ကြော်ငြာရိုက်ကွင်းတစ်ခုမှာ အတူတူ သရုပ်ဆောင်နေကြတဲ့ နက္ခတ်နဲ့ ခြူးလေး
“ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲမှာကတည်းက ပူသိုင်နဲ့ ချစ်နွေဆိုပြီး ပရိသတ်တွေ အားပေးခဲ့ကြရတဲ့ မင်းသားချော နက္ခတ်နဲ့ မင်းသမီးချောလေး ခြူးလေးကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ နက္ခတ်နဲ့ ခြူးလေးတို့က ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် သရုပ်ဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးချစ်တဲ့ နက္ခတ်နဲ့ ခြူးလေးတို့က ကြော်ငြာတစ်ခုကို အတူတူ ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ခြူးလေးနဲ့ နက္ခတ်တို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
နက္ခတ်နဲ့ ခြူးလေးတို့က “ချစ်ရပါသောနွေ” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့ပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေလျက်ရှိပါတယ်။
နက္ခတ်က လက်ရှိမှာတော့ နန်းစန္ဒာလှထွန်းနဲ့ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေသလို ခြူးလေးကလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပါတယ်။
နက္ခတ်နဲ့ ခြူးလေးကတော့ အတွဲညီညီနဲ့ ကြော်ငြာရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Credit -original