ဓမ္မတာစွန်းထင်းနေတဲ့ ဘောင်းဘီကို ဟော်တယ်က ရေနွေးအိုးထဲ ထည့်ပြုတ်တဲ့အမျိုးသမီး
ယူနီကုဒ်ဖြင့်ဖတ်ရန်-
မြန်မာစကားပုံလေး ရှိပါတယ်။ ဒူးနေရာဒူး၊ တော်နေရာတော်။ ခွေးနေရာခွေး၊ မြင်းနေရာမြင်း။ စသဖြင့်ပေါ့။ ဒီစကားပုံတွေဟာ အခြေအနေနဲ့ အချိန်အခါကို သင့်တင်အောင်၊ ဒါမှမဟုတ် တလွဲတွေ ဆောင်ရွက်နေတဲ့သူတွေကို သတိပေးလိုရင်း ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတွေကတော့ ထဘီတို့ သူတို့အတွင်းရေးနဲ့ဆိုင်တဲ့ အဝတ်အစားတွေကို သီးခြားရေဆိပ်၊ သီးခြား ရေခွက်တွေနဲ့ လျှော်ဖွပ်လေ့ရှိကြတဲ့ ဓလေ့ထုံးတမ်း ရှိပါတယ်။ ဒါက အလွန်ချီးမွှမ်းရမယ့် ကိစ္စပါ။ အခု အမျိုးသမီးကတော့ သူမရဲ့ ဓမ္မတာစွန်းထင်းနေတဲ့ အဝတ်အစားတွေကို-
ဟိုတယ်မှာ ရေနွေးတည်တဲ့ ကရားအိုးထဲကို ထည့်ပြုတ်ပြီး လျှော်ဖွပ်ခဲ့ကြောင်း လူမှုကွန်ရက်မှာ ဂုဏ်ယူစွာ မျှဝေခဲ့ပါတယ်။ သူမကို မိန်းမချင်းကတောင် ဝေဖန်ခဲ့ကြပြီး၊ အမျိုးသားတွေကလည်း ဆဲဆိုခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြသည်အထိပါ။ သူမကတော့ သူမရဲ့ လုပ်ရပ် မှန်တယ်လို့ ခံယူပါသတဲ့။
ဒီလို လုပ်ခြင်းအားဖြင့် သူမက ပိုပြီးကျန်းမာလာတယ်လို့ ပြောပါတယ်။ သူမအမည်ကိုတော့ ဖော်ပြထားခြင်း မရှိဘဲ၊ DailyMail အဆိုအရတော့ အဲဒီအမျိုးသမီးဟာ သြစတေးလျ ဒါမှမဟုတ် နယူဇီးလန်က ဟော်တယ်တစ်ခုခုမှာ တည်းခိုခဲ့ပုံရတယ်လို့ ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၉)ရက်မှာ ဖြစ်ခဲ့တာပါ။ သူမကတော့ အတွင်းခံ မဝယ်ခဲ့ရလို့ ရှိနေတဲ့ တစ်ထည်ကိုပဲ အခုလို အလွယ်လျှော်ပြီး ဝတ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဝေဖန်မှုတွေကတော့ များပြားနေဆဲဖြစ်ပြီး၊ တစ်ချို့ကလည်း ဒီအမျိုးသမီး ဘယ်သူဘယ်ဝါဆိုတာ သိလိုနေကြပါတယ်။Credit-original