Latest Posts

လူတုိင္းကို သီလေပးလုိ႔ ရသလား


သီလဆုိတာ ႏူတ္ကခံယူရုံနဲ႕ ရတဲ့တရားလား အားနာလုိ႔ ယူရတဲ့တရားမ်ိဳးလည္း မဟုတ္ဘူး အတင္းေပးလုိ႔လည္း ယူလုိ႔ရတဲ့တရား မဟုတ္ဘူး။ သီလဟာ ကိုယ္ေရာစိတ္ပါ ခံယူက်င့္သံုးေဆာက္တည္မွ ရတဲ့တရားမ်ိဳးပါ ေရာေယာင္ သီလယူျပီး

ကိုယ့္ကိုယ္ကို လိမ္ေနသူေတြလည္း အမ်ားၾကီးရွိတယ္။ ဥပုသ္သီလဟာ တန္တဲ့လူနဲ႕သာ တန္တာ တန္ဖိုးထားတဲ့လူက တကယ္တန္ဖိုး ထားတာ သီလနဲ႕ လံုး၀မတည့္တဲ့၊ မတန္တဲ့လူေတြ အမ်ားၾကီးရွိပါတယ္ ေလာကထဲက လူအခ်ိဳ႕ဟာ လံုး၀သီလ မရွိသလို

သူတုိ႔ကို သီလေပးခ်င္သူက ေပးလို႔လည္း မရပါဘူး။ နက္နက္နဲနဲ မဟုတ္ေတာင္ ေတာ္ေတာ္ေလး စဥ္းစား လက္ခံေ၀ဖန္မိမွသာ သီလတရားကို ထုိးထြင္းရူျမင္တတ္လာၾကာတာ ျဖစ္ပါတယ္။ သီလတရားဆုိတာကို အျမဲမလစ္ေသာ မ်က္စိသတိ၊ မေလွ်ာ့တဲ့စိတ္

ဉာဏ္၀ီရိယ၊ ျပီးေတာ့ ခုိင္ခံ့တဲ့ သမာဓိေတြနဲ႕ ထိန္းရတာပါ နားလည္ေအာင္ ၾကိဳးစားျပီး၊ ၾကီးမားတဲ့ စိတ္အင္အားနဲ႕ စြဲစြဲျမဲျမဲလုပ္ႏုိင္ရင္ သီလတရားက သိပ္ေကာင္းတယ္။ အဖုိးတန္မွန္းလည္း သိလာလိမ့္မယ္ လူတုိင္းလည္း သီလ မလုိခ်င္ဘူး လုိခ်င္တဲ့

သူသာ လုိခ်င္တာ အခ်ိဳ႕က်ေတာ့ အူမမေတာင့္လုိ႔ သီလမေစာင့္ၾကဘူးေလ။ လူတုိင္းကို သီလေပးလို႔ မရဘူးဆုိတာကို ေလ့လာတဲ့သေဘာနဲ႕ ငါးရာငါးဆယ္ နိပါတ္ေတာ္ထဲက ဇာတ္တစ္ပုဒ္ကို ေလ့လာၾကည့္ၾကရေအာင္လား။ (ဇာတ္က ပဥၥကနိပါတ္၊ ၃၅၆။

ေကာရ႑ိယဇာတ္) ေဇတ၀န္ေက်ာင္းေတာ္မွာ ျမတ္စြာဘုရား သီတင္းသံုးေနစဥ္ အခ်ိန္ကာလမွာ ရွင္သာရိပုတၱရာနဲ႕ ပတ္သက္လုိ႔ ေဟာရတာေလ။ အဲသည္အခ်ိန္က ရွင္သာရိပုတၱရာဟာ အယုတ္ အလတ္ အျမတ္မေရြး ျမင္ျမင္သမွ်ကို သီလေဆာက္တည္ဖုိ႔

တုိက္တြန္းျပီး သီလေပးေလ့ရွိတယ္ ရွင္သာရိပုတၱရာ မေထရ္ျမတ္ကို ရုိေသျပီး အခ်ို႕က စိတ္မပါဘဲ သီလခံယူၾကတယ္။ ကြယ္ရာေရာက္ေတာ့ လုပ္ခ်င္ရာလုပ္ၾကေရာ ၾကာေတာ့ တပည့္ရဟန္းေတြ သိလာတယ္ တပည့္ရဟန္းေတြက ရွင္သာရိပုတၱရာ

မေထရ္ျမတ္ကို ေလွ်ာက္တယ္ အေၾကာင္းက သီလ ယူလုိသူတုိ႔ကိုသာ သီလတရားေပးဖုိ႔ပါ။ ရွင္သာရိပုတၱရာ မေထရ္ျမတ္ၾကီးက လက္မခံဘူး သေဘာမတူဘဲနဲ႕ဆက္လုိ႔သာ ျမင္ျမင္သမွ်ကို သီလေပးျမဲေပးတယ္ အဲသည္ကိစၥနဲ႕ ပတ္သက္ျပီး ရဟန္းေတြ ေျပာကုန္ၾကေရာ။

ေကာရ႑ိယဇာတ္

သည္လုိ ေျပာၾကတာကို ျမတ္စြာဘုရား ၾကားသိေတာ့ ေကာရ႑ိယဇာတ္ကို ေဟာေတာ္မူေတာ့တယ္ အတိတ္ဇာတ္လမ္းမွာ ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္း စိုးစံစဥ္အခ်ိန္ပါပဲ။ ဘုရားအေလာင္းေတာ္က ပုဏၰားမ်ိဳး ေကာရ႑ိယ အမည္ရကာ တကၠသိုလ္

ဆရာၾကီးတစ္ဦးထံမွာ တပည့္ခံျပီး ပညာသင္ၾကားေနပါတယ္ တပည့္ဆုိေပမယ့္ သာမန္တပည့္ေတာ့ မဟုတ္ပါဘူး တပည့္ထဲမွာ အၾကီးအကဲ တစ္ေယာက္ပါ။ အဲသည္ ေကာရ႑ိယရဲ႕ တကၠသိုလ္ဆရာၾကီးဟာ ျမင္ျမင္သမွ်ကို သီလခံယူဖုိ႔ တုိက္တြန္း သတိ

ေပးေနတတ္တယ္ အဲဒါကို တပည့္ေတြက သေဘာမက်ဘူး တုိ႔ဆရာၾကီးက ျမင္ျမင္သမွ် ၾကံဳရာလူ သီလ ေပးေနတာပဲ။ တကယ္ေတာ့ သီလခံယူခ်င္သူကိုသာ သီလေပးသင့္ပါတယ္ မယူခ်င္သူေတြကို မေပးသင့္ပါဘူးလုိ႔ ေျပာၾကဆုိၾကေတာ့ ဆရာၾကီး

သိလာတယ္ ဆရာၾကီးက စိတ္ညစ္သြားတယ္။ ဒါေပမယ့္ တပည့္ေတြ အၾကံေပးတာကို လက္မခံပါဘူး သူ႔သေဘာက် သီလ ေပးျမဲတုိင္း ေပးတာပဲ သည္လုိနဲ႕ ေနလာလုိက္တာ၊ ပုဏၰားေတြကို မဂၤလာရြတ္ဖုိ႔ ပင့္ဖိတ္တဲ့ေန႕ကို ေရာက္လာတယ္။ ပင့္ဖိတ္တဲ့ ေနရာကို

ဆရာၾကီး မလုိက္ဘူး၊ ေနခဲ့တယ္ ေကာရ႑ိယတုိ႔ကို သြားခုိင္းတယ္ ပူေဇာ္သကၠာရ ခံယူျပီး သူ႔ဖုိ႔ယူခဲ့ရန္လည္း မွာလုိက္တယ္ ေကာရ႑ိယတုိ႔တေတြ သြားၾကတာေပါ့။ မဂၤလာရြတ္တဲ့ ကိစၥျပီးလုိ႔ အျပန္မွာ ေကာရ႑ိယစိတ္ထဲ အၾကံတစ္ခု ၀င္လာေတာ့တယ္

ေတြ႕ရတာက ေခ်ာက္ၾကီး နက္လွတဲ့ ေခ်ာက္ကမ္းပါးၾကီး။ ပုဏၰားေတြ ေမာေမာနဲ႔ နားေနတုန္း ေကာရ႑ိယာ ဟာ ေခ်ာက္ကမ္းပါးၾကီးကို ၾကည့္ျပီး သူ႔ဆရာၾကီးကို ဥပမာ ေပးဖုိ႔ အၾကံရတယ္ ဘာမေျပာ၊ ညာမေျပာ ေခ်ာက္ကမ္းပါးထဲကို ခဲေတြ တစ္လံုးျပီး

တစ္လံုး ေကာရ႑ိယ ပစ္ခ်ေနတယ္။ ေတြ႕တဲ့ပုဏၰားအဖြဲ႕၀င္ေတြက ေမးၾကတာေပါ့ ဒါေပမယ့္ ဘာေၾကာင့္ ခဲလံုးပစ္ခ်တယ္ ဆုိတာကို သူ မေျဖဘူး အားရပါးရ ပစ္ျမဲပစ္ခ်ေနတယ္ ပုဏၰားအဖြဲ႕ေတြ သေဘာမေပါက္ႏုိင္ေအာင္ ျဖစ္ကုန္တာေပါ့။ ဟ ဘယ္လုိလဲ၊

ကာရ႑ိယ ဘာေတြျဖစ္သြားတာတံုး၊ ခက္တာပဲလုိ႔ ေျပာဆုိကုန္ၾကတယ္ ပုဏၰားလုလင္အခ်ိဳ႕ကေတာ့ ေကာရ႑ိယအေၾကာင္း ေျပာဖို႔ ဆရာၾကီးဆီ ေျပးျပီ။ တကၠသိုလ္ဆရာၾကီးလည္း သည္ကိစၥသိေတာ့ တအံ့တၾသနဲ႕ မေနသာဘဲ ေခ်ာက္ကမ္းပါးၾကီးနား

လုိက္ခဲ့ရတယ္။ “အို ေကာရ႑ိယ မင္း ဘယ္လုိမ်ား ျဖစ္သတံုး ဘယ္အက်ိဳးကိုလုိလုိ႔ ဘာအေၾကာင္းကို လုပ္တာတံုး အဓိပၸာယ္မရွိကြာ သည္လုိ ခဲေတြ ပစ္ခ်ေနလို႔ ဘာ အက်ိဳးရွိမွာတံုး” လုိ႔ ေမးယူရေတာ့တယ္ အဲသည္မွာ ေကာရ႑ိယက ေျဖျပီေလ။

သည္ေခ်ာက္ကမ္းပါးၾကီးကို ညွိခ်င္လုိ႔ သည္ေျမၾကီးနဲ႕အတူ လက္၀ါးျပင္ကဲ့သုိ႔ ညီညြတ္ေအာင္ ခဲေတြ ဖုိေနတာပါတဲ့ သည္လုိ ဆုိေလွ်ာက္လုိက္ေတာ့ “ဟာ မင္းႏွယ္ကြာ မင္းလက္ႏွစ္ေခ်ာင္းနဲ႕ ဒီေခ်ာက္ျပည့္ေအာင္ခ်လဲျပည့္မလား မျပည့္နုိင္ဘူး ဇြဲနဲ႔ျဖည့္လဲ

ေသေတာင္ ျပည့္လာမွာ မဟုတ္ဘူး” လုိ႔ ဆိုလုိက္တယ္ အဲသည္မွာ ေကာရ႑ိယတစ္ေယာက္ ေျပာခ်င္တာ ေျပာခြင့္ရျပီေလ။ “ဆရာၾကီးခင္ဗ်ား။ ေလာကမွာ တစ္ေယာက္တည္း ေသာ လက္နဲ႕ ေဟာဒီေျမၾကီးကို ညီညြတ္ေအာင္ မစြမ္းႏုိင္ရင္ ဆရာၾကီး

ကိုယ္တုိင္လဲ အယူအမ်ိဳးမ်ိဳး ရွိတဲ့လူေတြကို ဆရာၾကီး အလုိေဆာင္ျခင္းငွာ စြမ္းႏုိင္မွာ မဟုတ္ပါဘူး” အဲသည္လုိ ေကာရ႑ိယက အလြန္ေကာင္းလွတဲ့ ဥပမာနဲ႕ ရွင္းျပလုိက္တာေပါ့ ဆရာၾကီးဟာ သီလေပးတဲ့ ကိစၥကို သေဘာေပါက္သြားတယ္။

“ဟုတ္တယ္ ေကာရေရ၊ မင္းဆုိတာ မွန္ပကြာ ေဟာသည္ေျမၾကီးကို ညီညြတ္ေအာင္ မတတ္ႏုိင္သလို၊ လူတုိင္းကို တစ္ဦးတည္းျဖစ္ေအာင္ ဘယ္လိုျပဳႏုိင္မွာလဲ ဟုတ္ပါ့ကြာ၊ ဟုတ္ပါ့” ဇာတ္ကို ေပါင္းလုိက္ေတာ့ တကၠသိုလ္ဆရာၾကီးက ရွင္သာရိပုတၱရာ၊

ေကာရ႑ိယလုလင္ကေတာ့ ျမတ္စြာဘုရား။ အခ်ိဳ႕က သီလလုိခ်င္တယ္ အခ်ိဳ႕က သီလလံုး၀မလုိခ်င္ဘူး။ လူတုိင္းမွာ၊ ပခံုးႏွစ္ဘက္ၾကား ေခါင္းေပါက္တဲ့လူတုိင္း ဆုိသလုိမွာ သီလမရွိၾကပါဘူး။ အခ်ိဳ႕သာ သီလရွိတယ္။ အခ်ိဳ႕က သီလ မရွိဘူး။ အခ်ိဳ႕က

သီလ လုိခ်င္တယ္ အခ်ိဳ႕က သီလ လံုး၀ မလုိခ်င္ဘူး။ သီလတရားဆုိတာကို အခ်ိဳ႕က ဗုဒၶဘာသာ မိရုိးဖလာသေဘာအရ သိတယ္ ေသေသခ်ာခ်ာေတာ့ သေဘာမေပါက္ဘူး တခ်ိဳ႕က သိလ်က္နဲ႕ ဘ၀မုန္တုိင္းေတြထဲလြင့္ျပီး သီလကို ေဘးခ်ိတ္ထားတယ္။

အခ်ိဳ႕ကေတာ့ သီလရွိတဲ့အခါရွိလုိက္၊ မရွိတဲ့အခါ မရွိလုိက္၊ ဘ၀ရာသီအလုိက္ ေျပာင္းေနတယ္။ အခ်ိဳ႕က သီလရွိမွ ခ်မ္းသာႏုိင္တယ္ဆုိတာကို မယံုဘူး။ သီလေတြထားေနရင္ ထမင္းငတ္မယ္ေတာင္ ေျပာၾကတယ္။ လူေတြကိုလက္၀ါးျပင္လုိ ညီေအာင္လုပ္လုိ႔

မရႏုိင္ပါဘူး။ ဖိနပ္တုိင္းသာ ေျခေထာက္မွာ ေတာ္ရင္ လူေတြအားလံုး ေျခရာတူမယ္ဆုိတဲ့ ႏုိင္ငံရပ္ျခားကဗ်ာတစ္ပုဒ္ ဖတ္ခဲ့ဖူးတယ္ အေရာင္ေတြ မတူ၊ ေဘာင္ေတြ မညီသလို လူေတြရဲ႕ သေဘာ ဘယ္မွာ ညီမွာလဲဆုိတဲ့ ကဗ်ာတစ္ပုဒ္လည္း ရွိေသးတယ္။

စဥ္းစားမိတာက စက္ကိရိယာပစၥည္း အကူ အညီ ေတြနဲ႕ ေတာ္ရုံတန္ရုံ ေခ်ာက္ကမ္းပါးဆုိရင္ ညီလာေအာင္ျဖည့္လို႔ ရခ်င္ရမယ္ လူေတြအားလံုးေတာ့ သီလေပးလုိ႔ရမယ္ မထင္ဘူး သီလေတြ ေပးလည္း ေပးတာပဲ ရွိမွာေပါ့။

Credit   \\  original

ယူနီကုဒ္ျဖင့္ဖတ္ရန္

သီလဆိုတာ နူတ်ကခံယူရုံနဲ့ ရတဲ့တရားလား အားနာလို့ ယူရတဲ့တရားမျိုးလည်း မဟုတ်ဘူး အတင်းပေးလို့လည်း ယူလို့ရတဲ့တရား မဟုတ်ဘူး။ သီလဟာ ကိုယ်ရောစိတ်ပါ ခံယူကျင့်သုံးဆောက်တည်မှ ရတဲ့တရားမျိုးပါ ရောယောင် သီလယူပြီး

ကိုယ့်ကိုယ်ကို လိမ်နေသူတွေလည်း အများကြီးရှိတယ်။ ဥပုသ်သီလဟာ တန်တဲ့လူနဲ့သာ တန်တာ တန်ဖိုးထားတဲ့လူက တကယ်တန်ဖိုး ထားတာ သီလနဲ့ လုံးဝမတည့်တဲ့၊ မတန်တဲ့လူတွေ အများကြီးရှိပါတယ် လောကထဲက လူအချို့ဟာ လုံးဝသီလ မရှိသလို

သူတို့ကို သီလပေးချင်သူက ပေးလို့လည်း မရပါဘူး။ နက်နက်နဲနဲ မဟုတ်တောင် တော်တော်လေး စဉ်းစား လက်ခံဝေဖန်မိမှသာ သီလတရားကို ထိုးထွင်းရူမြင်တတ်လာကြာတာ ဖြစ်ပါတယ်။ သီလတရားဆိုတာကို အမြဲမလစ်သော မျက်စိသတိ၊ မလျှော့တဲ့စိတ်

ဉာဏ်ဝီရိယ၊ ပြီးတော့ ခိုင်ခံ့တဲ့ သမာဓိတွေနဲ့ ထိန်းရတာပါ နားလည်အောင် ကြိုးစားပြီး၊ ကြီးမားတဲ့ စိတ်အင်အားနဲ့ စွဲစွဲမြဲမြဲလုပ်နိုင်ရင် သီလတရားက သိပ်ကောင်းတယ်။ အဖိုးတန်မှန်းလည်း သိလာလိမ့်မယ် လူတိုင်းလည်း သီလ မလိုချင်ဘူး လိုချင်တဲ့

သူသာ လိုချင်တာ အချို့ကျတော့ အူမမတောင့်လို့ သီလမစောင့်ကြဘူးလေ။ လူတိုင်းကို သီလပေးလို့ မရဘူးဆိုတာကို လေ့လာတဲ့သဘောနဲ့ ငါးရာငါးဆယ် နိပါတ်တော်ထဲက ဇာတ်တစ်ပုဒ်ကို လေ့လာကြည့်ကြရအောင်လား။ (ဇာတ်က ပဉ္စကနိပါတ်၊ ၃၅၆။

ကောရဏ္ဍိယဇာတ်) ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးနေစဉ် အချိန်ကာလမှာ ရှင်သာရိပုတ္တရာနဲ့ ပတ်သက်လို့ ဟောရတာလေ။ အဲသည်အချိန်က ရှင်သာရိပုတ္တရာဟာ အယုတ် အလတ် အမြတ်မရွေး မြင်မြင်သမျှကို သီလဆောက်တည်ဖို့

တိုက်တွန်းပြီး သီလပေးလေ့ရှိတယ် ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ရိုသေပြီး အချို့က စိတ်မပါဘဲ သီလခံယူကြတယ်။ ကွယ်ရာရောက်တော့ လုပ်ချင်ရာလုပ်ကြရော ကြာတော့ တပည့်ရဟန်းတွေ သိလာတယ် တပည့်ရဟန်းတွေက ရှင်သာရိပုတ္တရာ

မထေရ်မြတ်ကို လျှောက်တယ် အကြောင်းက သီလ ယူလိုသူတို့ကိုသာ သီလတရားပေးဖို့ပါ။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက လက်မခံဘူး သဘောမတူဘဲနဲ့ဆက်လို့သာ မြင်မြင်သမျှကို သီလပေးမြဲပေးတယ် အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းတွေ ပြောကုန်ကြရော။

ကောရဏ္ဍိယဇာတ်

သည်လို ပြောကြတာကို မြတ်စွာဘုရား ကြားသိတော့ ကောရဏ္ဍိယဇာတ်ကို ဟောတော်မူတော့တယ် အတိတ်ဇာတ်လမ်းမှာ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးစံစဉ်အချိန်ပါပဲ။ ဘုရားအလောင်းတော်က ပုဏ္ဏားမျိုး ကောရဏ္ဍိယ အမည်ရကာ တက္ကသိုလ်

ဆရာကြီးတစ်ဦးထံမှာ တပည့်ခံပြီး ပညာသင်ကြားနေပါတယ် တပည့်ဆိုပေမယ့် သာမန်တပည့်တော့ မဟုတ်ပါဘူး တပည့်ထဲမှာ အကြီးအကဲ တစ်ယောက်ပါ။ အဲသည် ကောရဏ္ဍိယရဲ့ တက္ကသိုလ်ဆရာကြီးဟာ မြင်မြင်သမျှကို သီလခံယူဖို့ တိုက်တွန်း သတိ

ပေးနေတတ်တယ် အဲဒါကို တပည့်တွေက သဘောမကျဘူး တို့ဆရာကြီးက မြင်မြင်သမျှ ကြုံရာလူ သီလ ပေးနေတာပဲ။ တကယ်တော့ သီလခံယူချင်သူကိုသာ သီလပေးသင့်ပါတယ် မယူချင်သူတွေကို မပေးသင့်ပါဘူးလို့ ပြောကြဆိုကြတော့ ဆရာကြီး

သိလာတယ် ဆရာကြီးက စိတ်ညစ်သွားတယ်။ ဒါပေမယ့် တပည့်တွေ အကြံပေးတာကို လက်မခံပါဘူး သူ့သဘောကျ သီလ ပေးမြဲတိုင်း ပေးတာပဲ သည်လိုနဲ့ နေလာလိုက်တာ၊ ပုဏ္ဏားတွေကို မင်္ဂလာရွတ်ဖို့ ပင့်ဖိတ်တဲ့နေ့ကို ရောက်လာတယ်။ ပင့်ဖိတ်တဲ့ နေရာကို

ဆရာကြီး မလိုက်ဘူး၊ နေခဲ့တယ် ကောရဏ္ဍိယတို့ကို သွားခိုင်းတယ် ပူဇော်သက္ကာရ ခံယူပြီး သူ့ဖို့ယူခဲ့ရန်လည်း မှာလိုက်တယ် ကောရဏ္ဍိယတို့တတွေ သွားကြတာပေါ့။ မင်္ဂလာရွတ်တဲ့ ကိစ္စပြီးလို့ အပြန်မှာ ကောရဏ္ဍိယစိတ်ထဲ အကြံတစ်ခု ဝင်လာတော့တယ်

တွေ့ရတာက ချောက်ကြီး နက်လှတဲ့ ချောက်ကမ်းပါးကြီး။ ပုဏ္ဏားတွေ မောမောနဲ့ နားနေတုန်း ကောရဏ္ဍိယာ ဟာ ချောက်ကမ်းပါးကြီးကို ကြည့်ပြီး သူ့ဆရာကြီးကို ဥပမာ ပေးဖို့ အကြံရတယ် ဘာမပြော၊ ညာမပြော ချောက်ကမ်းပါးထဲကို ခဲတွေ တစ်လုံးပြီး

တစ်လုံး ကောရဏ္ဍိယ ပစ်ချနေတယ်။ တွေ့တဲ့ပုဏ္ဏားအဖွဲ့ဝင်တွေက မေးကြတာပေါ့ ဒါပေမယ့် ဘာကြောင့် ခဲလုံးပစ်ချတယ် ဆိုတာကို သူ မဖြေဘူး အားရပါးရ ပစ်မြဲပစ်ချနေတယ် ပုဏ္ဏားအဖွဲ့တွေ သဘောမပေါက်နိုင်အောင် ဖြစ်ကုန်တာပေါ့။ ဟ ဘယ်လိုလဲ၊

ကာရဏ္ဍိယ ဘာတွေဖြစ်သွားတာတုံး၊ ခက်တာပဲလို့ ပြောဆိုကုန်ကြတယ် ပုဏ္ဏားလုလင်အချို့ကတော့ ကောရဏ္ဍိယအကြောင်း ပြောဖို့ ဆရာကြီးဆီ ပြေးပြီ။ တက္ကသိုလ်ဆရာကြီးလည်း သည်ကိစ္စသိတော့ တအံ့တသြနဲ့ မနေသာဘဲ ချောက်ကမ်းပါးကြီးနား

လိုက်ခဲ့ရတယ်။ “အို ကောရဏ္ဍိယ မင်း ဘယ်လိုများ ဖြစ်သတုံး ဘယ်အကျိုးကိုလိုလို့ ဘာအကြောင်းကို လုပ်တာတုံး အဓိပ္ပာယ်မရှိကွာ သည်လို ခဲတွေ ပစ်ချနေလို့ ဘာ အကျိုးရှိမှာတုံး” လို့ မေးယူရတော့တယ် အဲသည်မှာ ကောရဏ္ဍိယက ဖြေပြီလေ။

သည်ချောက်ကမ်းပါးကြီးကို ညှိချင်လို့ သည်မြေကြီးနဲ့အတူ လက်ဝါးပြင်ကဲ့သို့ ညီညွတ်အောင် ခဲတွေ ဖိုနေတာပါတဲ့ သည်လို ဆိုလျှောက်လိုက်တော့ “ဟာ မင်းနှယ်ကွာ မင်းလက်နှစ်ချောင်းနဲ့ ဒီချောက်ပြည့်အောင်ချလဲပြည့်မလား မပြည့်နိုင်ဘူး ဇွဲနဲ့ဖြည့်လဲ

သေတောင် ပြည့်လာမှာ မဟုတ်ဘူး” လို့ ဆိုလိုက်တယ် အဲသည်မှာ ကောရဏ္ဍိယတစ်ယောက် ပြောချင်တာ ပြောခွင့်ရပြီလေ။ “ဆရာကြီးခင်ဗျား။ လောကမှာ တစ်ယောက်တည်း သော လက်နဲ့ ဟောဒီမြေကြီးကို ညီညွတ်အောင် မစွမ်းနိုင်ရင် ဆရာကြီး

ကိုယ်တိုင်လဲ အယူအမျိုးမျိုး ရှိတဲ့လူတွေကို ဆရာကြီး အလိုဆောင်ခြင်းငှာ စွမ်းနိုင်မှာ မဟုတ်ပါဘူး” အဲသည်လို ကောရဏ္ဍိယက အလွန်ကောင်းလှတဲ့ ဥပမာနဲ့ ရှင်းပြလိုက်တာပေါ့ ဆရာကြီးဟာ သီလပေးတဲ့ ကိစ္စကို သဘောပေါက်သွားတယ်။

“ဟုတ်တယ် ကောရရေ၊ မင်းဆိုတာ မှန်ပကွာ ဟောသည်မြေကြီးကို ညီညွတ်အောင် မတတ်နိုင်သလို၊ လူတိုင်းကို တစ်ဦးတည်းဖြစ်အောင် ဘယ်လိုပြုနိုင်မှာလဲ ဟုတ်ပါ့ကွာ၊ ဟုတ်ပါ့” ဇာတ်ကို ပေါင်းလိုက်တော့ တက္ကသိုလ်ဆရာကြီးက ရှင်သာရိပုတ္တရာ၊

ကောရဏ္ဍိယလုလင်ကတော့ မြတ်စွာဘုရား။ အချို့က သီလလိုချင်တယ် အချို့က သီလလုံးဝမလိုချင်ဘူး။ လူတိုင်းမှာ၊ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တဲ့လူတိုင်း ဆိုသလိုမှာ သီလမရှိကြပါဘူး။ အချို့သာ သီလရှိတယ်။ အချို့က သီလ မရှိဘူး။ အချို့က

သီလ လိုချင်တယ် အချို့က သီလ လုံး၀ မလိုချင်ဘူး။ သီလတရားဆိုတာကို အချို့က ဗုဒ္ဓဘာသာ မိရိုးဖလာသဘောအရ သိတယ် သေသေချာချာတော့ သဘောမပေါက်ဘူး တချို့က သိလျက်နဲ့ ဘဝမုန်တိုင်းတွေထဲလွင့်ပြီး သီလကို ဘေးချိတ်ထားတယ်။

အချို့ကတော့ သီလရှိတဲ့အခါရှိလိုက်၊ မရှိတဲ့အခါ မရှိလိုက်၊ ဘဝရာသီအလိုက် ပြောင်းနေတယ်။ အချို့က သီလရှိမှ ချမ်းသာနိုင်တယ်ဆိုတာကို မယုံဘူး။ သီလတွေထားနေရင် ထမင်းငတ်မယ်တောင် ပြောကြတယ်။ လူတွေကိုလက်ဝါးပြင်လို ညီအောင်လုပ်လို့

မရနိုင်ပါဘူး။ ဖိနပ်တိုင်းသာ ခြေထောက်မှာ တော်ရင် လူတွေအားလုံး ခြေရာတူမယ်ဆိုတဲ့ နိုင်ငံရပ်ခြားကဗျာတစ်ပုဒ် ဖတ်ခဲ့ဖူးတယ် အရောင်တွေ မတူ၊ ဘောင်တွေ မညီသလို လူတွေရဲ့ သဘော ဘယ်မှာ ညီမှာလဲဆိုတဲ့ ကဗျာတစ်ပုဒ်လည်း ရှိသေးတယ်။

စဉ်းစားမိတာက စက်ကိရိယာပစ္စည်း အကူ အညီ တွေနဲ့ တော်ရုံတန်ရုံ ချောက်ကမ်းပါးဆိုရင် ညီလာအောင်ဖြည့်လို့ ရချင်ရမယ် လူတွေအားလုံးတော့ သီလပေးလို့ရမယ် မထင်ဘူး သီလတွေ ပေးလည်း ပေးတာပဲ ရှိမှာပေါ့။

Credit   \\  original