အရမ်းကြိုက်တဲ့ အဆိုတော်မလေးကို ပွဲသွားငှါးတာ ချက်ချင်း အငြင်းခံလိုက်ရတဲ့ ယုန်လေး
အဆိုတော်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကို ရရှိထားတဲ့ ယုန်လေးကတော့ အခုဆိုရင် သရုပ်ဆောင်အလုပ်သာမကပဲ ဒါရိုက်တာတစ်ဦးအနေနဲ့ပါ ဇာတ်ကားတွေရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယုန်လေးက သူအရမ်းကြိုက်တဲ့ အဆိုတော်မလေးကို ပွဲအတွက်သွားငှါးတာ ချက်ချင်းအငြင်းခံလိုက်ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ယုန်လေးသဘောကျလို့ ပွဲငှါးချင်နေတဲ့ အဆိုတော်မလေးကတော့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဆူဇီဖြစ်ပြီး သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ စစနောက်နောက်နဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကြိုက်တဲ့ အဆိုတော်မလေးတစ်ယောက်ကို ပွဲငှါးတာ ချက်ချင်းအငြင်းခံလိုက်ရတဲ့ ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ယုန်လေးကတော့ “ဒီ အဆိုတော်လေးကို လူရော အသံရောကြိုက်လို့ပွဲဆိုဖို့ ဖုန်းဆက်တယ် ၁ပွဲထဲလည်းမဟုတ်ဘူး ၄ပွဲ နင်နဲ့ ဆိုတစ်ပွဲ မှ မဆိုနိုင်ဘူး ဂွပ်တဲ့ .တော်တော်ရိုင်းတယ် . တွေ့မှ ဖတ်နမ်းပစ်ဦးမယ် 🤣ရုပ်ကြည့်တော့ ယုန်သွားနဲ့ Copy Right နဲ့တိုင်လိုက်ဦးမယ် 🤣🤣🤣” ဆိုပြီး အရမ်းကြိုက်တဲ့ အဆိုတော်မလေးကို ပွဲသွားငှါးတာ အငြင်းခံလိုက်ရတဲ့အကြောင်း ဟာသလေးနှောပြီးတော့ ပြောပြထားတာပါ။
အဆိုတော်၊ သရုပ်ဆောင်တဖြစ်လဲ ဒါရိုက်တာ ယုန်လေးကတော့ လတ်တလောမှာ “Mafia City ” ဆိုတဲ့ ရုပ်ရှင်အသစ်ကို ရိုက်ကူးနေတာပါ။ တလောက ပြသခဲ့တဲ့ ယုန်လေးကိုယ်တိုင် သရုပ်ဆောင်ပြီး ဒါရိုက်တာလုပ်ထားတဲ့ “သတိအန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုတွေများစွာ ရရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ ယုန်လေးနဲ့ ဆူဇီတို့ အနုပညာမောင်နှမနှစ်ယောက်ကို ချစ်ရင် share သွားလိုက်ကြပါဦးနော်။
Myint Myat
Source:Yone Lay’s Facebook
Credit \\ original