နားလေးနေတဲ့ အဖွားဖြစ်သူ ဒေါ်ခင်လေးဆွေကို ၇၆ သိန်းတန် နားကြပ်ဝယ်ပေးလိုက်တဲ့ စမိုင်းလ်
ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့် ပရိသတ် တွေရဲ့အချစ် ကို ရရှိထားတဲ့ စမိုင်းလ် ကတော့ လတ်တလောမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စမိုင်းလ်က ချစ်ရတဲ့ အဖွားဖြစ်သူ ဒေါ်ခင်လေးဆွေကို နားမကြားရသူတွေတပ်တဲ့ ၇၆ သိန်း တန် နားကြပ်လေး ဝယ်ပေးရင်း Live လွှင့်ထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပျော်စရာကောင်းလှတဲ့ စမိုင်းလ်တို့ မြေးအဖွားနှစ်ယောက်ရဲ့ Live ဗီဒီယိုကတော့ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်နော်။ချစ်ပရိသတ်တွေအတွက် နားလေးနေတဲ့ အဖွားဖြစ်သူ ဒေါ်ခင်လေးဆွေကို ၇၆ သိန်းတန် နားကြပ်ဝယ်ပေးခဲ့တဲ့ စမိုင်းလ်ရဲ့ Live ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်နော်။
အဖေ၊ အမေ နှစ်ယောက်လုံး မရှိတော့တဲ့ စမိုင်းလ်ကတော့ အဘွားတစ်ယောက်တည်းကို အားကိုး အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မိဘနှစ်ပါးအကြောင်းပြောရင်း live ထဲမှာ မျက်ရည်ကျခဲ့ပါသေးတယ်။
အဖွားကို စနောက်ရင်းပျော်နေတဲ့ စမိုင်းလ်ရဲ့ Live ဗီဒီယို
အလှူအတန်းဆိုရင် အတိုင်အဖောက်ညီလွန်းတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို အလှူရေစက် လက်နဲ့မကွာတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံက အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အဖွားကို အရမ်းချစ်တဲ့ မြေးလိမ္မာလေး စမိုင်းလ်ကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint MyatSource;Smile’s Facebook Page\Credit-original