Latest Posts

မလတ်တောင်မြေပြိုမှုကြောင့် ပြိုကျခဲ့သည့် အိမ်များကို အသစ်ပြန်ဆောက်ပေးမည်

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်မြေပြိုမှုကြောင့် ပြိုကျထိခိုက်မိသည့် အိမ်များကို ပြည်နယ်အစိုးရက အသစ်ပြန် ဆောက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

သြဂုတ် ၉ ရက်က မလတ် တောင်မြေပြိုမှုကြောင့် ယမန်နေ့ အထိ သေဆုံးသည့် ရုပ်အလောင်း ၆၀ ကျော် တွေ့ရှိထားသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ် ၁၃ ရက်တွင် မွန်ပြည်နယ်အစိုးရအ ဖွဲ့က သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့ရာ ဝန်ကြီးချုပ်က အထက် ပါအတိုင်း ပြောကြားသည်။
‘‘ပြည်နယ်အစိုးရအနေနဲ့ ပြိုသွားတဲ့အိမ်တွေကို အသစ်ပြန် ဆောက်ပေးမယ်။ ဘယ်မှာ ဆောက်ပေးမယ်ဆိုတာ နေရာရှာနေတယ်။ စားကျက်မြေကို တွေ့ထားတယ်။ အဲဒီနေရာမှာ မြေလွတ်တစ်ခုတွေ့ထားတယ်။

သူ တို့ အဲဒီနေရာမှာ နေချင်လား၊ အဲဒီနားမှာ ဆောက်ပေးမယ်။ မနေချင်ရင် ဟိုနေရာမှာ နေချင်လည်း လာဆောက်ပေးမယ်။ တစ်ပြည်နယ်လုံးအတွက်လည်း လုပ်နေတယ်’’ ဟု ဒေါက်တာအေးဇံက ပြောသည်။

မလတ်တောင် မြေပြိုမှု ကြောင့် နေအိမ် ၂၇ လုံး ထိခိုက် ပျက်စီးခဲ့ပြီး သေဆုံးသူရုပ်အ လောင်း ၆၅ လောင်းတွေ့ရှိထား ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ် ဖွဲ့က သြဂုတ် ၁၃ ရက်ညနေပိုင်း တွင် ထုတ်ပြန်သည်။မြေပြိုသည့်နေရာတွင် ရှာ ဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေရာ ၁၂ ဘီးကားများအပါအ၀င် ယာဉ် ၁၀ စီး၊ ထော်လာဂျီနှစ်စီး၊သုံးဘီးဆိုင်ကယ်နှစ်စီး၊

ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ တွေ့ရှိထားသဖြင့် ကျေးရွာအုပ်ချုပ်ရေး မှူးထံ အပ်နှံထားကာ ယာဉ်ပိုင်ရှင် များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြည်နယ်အစိုးရ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ရှာဖွေကယ်ဆယ်ရေးများ ကို စိတ်ချရသည့် အချိန်ထိ ပြုလုပ်မည်ဖြစ်ပြီး မြေပြိုသည့် နေရာနှင့် အနီးဝန်းကျင်နေရာများကို ပြည်နယ်အဆင့် အန္တရာယ်ဇုန်အဖြစ် ကြေညာရန် မရှိသေးကြောင်း ဒေါက်တာအေးဇံက ဆိုသည်။
တောင်တူးမှုကို ခွင့်ပြုထားခြင်းမရှိ

ပေါင်မြို့နယ်အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်သည် သြဂုတ် ၉ ရက်တွင် ၁၄ ဒသမ ၁၇ လက်မနှင့် သြဂုတ် ၁၀ ရက်တွင် ၁၆ ဒသမ ၀၂ လက်မအထိ ဖြစ်ပေါ်ခဲ့သဖြင့် ရက်တိုအတွင်း ရွာသွန်းသည့်

မိုးရေချိန်သည် များပြားကြောင်း၊ ပြိုကျခဲ့သည့်တောင် သည် ကျောက်ရောမြေဖြစ်ေ သာ ကြောင့် မိုးရွာသွန်းမှုများပါက ယခုကဲ့သို့ ပြိုကျနိုင်ကြောင်း ၀န်ကြီး ချုပ်က ပြောသည်။

ထို့ပြင် ပြည်နယ်အစိုးရအ နေဖြင့် တောင်တူးမှုကို ခွင့်ပြုထား ခြင်းမရှိကြောင်း ၎င်းက ပြော သည်။‘‘တောင်တူးတာကို အခု မပြောနဲ့ အရင်ကလည်း ခွင့်မပြုဘူး။

ကျောက်မိုင်းတော်တော်များ များကို အသစ်ထပ်မပေးလုပ်ဘူး။ အခုကတည်းက မဟုတ်ဘူး။ ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန် ယူကတည်းက လုံးဝကို ခွင့်မပြု ခဲ့တာ။ အဟောင်းတွေ တော် တော်များများကိုလည်း ကျွန်တော် တို့ ပိတ်ထားတယ်’’ ဟု ၀န်ကြီးချုပ် က ပြောသည်။

တောင်ပြိုမှုဖြစ်စဉ် သင်ခန်းစာနှင့် ကြိုတင်ကာကွယ်မှု

တောင်ပြိုမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရတင်မက ပြည်သူလူထုပါ သင်ခန်းစာယူနိုင်ကြောင်း ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါက်တာအေးဇံက ပြောသည်။

‘‘အထူးသဖြင့် လေ့ကျင့်မှု၊ အသိပညာရယူမှု၊ ပိုပြီးကောင်း မွန်တဲ့ ရေစီးရေလာကောင်းဖို့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ရမယ်’’ ဟု ၎င်းက ပြောသည်။

ထို့ပြင် တောင်ပြိုမှုဖြစ်စဉ်ကို လာရောက်စစ်ဆေးရန် နေပြည် တော်မှ ပညာရှင်အဖွဲ့ နှစ်ရက်အ တွင်း လာရောက်မည်ဟု ၀န်ကြီး ချုပ်က ပြောသည်။‘‘ကျွန်တော်တို့ လိုချင်တာ နည်းပညာပဲ။ ကျန်တာ ဘာမှ မလိုချင်ဘူး။ နေပြည်တော်က လာမှပဲ သိမယ်။ နေလို့ မသင့်ဘူး၊

သင့်တယ်ဆိုတဲ့ဟာ လောလောဆယ်ပြောဖို့ စောလွန်းတဲ့အချိန် ဖြစ်တယ်။ လေ့လာမှုကလည်း တစ်ရက်၊ နှစ်ရက်နဲ့ ပြီးမယ့်ကိစ္စ လည်း မဟုတ်ဘူး’’ ဟု ဝန်ကြီးချုပ် က ပြောသည်။မလတ်တောင် မြေပြိုမှု ကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း တစ်ထောင်အထက် ရှိနိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန် ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။Credit-7 Day Daily