မန္တလေးရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အလှူရှင်တစ်ဦးမှ ဖိနပ်ကြီးဆပ်ကပ်လှူဒါန်း
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှာ တည်ရှိတဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာ မြန်မာနိုင်ငံရဲ့ တန်ခိုးကြီးဘုရားတစ်ဆုလည်းစြဖ်သည်။ ရခိုင်ဘုရားကြီး၊ ဘုရားကြီးဟု သိထားကြတဲ့ မဟာမုနိရုပ်ရှင်တော်ကြီးရဲ့ ဘွဲ့အမည်မှာ မဟာမုနိဖြစ်သည်
မြန်မာ၊ ဗုဒ္ဓဘာသာလူမျိုးတွေဟာ အလှူအတန်းမှာသဒ္ဒါရက်ရောလွန်းတယ်ဆိုပြီး ဂုဏ်ပုဒ်တစ်ခုနဲ့လည်း ကျော်ကြားပြန်ပါတယ်။ ဘုရားစေတီပုထိုးများ တည်ထားကိုးကွယ်ကြပြီးတော့ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းတွေဟာလည်း ဘာသာတရားအပေါ် အလေးထားတဲ့နေရာမှာ ပေါ်လွင်လှပါတယ်။
ယနေ့ လူမှုကွန်ယက်ပေါ်မှာ ထူးထူးဆန်းဆန်း လှူဒါန်းမှုတစ်ခုကလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ မန္တလေးမြို့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖိနပ်ဆပ်ကပ်လှူဒါန်းခြင်းပဲဖြစ်ပါတယ်။
မဟာမုနိရုပ်ရှင်တော် ဘုရားကြီးအား ဆက်ကပ်လှူဒါန်းသော ဖိနပ်ကြီး အလှူရှင် မိသားစုတို့သည် သက် ရှည် ကျမ္မာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ လို့ ဆရာတော်တစ်ပါးက ဖိနပ်ကြီးအလှူရှင်တွေကို ဆုတောင်းမေတ္တာပို့သထားတာကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံ-Facebook
Credit \\ original