ငွေစက္ကူ၇ရွက် ဇာတ်လမ်းတွဲမှ ပရိသတ်တွေစိတ်ဝင်စားခြင်းခံနေရတဲ့ ဝေနှင်းဖြူ (မြနှင်းရည်လွင်)
ချောမောလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့သူလေးပါ ။ မော်ဒယ်လ် တစ်ဦးဖြစ်သလို သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများစွာလည်းရှိပါတယ်။ လက်ရှိ MRTV 4 ဇာတ်လမ်းတွဲ ဖြစ်တဲ့ ငွေစက္ကူ ၇ရွက် ဇာတ်လမ်းတွဲလေးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေး ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် မြဝတ်ရည်လွင် ရဲ့ ငွေစက္ကူ ၇ရွက်ဇာတ်လမ်းတွဲမှ “ဝေနှင်းဖြူ” ကာရိုက်တာ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြနှင်းရည်လွင် က ငွေစက္ကူ ၇ရွက်ဇာတ်လမ်းတွဲမှ “ဝေနှင်းဖြူ”အဖြစ်ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ ရိုးသားဖြူစင်လွန်းလှတဲ့ ဝေနှင်းဖြူ က မိသားစုစီးပွားရေး မပြေလည်တာကြောင့် KTV မှာ အလုပ်လုပ်ရင်း အန္တရာတွေကြုံတွေ့ခဲ့စဉ်မှာပဲ ဦးမင်းခန့် နဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ရင်းနှီးခဲ့ရာမှာ ဦးမင်းခန့်နဲ့ ချစ်ကြိုးသွယ်ခဲ့ကြတာပါ။မြနှင်းရည် ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ငွေစက္ကူ၇ရွက် ဇာတ်လမ်းတွဲလေးက ဇာတ်ရှိန်တက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဦးမင်းခန့်ရဲ့ ဇနီးငယ်အဖြစ်လည်း ပီပြင်အောင်သရုပ်ဆောင်ကောင်းတဲ့ သူမက ဦးမင်းခန့်ရဲ့ သားသမီးများနှိက်စက်ခြင်းများစွာကို ခံရင်း ဝေနှင်းဖြူ ကာရိုက်တာကို အပီအပြင်သရုပ်ဆောင်ခဲ့ပါတယ်။
ချစ်ရတဲ့ ခင်ပွန်းရဲ့ သနားဂရုနာသက်မှုတွေကြောင့် အငယ်အနှောင်းဘဝနဲ့ နေရတဲ့ မြဝတ်ရည်တစ်ယောက် ခင်ပွန်းဆီကငွေကြေးကို မက်မောတာမဟုတ်ပဲ အချစ်စစ်ကိုသာရချင်တယ်လို့ ပြောတဲ့အခါမှာ ဦးမင်းခန့်တစ်ယောက် ဝေနှင်းဖြူ ကို သူ့ရဲ့ အချစ်တွေပုံအောပေးတဲ့ အပြင် သူပိုင်ဆိုင်သမျှ စည်စိမ်ဥစ္စာများကို ဝေနှင်းဖြူကို ပေးအပ်ရတဲ့အထိ ပါပဲ ။
ဝေနှင်းဖြူဘဝကနေ ၊ KTV မယ်၊ ဦးရဲ့ အတွင်းရေးမှု၊ ဦးရဲ့ ချစ်ရတဲ့ ကလေး (ဇနီးငယ်) ဇာတ်ဝင်ခန်းများကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရင်ထဲမှာ ဝေနှင်းဖြူ ဆိုတဲ့ နာမည်လေး ရှိနေတာပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဝေနှင်းဖြူတစ်ယောက် ဦးမင်းခန့်ရဲ့ ဇနီး သူဌေးကတော် ဇာတ်ရုပ်နဲ့ ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ ကြုံတွေ့မလဲ ဘယ်လိုမျိုးတွေ ပီပြင်အောင် သရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
ပရိသတ်ကြီးကလည်း မြနှင်းရည်လွင် ရဲ့ ဝေနှင်းဖြူ အဖြစ်သရုပ်ဆောင်ချက်တွေကို စောင့်မျှော်အားပေးကြဖို့မမေ့နဲ့နော်။MoekalaySource;MRT4\Credit -original