AGD ဘဏ္မွ အႀကီးတန္းစာေရးက ေငြစုသူ အေကာင့္မွ သိန္း ၄၅၀ လႊဲေျပာင္း ထုတ္ယူမႈျဖစ္ပြား
AGD ဘဏ္မွ အႀကီးတန္းစာေရးက ေငြစုသူ အေကာင့္မွ သိန္း ၄၅၀ လႊဲေျပာင္း ထုတ္ယူမႈျဖစ္ပြား
အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္သို႔ လာေရာက္သည့္ ေဖာက္သည္၏ Mobile Banking Account မွ က်ပ္သိန္း ၁၅၀၊ ဘဏ္စာအုပ္ထဲမွ က်ပ္သိန္း ၃၀၀ စုစုေပါင္း
က်ပ္သိန္း ၄၅၀ တို႔အား ေနျပည္ေတာ္ႏွင့္ မိတၳီလာၿမိဳ႕ မ်ားရွိ အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ခြဲတို႔တြင္ ထုတ္ယူသြားခဲ့သူ အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳး ေရးဘဏ္လီမိတက္၊
မႏၲေလးဘဏ္ခြဲမွ အႀကီးတန္းစာေရးအား မိတၳီလာၿမိဳ႕ အမွတ္ (၂)နယ္ေျမရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းမႈျဖစ္ ပြားခဲ့ေၾကာင္း မိတၳီလာခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးမွ သိရသည္။
ခ်မ္းေအးသာဇံၿမိဳ႕နယ္ အကြက္ ၆၉၁၊ အာရွစိမ္း လန္းမႈဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္မွ အႀကီးတန္းစာေရးျဖစ္သူ အာကာမင္းဦး (၂၀ ႏွစ္) သည္ ၎တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း
ဘဏ္၏ေဖာက္သည္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာဇံၿမိဳ႕နယ္ေန ဦးေသြဆီယန္ (၅၆ ႏွစ္) ၏ Mobile Banking Account ၏ Password အားမွတ္သားကာ ..
ဦးေသြဆီယန္၏ ဘဏ္အေကာင့္ထဲမွ က်ပ္သိန္း ၁၅၀ အား ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ရွိ အာရွစိိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္မွ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၈ ရက္တြင္
၎ဘဏ္အေကာင့္ထဲသို႔ လႊဲယူသြားခဲ့ကာ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၃ ရက္ တြင္ အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ မိတၳီလာဘဏ္ခြဲသို႔ လာေရာက္၍ မွတ္ပုံတင္အတုအားအသုံးျပဳကာ
ဘဏ္အေကာင့္ဖြင့္လွစ္ၿပီး ဦးေသြဆီယန္၏ ဘဏ္စာအုပ္ထဲမွ တစ္ႀကိမ္လွ်င္ သိန္းက်ပ္ ၅၀ ျဖင့္ ေျခာက္ႀကိမ္ လႊဲေျပာင္းရယူသြားခဲ့ကာ ခြင့္မဲ့ပ်က္ကြက္ေနသူ အာကာမင္းဦးအား
အေရးယူေပးပါရန္ ဘဏ္ခြဲတာဝန္ခံ ေဒၚဝါ၀ါေအာင္က ၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၂ ရက္ မြန္းလြဲပိုင္းတြင္ မိတၳီလာၿမိဳ႕ အမွတ္ (၂) နယ္ေျမရဲစခန္းတြင္ တရားလိုျပဳလုပ္ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္းကနဦးစစ္ေဆးခ်က္အရ သိရွိရသည္
“တရားခံဖမ္းဆီးရမိတာ မရွိေသးပါဘူး။ ေနာက္မွျပန္ဆက္ေပးပါ” ဟု အမွတ္ (၂) နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ရဲျပည့္ၿဖိဳးက ေျပာၾကားသည္။
အဆိုပါအမႈအား မိတၳီလာၿမိဳ႕ အမွတ္ (၂) နယ္ေျမရဲစခန္းမွ (ပ) ၆၂၃/၂၀၁၉ ရာဇ သတ္ႀကီးပုဒ္မ ၄၀၈/၄၆၈ ဖြင့္လွစ္ကာ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ခရက္ဒစ္ – Eleven Media Group
Unicode
AGD ဘဏ်မှ အကြီးတန်းစာရေးက ငွေစုသူ အကောင့်မှ သိန်း ၄၅၀ လွှဲပြောင်း ထုတ်ယူမှုဖြစ်ပွား
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ လာရောက်သည့် ဖောက်သည်၏ Mobile Banking Account မှ ကျပ်သိန်း ၁၅၀၊ ဘဏ်စာအုပ်ထဲမှ ကျပ်သိန်း ၃၀၀ စုစုပေါင်း
ကျပ်သိန်း ၄၅၀ တို့အား နေပြည်တော်နှင့် မိတ္ထီလာမြို့ များရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲတို့တွင် ထုတ်ယူသွားခဲ့သူ အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်လီမိတက်၊
မန္တလေးဘဏ်ခွဲမှ အကြီးတန်းစာရေးအား မိတ္ထီလာမြို့ အမှတ် (၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှုဖြစ် ပွားခဲ့ကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
မိတ္ထီလာမြို့ သီရီမင်္ဂလာရပ်ကွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်ခွဲတာဝန်ခံ ဒေါ်ဝါ၀ါအောင် (၄၅ နှစ်) သည် ဘဏ်တွင် တာဝန်ခံအဖြစ်ဆောင်ရွက်နေစဉ် မန္တလေးမြို့
ချမ်းအေးသာဇံမြို့နယ် အကွက် ၆၉၁၊ အာရှစိမ်း လန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အကြီးတန်းစာရေးဖြစ်သူ အာကာမင်းဦး (၂၀ နှစ်) သည် ၎င်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း
ဘဏ်၏ဖောက်သည် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်နေ ဦးသွေဆီယန် (၅၆ နှစ်) ၏ Mobile Banking Account ၏ Password အားမှတ်သားကာ ..
ဦးသွေဆီယန်၏ ဘဏ်အကောင့်ထဲမှ ကျပ်သိန်း ၁၅၀ အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အာရှစိိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင်
၎င်းဘဏ်အကောင့်ထဲသို့ လွှဲယူသွားခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာဘဏ်ခွဲသို့ လာရောက်၍ မှတ်ပုံတင်အတုအားအသုံးပြုကာ
ဘဏ်အကောင့်ဖွင့်လှစ်ပြီး ဦးသွေဆီယန်၏ ဘဏ်စာအုပ်ထဲမှ တစ်ကြိမ်လျှင် သိန်းကျပ် ၅၀ ဖြင့် ခြောက်ကြိမ် လွှဲပြောင်းရယူသွားခဲ့ကာ ခွင့်မဲ့ပျက်ကွက်နေသူ အာကာမင်းဦးအား
အရေးယူပေးပါရန် ဘဏ်ခွဲတာဝန်ခံ ဒေါ်ဝါ၀ါအောင်က ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက် မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း
ကနဦးစစ်ဆေးချက်အရ သိရှိရသည်။
“တရားခံဖမ်းဆီးရမိတာ မရှိသေးပါဘူး။ နောက်မှပြန်ဆက်ပေးပါ” ဟု အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်ရဲပြည့်ဖြိုးက ပြောကြားသည်။
အဆိုပါအမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၆၂၃/၂၀၁၉ ရာဇ သတ်ကြီးပုဒ်မ ၄၀၈/၄၆၈ ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရက်ဒစ် – Eleven Media Group