမူအရာလေးနဲ့ ဓာတ်ဖမ်းခဲ့တဲ့ နန်းစန္ဒာလှထွန်း
Mrtv-4 မင်းသမီးတစ်ဦးဖြစ်တဲ့ နန်းစန္ဒာလှထွန်းဟာ ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး စိတ်ထားဖြူစင်သူလေးတစ်ယောက်ဖြစ်ပါတယ်…။ နန်းစန္ဒာလှထွန်းဟာ မြန်မာအင်္ကျီင်္လေးတွေကို ဝတ်ဆင်လျက်ရှိပြီး ရိုးယဉ်စွာချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်…။ နန်းစန္ဒာလှထွန်းက တိုင်းရင်းသူပီပီပွင့်လင်းရိုးသားသူတစ်ယောက်ပါ…။
နန်းစန္ဒာလှထွန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shootingတွေရိုက်ကူးလျက်ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်းလက်ခံရိုက်ကူးပေးလျက်ရှိတာဖြစ်ပါတယ်…။ နန်းစန္ဒာလှထွန်းရဲ့ အခုလက်ရှိပြသနေတဲ့ “ငွေစက္ကူ ၇ ရွက်” ဇာတ်ကားကို အားလုံးပဲကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်..။
နန်းစန္ဒာလှထွန်းက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။
အခုတစ်ခါမှာဆိုရင်လည်း “စိတ်အကြည်ဓာတ်လေး ရနေလို့လားမသိဘူး … အရာရာတိုင်းက ချစ်ဖို့ကောင်းနေတယ် … ခုကြည့်နေတဲ့သူတွေက ပိုပြီးချစ်ဖို့ကောင်းနေတယ်” ဆိုတဲ့ stauts လေးနဲ့အတူ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်…။
Source Nan Sandar Hla Htun
Credit \\ original