Latest Posts

တခြား We Love တွေရဲ့ စည်းလုံးမှုကို အားကျနေတဲ့ ရတနာမိုင်


သီချင်းတွေ သီဆိုတဲ့နေရာမှာ အများနဲ့ မတူ တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

သူမက အသံချိုချိုနဲ့ အချစ်သီချင်းလေးတွေ ဆိုတက်သလို ချစ်စရာကောင်းတဲ့ ကကွက်လေးတွေနဲ့ လဲ ပရိသတ်တွေကို ဖျော်ဖြေလေ့ရှိပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေ များစွာရှိပေမယ့် သူမရဲ့ We Love တွေကတော့ ခဏခဏ ရန်ဖြစ်ကြတယ် ဆိုတဲ့ အကြောင်းကိုလဲ ပြောပြလာကာ ရန်မဖြစ်ကြပါနဲ့လို့လဲ တောင်းဆိုခဲ့ပါတယ်။



ရတနာမိုင် က သူ့ရဲ့ We Love တွေကို တောင်းဆိုလိုက်တာကတော့ ” we love အချင်းချင်းရန်မဖြစ်ကြပါနဲ့ လို့ပြောချင်တယ်။ Chat Group တွေထဲမှာ ရန်ဖြစ်ကြတယ် ။ သူအကြောင်းကိုယ့်အကြောင်းပြောရင်းဖြစ်ကြတယ်ထင်ပါတယ် အများစုကတော့ ကိုယ့်အတွက်ကြောင့်နဲ့ ဖြစ်ကြတာများတယ် ။ကိုယ့်ကို ဘယ်လိုလေး လုပ်ပေးရင်ကောင်းမလဲ ဆိုပြီး ပြောနေကြရင်း ဖြစ်ကြတာ ”

” အသေးအမွှားလေးတွေကအစ ရန်ဖြစ်ကြတော့ တစ်ချို့ We love တွေကကြတော့ စည်းလုံးရတယ်ပေါ့နော် အဲ့လိုလေးတွေးမိတယ် ရန်မဖြစ်ကြပါနဲ့စည်းစည်းလုံးလုံး လေး နေကြပါ လို့လဲ ပြောချင်ပါတယ် ” လို့ ဆိုပြီး သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

မိုင်လေးရဲ့ပရိသတ်တွေလဲ သူမဖြစ်စေချင်သလို ရန်မဖြစ်ဘဲ နေပေးကြနော် ။ We Love တွေ သိစေဖို့ ဒီအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးသူတွေကိုလဲ မိုမိုလေးမှကျေးဇူးအထူးတင်ရှိပါတယ်။May Phyo(MML)\Credit -original