မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် နှင်းဆီအဖွဲ့မှ ရံပုံငွေထောက်ပံ့မယ့်ပွဲပြုလုပ်မည်

နှင်းဆီ အဖွဲ့ဝင်တွေကတော့ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး နဲ့ မင်းသမီးတွေကတော့ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင် နှင့် မိုးယုစံတို့က က မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက်ရံပုံငွေထောက်ပံ့မယ့်ပွဲ့ပြုလုပ်မယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် သတင်းအစုံအလင်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
နှင်းဆီအငြိမ့်အဖွဲ့ ရဲ့ ခေါင်းဆောင် ဒါရိုက်တာကြီး မောင်မျိုးမင်း(ရင်တွင်းဖြစ်)က မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် နှင်းဆီအဖွဲ့မှ ရံပုံငွေထောက်ပံ့မယ့်ပွဲပြုလုပ်သွားမှာ ဖြစ်တယ်လို့ ခုလိုပြောထားပါတယ်။
” မိုးတွေကြီးလို့ ရေလျံ၊မြေပြို၊ကမ်းပြို၊ဒုက္ခရောက်နေတဲ့ကျနော်တို့မွန်ပြည်နယ်က ညီအစ်ကိုမောင်နှမတွေအတွက်ရာမညနှင်းဆီ ,ဆိုတဲ့နာမည်လေးနဲ့ရံပုံငွေထောက်ပံ့မယ့် ပွဲကလေးတစ်ပွဲကရင်ကောင်းမယ်လို့ စဉ်းစားရင်း…..တိုင်ပင်နေကြပါပြီ။အခုတော့မွန်ပြည်နယ်တခုထဲမဟုတ်တော့တဲ့အတွက် ‘မိုးထဲ၊ရေထဲ၊ဝေမြဲ နှင်းဆီ ‘,လို့ပြောင်းထားပါတယ်။” ဆိုပြီးပြောထားပါတယ်။
ဒါရိုက်တာကြီး မောင်မျိုးမင်း(ရင်တွင်းဖြစ်)က မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် နှင်းဆီအဖွဲ့မှ ရံပုံငွေထောက်ပံ့မယ့်ပွဲပြုလုပ်သွားမှာ ဖြစ်ပြီး အဖွဲ့နာမည်ကို မိုးထဲ၊ရေထဲ၊ဝေမြဲ နှင်းဆီ လို့နာမည်ပေးထားကြောင်းပြောထားပါတယ်။
မိုးထဲ၊ရေထဲ၊ဝေမြဲ နှင်းဆီ ဆိုတဲ့ နာမည်နဲ့ နှင်းဆီအငြိမ့်ကသွားမည်ဖြစ်တဲ့အကြောင်း ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။MoekalaySource;maung myo min\Credit original