ရေဘေးအတွက် စုထားတာထုတ်လှူ, ရှိတာလေး ရောင်းလှူတဲ့ ကိုရင်လေးများ
သံဃာတော်များရဲ့ စေတနာ၊ကရုဏာ၊မေတ္တာတွေဟာဒကာ/မတို့အတွက် အမြဲအသင့်ရှိနေတတ်တယ်။ရေဘေးဒဏ်သင့်ဒကာ/မတွေကိုထောက်ပန့်လှူဒါန်းချင်လို့ ကိုရင်ငယ် စာသင်သားတွေ စုထား သိမ်းထားတဲ့
နဝကမ္မအနုတ်လေးတွေကို ထုတ်နေတာပါ။တချို့ကတော့ကျောင်းပိတ်ရက်ရွာပြန်ရင် ဝတ်မယ်ဆိုတဲ့အတွေးနဲ့ သေတ္တာထဲသေခြာသိမ်းထားတဲ့ သင်္ကန်းလေးကိုတောင် ခဝါသည်ဆီ ဈေးနှိမ်ခံပြီးရောင်းလှူတယ်။
ကိုရင်တပါးဆိုရင် သူမှာထောက်ပံ့လှူစရာ ဝတ္ထုလည်းမရှိ ရောင်းစရာသင်္ကန်းလည်းမရှိတော့ ရှိတဲ့ဆပ်ပြာတွေ ဆပ်ပြာမှုန့်တွေကို ကျောင်းရှေ့က ဈေးဆိုင်မှာ သွားရောင်းပြီး လာလှူတယ်။
ဒါကို ဘေးကမြင်တဲ့ဒကာမက ကိုရင်လုပ်ပြီး သူများလှူထားတဲ့ဆပ်ပြာတွေကို ရောင်းစားတယ် အတော်လောဘကြီးတဲ့ကိုရင်ဆိုပြီး လာတိုင်(လျှောက်)လို့ ကိုရင်ကိုခေါ်မေးစစ်တော့ “ခုနက ရေဘေးလှူဖို့တပည့်တော် ထည့်တဲ့ ၁၂၀၀ က ဆပ်ပြာရောင်းလို့ရတဲ့ ပိုက်ဆံပါဘုရားတဲ့ ” လာတိုင်(လျှောက်) တဲ့ ဒကာမတော့မသိဘူး ကိုယ်တော့ စိတ်ထဲ ကြည်နူးသလို ဝမ်းနည်းသလိုနဲ့ လှိုက်ကနည်းဖြစ်သွားတယ်။
အခုနောက်ပိုင်း ရှုဒေါင့်ပေါင်းစုံကနေ သံဃာကိုအပြစ်မြင် စော်ကားနေသူတွေလည်း ကံကြီးမထိုက်ခင် သံဃာတော်တို့ရဲ့စေတနာကို အမှန်အတိုင်းမြင်စေချင်ပါတယ်လေ။သံဃံ သရဏံ ဂစ္ဆာမိပါ ဘုရား…………။“ဓမ္မဝီရ ဒေါက်တာတေဇနိယ”\Credit -original