Latest Posts










Credit -original
UNICODE

“သားသားလေးမွေးနေ့အကြိုအတွက် ဗောဓိတထောင် ရပ်တော်မူဘုရားကြီး မှာအလှူဒါနပြုလုပ်ခဲ့တဲ့ မေမေမိုးယုစံ”
မိုးယုစံကတော့ (၂၀၁၇)ခုနှစ်ကကျင်းပပြုလုပ်ခဲ့တဲ့ Miss မိုးယံပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပါသေးတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကိုပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။မိုးယုစံရဲ့ သားသားလေးဟာဆိုရင်လည်း အရွယ်နဲ့ မလိုက်အောင်ချစ်စရာကောင်းပြီး ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ခင်အားပေးကြတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ မိုးယုစံတို့မိသားစုဟာ မုံရွာမြို့သို့ အလည်သွားရင်း သားသားလေးမွေးနေ့အကြိုအတွက် ဗောဓိတထောင် ရပ်တော်မူဘုရားကြီး မှာအလှူဒါနပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ မိသားစုရဲ့ အလှူလေးကို ပရိသတ်တွေလည်း ထပ်တူထပ်မျှကောင်းမှုရရှိအောင်သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ မိုးယုစံတို့အလှူလေးအတွက် သာဓုခေါ်သွားပေးပါဦးနော်။Credit -original