Latest Posts









Video ကြည့်ရန်
Credit-original

UNICODE

အသက် (၃၅)ကျော်လို့မှ ယောကျာ်းယူချင်စိတ်မရှိရင် အပျိုကြီးပဲလုပ်တော့မယ် ဆိုတဲ့ ဖွေးစိန်လေး
ဒီကနေ့ သြဂုတ်လ(၉)ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီးချောလေး ဖွေးဖွေးရဲ့ (၃၁) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက အနုပညာသက်တမ်း (၁၀)နှစ်ကျော်မှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပြီး အားပေးသူပရိသတ် အမြောက်အများနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဒီကနေ့၊ သြဂုတ်လ (၉) ရက်နေ့ မှာ ကျရောက်တဲ့ သရုပ်ဆောင် ဖွေးဖွေး ရဲ့ အသက် (၃၁) နှစ်ပြည့် မွေးနေ့အလှူ အဖြစ် ဗိုလ်တစ်ထောင်ဆိပ်ကမ်း မှာ ကိုယ်တိုင်ချက် ဘဲဥသီးစုံပဲကုလားဟင်း စတုဒီသာ ကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ဖွေဖွေးကတော့ အလှူအတန်းလုပ်နေတဲ့ကြားကနေ မင်္ဂလာကိစ္စကို ပြောပြလာခဲ့ပါတယ်။ ဖွေးဖွေး အသက် ၃၅ နှစ်အတွင်းယူဖြစ်ချင်ယူဖြစ် ၃၅ ကျော်လို့မှယူချင်စိတ်မရှိတော့ရင် အပျိုကြီးပဲလုပ်တော့မယ်လို့ပြောခဲ့ပါတယ်။ ပရ်သတ်ကြီးအတွက် ဖွေးဖွေးရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြကေူလိုက်ပါတယ်နော်။ဆ

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။Credit-original