Latest Posts

ကလေးတွေကို ခေါင်းပုံဖြတ်တယ်ဆိုတဲ့ အပေါ်ဖြေရှင်းလိုက်တဲ့ လှနုထွန်း


အွန်လိုင်းမှာ ရေပန်းစားပြန့်နှံနေတဲ့ ယောကျာ်းကို ပျော်အောင်ထားဖို့ အိမ်ရှင်မ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသားပြီးတော့ နာမည်ကြီးနေတဲ့ လှနုထွန်းကိုတော့ တော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။

လှနုထွန်းကတော့ ဒီအကြောင်းအရာကြောင့် လူပိုသိလာပြီး သူ့ရဲ့အလုပ်ကတော့ မယ် လေးတွေကို မွေးထုတ်ပေးနေပြီး နိုင်ငံတကာနဲ့ ဆက်ဆံနေတာလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ သူရေးထားတဲ့ စာတွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပြီး ဖြေရှင်းထားတာတွေလည်းရှိပါတယ်။

ဒါပေမယ့်လည်း သူ့အနေနဲ့ အမြဲတမ်း ကောင်းနေတာ မဟုတ်ပဲ အားနည်းချက်တွေများစွာ ရှိတယ်လို့လည်း ပြောကြားသွား ခဲ့ပါတယ်။


လှနုထွန်းကတော့ MyanmarLoad Tv နဲ့ အင်တာဗျူးမှာတော့ “လှနုအနေနဲ့ အားနည်းချက်တွေ အများကြီး ရှိကြတယ်။ ဒါပေမယ့် ဒီအားနည်းချက်တွေကို ကျော်လွှားဖို့အတွက် ကိုယ့်မှာ တခြားသော အားသာချက်လေးတွေကို ရှာရပါတယ်။

ဥပမာ လှနုသည် အမျိုးသမီးတိုင်းလုပ်တတ်တဲ့ ဟင်းချက်အိမ်ထောင်စီမံတဲ့ ကိစ္စဆို ကျွမ်းကျွမ်းကျင်ကျင် မရှိဘူး။ မြန်မာထမင်းဟင်းတွေကို ရှယ်မလုပ်တတ်ဘူး။ ဒါပေမယ့်လှနုက နိုင်ငံတကာနဲ့ လုပ်တဲ့အချိန် မယ်တွေနဲ့ လုပ်တာမို့ ဒီ မယ် လေးတွေကို အမှတ်ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။

ကိုယ့်မြန်မာက ဘာလိုနေလည်း ကိုယ့်မြန်မာမလေးတွေကို ထပ်ထည့်လိုက်ရင် နိုင်ငံတကာမှာ တန်းတူဖြစ်သွားမလဲပေါ့။ ဒါလေးတွေကို မြင်တတ်တာတော့ ရှိပါတယ်။ တယောက်နဲ့ တယောက် အားနည်းချက် အားသာချက်လေးတွေကတော့ မတူပါဘူး”


“ပြီးတော့ ပွဲအကြီးကြီးတွေက သူဌေးတွေ စပွန်ဆာကောင်းတဲ့ သူတွေပဲ လုပ်တာဖြစ်တာကြောင့် လှနုအနေနဲ့ကလည်း စပွန်ဆာနဲ့ ပတ်သက်ပြီး မလုပ်တတ်တာတွေ ရှိတယ်။

အဓိကကတော့ သူတို့ကို Train ပေးတာပေါ့။ ဖိုင်နယ်ပွဲတွေကိုလည်း သေးသေးလေး ပေါ့ပေါ့ပါးပါးပဲ ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြီးပြီးရောတော့ မဟုတ်ပါဘူး”



“တော်တော်များများကတော့ ပြောတယ်။ လှနုဒါတွေလုပ်လို့ အရမ်းချမ်းသာနေပြီလား။ ကလေးတွေကို ခေါင်းပုံဖြတ်လို့ဝပြီလား။ ကလေးတွေက လာကူနေပြီဆိုရင် ကျွန်ခံလို့ဝပြီလား။ ကျွန်ခံတာလား ကျွန်ခံတာလား ပြောကြတော့။

ကလေးတွေက ရှက်ကြတယ်ပေါ့။ လှနုဆီလာပြီး ကူဖို့ကို။ လှနုပြောချင်တာက ဘယ်လောက်ချမ်းသာချမ်းသာ ဘယ်လောက်ဆင်းရဲဆင်းရဲ တနေ့ကို ၃ နပ်ထက်ပိုပြီးတော့ စားလို့မရဘူး။

ဆင်းရဲတာ ချမ်းသာတာ ကိစ္စမရှိဘူး။ စားလို့ရပြီ ဆေးဖိုးဝါးခရှိနေရင် ကျေနပ်ပါပြီ။ ဒီကလေးတွေ တနေရာရာမှာ အလုပ်လုပ်နေရပြီဆိုတာက လှနုတို့ရတဲ့ ဂုဏ်ပါ” ဆိုပြီးတော့ ပြောကြားသွားခဲ့ပါတယ်။credit -original