Latest Posts

ေတာင္ေပၚက ျပဳတ္က်ၿပီး ေက်ာက္နံရံႏွစ္ခုအၾကားမွာ ရက္ေပါင္းမ်ားစြာ ညပ္ေနခဲ့တဲ့ သူ


ကေမာၻဒီးယားႏုိင္ငံ၊ Battambang စီရင္စုသား၊ အသက္(၂၈)ႏွစ္အရြယ္ Sum Bora အမည္ရ အမ်ိဳးသားဟာ ခ်က္ခရီေတာင္ေပၚမွာ လင္းႏုိ႔ေခ်းလုိက္လံ စုေဆာင္းစဥ္ ေျခေခ်ာ္ၿပီး ေတာင္ေစာင္းေပၚကေန ျပဳတ္က်ခဲ့ပါတယ္။ သူဟာ ေအာက္က ေက်ာက္နံရံႀကီးႏွစ္ခုထဲမွာ ဆက္ၿပီးညပ္ေနခဲ့တာပါ။


သူ႕ကို ကယ္ဆယ္ဖုိ႔အတြက္ အခ်ိန္အေတာ္ၾကာေအာင္ ႀကိဳးစားခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္လ (၄)ရက္ေန႔မွာ ျဖစ္ခဲ့တာပါ။ သူဟာ အဲဒီနံရံႏွစ္ခုၾကားမွာ (၄)ရက္ၾကာ ညႇပ္ေနခဲ့တာလုိ႔ သိရပါတယ္။ ဒါေပမယ့္ အျခားသတင္းမွာေတာ့ သူဟာ ျပဳတ္က်တာမ်ိဳး မဟုတ္ဘဲ-

ေက်ာက္နံရံၾကားကို လက္ႏွိပ္ဓာတ္မီးက်သြားလုိ႔ မရရေအာင္ေကာက္ဖုိ႔ ႀကိဳးစားရင္း အခုလုိ ပိတ္မိေနခဲ့တာလုိ႔လည္း ဆုိပါတယ္။ သူ႕ကုိ သက္ဆုိင္ရာရြာသားေတြနဲ႔၊ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေက်ာက္နံရံႏွစ္ခုၾကားကေန ဆြဲထုတ္ႏုိင္ဖုိ႔ အခ်ိန္ (၁၀)နာရီၾကာ ႀကိဳးစားခဲ့ရပါတယ္။



လင္းႏုိ႔ေခ်းဟာ စုိက္ပ်ိဳးေရးလုပ္ငန္းေတြမွာ အလြန္အသုံးဝင္တဲ့ ေျမၾသဇာျဖစ္ၿပီး၊ စုိက္ပ်ိဳးေရးလုပ္ငန္း ထြန္းကားတဲ့ ကေမာၻဒီယားမွာေတာ့ လင္းႏုိ႔ေခ်းက ေစ်းေကာင္းရပါတယ္တဲ့။ ဒါေၾကာင့္လည္း ေတာင္ေစာင္းေတြေပၚမွာ သူ႕ထက္ငါ လင္းႏုိ႔ေခ်းရေရး မနက္ေစာေစာ ထသြားၾကရတာလုိ႔ သိရပါတယ္။

Bora ဟာ ျပန္လာခ်ိန္တုိင္သည္အထိ ေရာက္မလာလုိ႔ ႏွစ္ရက္အၾကာမွာ ရြာသားေတြ ေတာနင္းရွာေဖြခဲ့ပါတယ္။ ဒီလုိနဲ႔ အေၾကာင္းမထူးတာေၾကာင့္ သက္ဆုိင္ရာကုိ အေၾကာင္းၾကားခဲ့ရာ၊ (၄)ရက္အၾကာမွ Bora ကို ေက်ာက္နံရံႏွစ္ခုအၾကား မလႈပ္မယွက္ ညပ္ေနတာကို ေတြ႕ခဲ့ရတာပါ။

သူ႕ကုိ ကယ္ဆယ္ႏုိင္ဖုိ႔ လူေပါင္း(၂၀၀)ေက်ာ္ ေတာနင္းရွာေဖြခဲ့ၿပီး၊ Rapid Rescue Company 711 ကယ္ဆယ္ေရးအဖြဲ႕မွ ကၽြမ္းက်င္ပညာရွင္ေတြ ပါဝင္ခဲ့ပါတယ္။ Bora ဟာ ေဆး႐ုံအေရာက္မွာေတာ့ အေျခအေန စိတ္ခ်ရတဲ့အေနအထားပါလုိ႔ ေဒါက္တာေတြက ေျပာပါတယ္။


Credit -original
ယူနီကုဒ်ဖြင့်ဖတ်ရန်-

ကမ္ဘောဒီးယားနိုင်ငံ၊ Battambang စီရင်စုသား၊ အသက်(၂၈)နှစ်အရွယ် Sum Bora အမည်ရ အမျိုးသားဟာ ချက်ခရီတောင်ပေါ်မှာ လင်းနို့ချေးလိုက်လံ စုဆောင်းစဉ် ခြေချော်ပြီး တောင်စောင်းပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။ သူဟာ အောက်က ကျောက်နံရံကြီးနှစ်ခုထဲမှာ ဆက်ပြီးညပ်နေခဲ့တာပါ။

သူ့ကို ကယ်ဆယ်ဖို့အတွက် အချိန်အတော်ကြာအောင် ကြိုစားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၄)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ သူဟာ အဲဒီနံရံနှစ်ခုကြားမှာ (၄)ရက်ကြာ ညှပ်နေခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် အခြားသတင်းမှာတော့ သူဟာ ပြုတ်ကျတာမျိုး မဟုတ်ဘဲ-

ကျောက်နံရံကြားကို လက်နှိပ်ဓာတ်မီးကျသွားလို့ မရရအောင်ကောက်ဖို့ ကြိုးစားရင်း အခုလို ပိတ်မိနေခဲ့တာလို့လည်း ဆိုပါတယ်။ သူ့ကို သက်ဆိုင်ရာရွာသားတွေနဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေက ကျောက်နံရံနှစ်ခုကြားကနေ ဆွဲထုတ်နိုင်ဖို့ အချိန် (၁၀)နာရီကြာ ကြိုးစားခဲ့ရပါတယ်။

လင်းနို့ချေးဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလွန်အသုံးဝင်တဲ့ မြေသြဇာဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်း ထွန်းကားတဲ့ ကမ္ဘောဒီယားမှာတော့ လင်းနို့ချေးက စျေးကောင်းရပါတယ်တဲ့။ ဒါကြောင့်လည်း တောင်စောင်းတွေပေါ်မှာ သူ့ထက်ငါ လင်းနို့ချေးရရေး မနက်စောစော ထသွားကြရတာလို့ သိရပါတယ်။

Bora ဟာ ပြန်လာချိန်တိုင်သည်အထိ ရောက်မလာလို့ နှစ်ရက်အကြာမှာ ရွာသားတွေ တောနင်းရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ အကြောင်းမထူးတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ၊ (၄)ရက်အကြာမှ Bora ကို ကျောက်နံရံနှစ်ခုအကြား မလှုပ်မယှက် ညပ်နေတာကို တွေ့ခဲ့ရတာပါ။

သူ့ကို ကယ်ဆယ်နိုင်ဖို့ လူပေါင်း(၂၀၀)ကျော် တောနင်းရှာဖွေခဲ့ပြီး၊ Rapid Rescue Company 711 ကယ်ဆယ်ရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ Bora ဟာ ဆေးရုံအရောက်မှာတော့ အခြေအနေ စိတ်ချရတဲ့အနေအထားပါလို့ ဒေါက်တာတွေက ပြောပါတယ်။Credit- original