Latest Posts

ဗုဒ္ဓဘာသာနိုင်ငံမှာ ရေကြီးတာမျိုးမဖြစ်သင့်ဘူးလို့ဆိုတဲ့ သင်ဇာဝင့်ကျော်


လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အချိန်ကစပြီး ချစ်စရာအမူအယာလေးတွေကြောင့် ပရိသတ်ကြားကျော်ကြားလာပြီး ပွင့်လင်းမြင်သာလာတဲ့ Social Media ခေတ်အနက်ကြီးထဲမှာလည်း အမိုက်စားဓာတ်ပုံတွေကြောင့် ယောက်ျားလေးတွေရဲ့

ချစ်ခြင်းမေတ္တာကို အထူးခံယူရှိထားတဲ့ သင်ဇာဝင့်ကျော်ကတော့ ရေလွှမ်းခံရတဲ့ ဒေသတွေက ပြည်သူလူထုတွေကို ကိုယ်ချင်းစာမိတဲ့အကြောင်းကို ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေကို ပြောပြလိုက်ရပါတယ်။


ရေလွှမ်းခံရတဲ့ ဒေသခံတွေအပေါ် ကိုယ်ချင်းစာမိတဲ့အကြောင်းကို

“ သတင်းတွေကြည့်ရတာတကယ်ကို စိတ်မကောင်းဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်တွေနေတဲ့ အိမ်အောက်ထပ်ရေတွေဝင်ဖူးတယ်။ အဲ့ဒီတုန်းက တော်တော်ဒုက္ခရောက်တယ်ဆိုတော့ သူများတွေက အိမ်ပါရေလွှမ်းသွားတယ်ဆိုတော့ အရမ်းဘယ်လိုတွေဒုက္ခရောက်မလဲဆိုတာ ကိုယ်ချင်းစာလို့ရတယ် ။

တချို့ဆိုရင် မြေတွေဘာတွေပြိုပြီးတော့ သေဆုံးမှုတွေဖြစ်တာ တကယ်ကို ဗုဒ္ဓဘာသာနိုင်ငံ ဘုရားတရား အရမ်းလုပ်တဲ့နိုင်ငံမှာ မဖြစ်သင့်ဘူးလို့ထင်တယ်။


အဲ့ဒီလို လူတိုင်းကိုလည်း ဘုရားတရားပိုလုပ်ပြီးတော့ ကောင်းတာလေးတွေလည်း ပိုလုပ်စေချင်တယ် ။ ဒီလိုမျိုးသတင်းတွေကြားရတာ အရင်တုန်းက မကြားဖူးဘူး ။ သိပ်လည်းမကြားဖူးတော့ ဒီတစ်နှစ်နှစ်နှစ်အတွင်း ဒီနှစ်ပိုင်းအတွင်းမှာ အရမ်းဖြစ်တဲ့အခါကျတော့ မဖြစ်လည်းမဖြစ်စေချင်ဘူး စိတ်လည်းမကောင်းဘူး ။

အဲ့ဒီက ကိုယ့်ကို ပွဲငှားတဲ့သူတွေကိုတောင် ဖုန်းဆက်ပြီးတော့ မေးမလို့ပဲ ဒါပေမယ့် ဖုန်းကဆက်လို့မရဘူး ။ တချို့ဖုန်းတွေလည်းမမိတော့ဘူး ဆိုတော့ အဲ့ဒီလိုမျိုးတွေလည်းကြားနေရတယ်ဆိုတော့ တကယ်စိတ်မကောင်းပါဘူး ။

ဘာပဲဖြစ်ဖြစ်ကြိုတင်ပြင်ဆင်ထားစေချင်တယ် မုန်တိုင်းကတစ်လုံးပဲရှိတယ် နောက်ထပ် သုံးလုံးကျန်သေးတယ်ဆိုတော့ ရန်ကုန်လည်း ဘယ်လိုလာမယ်မသိသေးဘူးလေ အိမ်အောက်က ပစ္စည်းတွေကို အပေါ်တင်သင့်ရင်သင့်ပေါ့နော် ကိုယ်တွေလည်း အဲ့ဒီလိုမျိုးတွေလုပ်ဖို့လည်းရှိပါတယ်။

အဲ့ဒီလိုမျိုးဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်ကိုယ်တိုင်ကတော့ သွားပြီး မကူညီနိုင်ပေမယ့် တကယ်လို့ ကူညီဖို့အခွင့်အလမ်းတွေရလာရင်တော့ ငွေအားနဲ့တော့ ကူညီသွားဖို့အစီစဉ်တွေရှိပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။Credit-original