ရှုးဂါးဒက်ဒီခြောက်ယောက်ဆီက တစ်လကို မြန်မာငွေသိန်းသုံးရာကျော်ရနေတဲ့ ကောင်မလေး
Sugar Daddy ထားတယ်ဆိုတဲ့ အလေ့အထက မြန်မာနိုင်ငံမှာသာသိပ်ပြီး ခေတ်မစားပေမယ့် အနောက်နိုင်ငံတွေမှာတော့ ခေတ်စားလာခဲ့တာကြာ့ပီလို့ဆိုရမှာပါ။
အထူးသဖြင့် ကိုယ့်အားကိုယ်ကိုးပြီး တက္ကသိုလ်တက်နေတဲ့ အချောအလှလေးတွေဟာ အချိန်ပိုင်းအလုပ်တွေပင်ပင်ပန်းပန်းလုပ်မယ့်အစား Sugar Daddy တစ်ယောက်လောက်ထားပြီး ငွေကြေးပြဿနာတွေကို ဖြေရှင်းလိုက်ကြတာများပါတယ်။
ဒါပေမယ့် Daily Mail က ချပြလာတဲ့ Chloe ဆိုသူ အလှပဂေးလေးကတော့ Sugar Daddy တစ်ယောက်နဲ့တင်မကျေနပ်ပဲ ခြောက်ယောက်လောက်ထားပြီး တစ်လကို ပေါင်စတာလင် တစ်သောင်းရှစ်ထောင်ကျော်၊ မြန်မာငွေ သိန်းသုံးရာကျော်ရနေတယ်လို့သိရပါတယ်။
Chloe က Sugar Daddy တွေထားရတာဟာ သူ့ရဲ့ ဈေးအရမ်းကြီးတဲ့ ကျောင်းစားရိတ်တွေကာမိအောင်လို့ဖြစ်ပြီး Sugar Daddy တွေထားတာက သူ့ကို သူလိုချင်တဲ့ ဘွဲ့တွေရနိုင်အောင်၊ ဈေးကြီးတဲ့ကျောင်းစာအုပ်တွေရနိုင်အောင်နဲ့ ငွေကို ပိုပိုလျှံလျှံသုံးစွဲလို့ရအောင် ကူညီပေးတယ်လို့ Daily Mail သတင်းစာတိုက်ကိုပြောထားပါတယ်။
Chole ဆိုတဲ့အစိမ်းရောင်မျက်ဝန်းတွေနဲ့ကောင်မလေးဟာ ယောက်ျားတွေရဲ့အသည်းစွဲချစ်ကြိုက်ခြင်းကိုခံရပြီး Sugar Daddy ခြောက်ယောက်နဲ့ ကျောင်းစာတွေနဲ့အတွက်ပဲ သူမရဲ့အချိန်တွေကိုအပြည့်ပေးထားသူပါ။
Chloe က Sugar Daddy တွေဆီကနေ တစ်ယောက်ကို တစ်လ ပေါင်စတာလင် ထောင့်ငါးရာကနေ သုံးထောင်အကြား၊ မြန်မာငွေ သိန်းလေးဆယ်လောက် အနည်းဆုံးရပြီး ဒီဇိုင်နာအိတ်တွေ၊တန်ဖိုးကြီး ရတနာပစ္စည်းတွေနဲ့ လက်ဆောင်တွေရတဲ့အပြင် ကျောင်းပိတ်ရက်တွေမှာဆို
ကမ္ဘာ့နေရာအနှံ့အပြားကိုလည်း Sugar Daddy တွေတစ်ယောက်စီနဲ့အလှည့်ကျခရီးတွေထွက်သေးတယ်လို့လည်းသိရပါတယ်။ သာမန်အချိန်တွေမှာတော့ တစ်ယောက်စီကို တစ်လကိုလေးရက်အများဆုံးတွေ့ပေးပါတယ်တဲ့။ Chloe ရဲ့ ဘဝနေထိုင်မှုပုံစံကို အားကျတဲ့သူတွေလည်းအများအပြားရှိလို့နေပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဘဝက အရမ်းပင်ပန်းလာတဲ့အခါ Sugar Daddy တစ်ယောက်လောက်ထားပြီး သာယာတဲ့ဘဝကြီးကိုဖြတ်သန်းချင်စိတ်များဖြစ်မိကြလား။ ဒါမှမဟုတ် ဘယ်လောက်ပဲမွဲပါစေ Sugar Daddy တော့မထားဘူးဆိုတဲ့လူတွေရောရှိလား။ပြောခဲ့ကြပါဦး။
Credit \\ original