အရမ်းကိုဆွဲဆောင်မှုရှိရှိနဲ့ သီချင်းဆို က ပြနေတဲ့ စူးရှထက်ရဲ့ ဗီဒီယို
ခန္ဓာကိုယ် ကောက်ကြောင်း အမိုက်စားနဲ့ မော်ဒယ် တယောက်ဖြစ်တဲ့ စူးရှထက်ကတော့ ယခုနောက်ပိုင်းမှာတော့ ပရဟိတလုပ်ငန်းလေးတွေ လုပ်ကိုင်ပြီး အလှူဒါနလေးတွေ ပြုလုပ်နေတာကြောင့် ဝေဖန်သူတွေတော့ တဖြည်းဖြည်းနည်းလာတာကို တွေ့ရပါတယ်
။ မော်ဒယ် စူးရှထက်ကတော့ အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိလာကြတာ ဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ စူးရှထက်ကို မသိတဲ့သူ မရှိလောက်တော့ပါဘူး။
စူးရှထက်ကတော့ တဖက်မှာ မိဘကို လုပ်ကျွေးနေသလို တယောက်ထဲ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။ လူသိများလာတဲ့ အလျောက် စူးရှထက်ကတော့ နယ်ကပွဲတွေမှာ သီချင်းတွေဆိုနေရပြီး တချို့ပွဲတွေကိုလည်း တတ်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ စူးရှထက်ရဲ့ ဗီဒိယိုလေးရှိပါတယ်။ စူးရှထက်ကတော့ မိတ္ထီလာမှာ သွားရောက်ဖျော်ဖြေတဲ့ အချိန်မှာတော့ သူ့ကိုအားပေးဝန်းရံတဲ့ သူတွေအများအပြားရှိခဲ့ပြီး သူကိုယ်တိုင်လည်း ဝမ်းသာပီတိ ဖြစ်နေတာ ဖြစ်ပါတယ်။
စူးရှထက်ကတော့ သူက ပရိသတ်အတွက် ဖျော်ဖြေပြီး က ပြနေတဲ့ ဗီဒီယိုလေးကိုတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတင်ထားပြီး မိတ္ထီလာ ချစ်တယ်ဆိုတဲ့ စာလေးပါရေးထားတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ စူးရှထက်ကတော့ သူ့ရဲ့ လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်ကို အသားပေးထားတဲ့ ဝတ်စုံကို ဝတ်ထားပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အက လေးကို က ပြနေတာ ဖြစ်ပါတယ်။
သီချင်းကလည်း ခပ်မြူးမြူးလေးဖြစ်တာကြောင့် စင်အောက်မှာကတော့ ပုရိသအပေါင်းတို့ အပျော်ကြီး ပျော်နေတာကိုလည်း တွေ့ရမှာပါ။ စူးရှထက်ရဲ့ ဆွဲဆောင်မှုရှိရှိ က နေတဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ဗီဒီယိုလေးကို ကြည့်ပြီးတော့လည်း တခုခု သုံးသပ်ပေးသွားကြပါဦးနော်။
Credit \\ original