Latest Posts

မိနစ်ပိုင်းအတွင်းမှာတင် လူကြိုက်များသွားခဲ့တဲ့ ရွှေမှုံရတီရဲ့ “ချစ်တယ်” သီချင်းသစ်


ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ ရွှေမှုံရတီရဲ့ ဒုတိယမြောက်သီချင်းဖြစ်တဲ့ “ချစ်တယ်” ဆိုတဲ့ သီချင်းလေးက MV နဲ့တကွ ထွက်ရှိလို့လာပါတယ်။ ထိုသီချင်းလေးက ချစ်စရာကောင်းပြီး MV လေးကလည်း ချစ်ခင်ပွန်းရွှေထူးနဲ့အတူတူ သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေ သဘောကျနေကြတာ ဖြစ်ပါတယ်။


ထိုသီချင်းလေးကို ရွှေထူးက ရေးပေးထားပြီး ရွှေမှုံရတီ တစ်ယောက်တည်း သီဆိုထားတဲ့ Solo Song လေးပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ “ချစ်တယ်” ဆိုတဲ့ သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ချစ်တယ် – ရွှေမှုံရတီ
https://youtu.be/sqhw2w4H960ေ

ရွှမှုံရတီကတော့ သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးချွန်သလို သီချင်းဆိုလည်း အထူးကောင်းမွန်သူလေးဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ “ချစ်တယ်” ဆိုတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်မယ် ထင်ပါတယ်နော်။

RowenaSource: Shwe Hmone Yati’s fb

Credit  \\  original