Latest Posts

မြန်မာဆန်ဆန်လေးဝတ်ပြီး ပုဂံမြို့မှာ လျှောက်လည်နေတဲ့ သင်ဇာဝင့်ကျော်


အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ပုဂံမြို့မှာ ကြော်ငြာရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ပုဂံကိုရောက်ခိုက် သင်ဇာဝင့်ကျော်က မြန်မာဆန်ဆန်လေး ဝတ်ပြီး အလှကြီးလှနေတာကို တွေ့ရပါတယ်။


သင်ဇာဝင့်ကျော်က ခြေတစ်လှမ်း ကုဋေတစ်သန်းနဲ့ ကြွကြွရွရွလေး လမ်းလျှောက်နေတဲ့ ဟန်လေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ပုဂံမှာ လျှောက်လည်နေတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်က အခုလို မြန်မာဝတ်စုံလေးနဲ့လည်း တော်တော်လေး လှနေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

RowenaSource: Thinzar Wint Kyaw’s fb