လူမြင်ကွင်းမှာ အဖက်ခံထားရတဲ့ ဓာတ်ပုံ ကိစ္စကို ပြန်ရှင်းလိုက်တဲ့ မအေးသောင်း
မအေးသောင်းလို့ဆိုလိုက်ရင် ပုရိသတို့ နှစ်ခါပြန်ငေးရမှာ အသေအချာပါ။ အသက်အရွယ်အကြီးပိုင်းကိုရောက်ခါမှ မြန်မာနိုင်ငံမှာ ပြန်လည်စန်းပွင့်လာတဲ့ သူမကို ယောကျာ်းလေးတစ်ယောက်နဲ့ နောက်ကနေ ဓာတ်ပုံ ရိုက်ထားတဲ့အပေါ်မှာလည်း အားလုံးက စိတ်ဝင်စားနေကြပါတယ်။
ဒါဆိုရင် အဲ့ဒီ့ယောကျာ်းလေးကဘယ်သူဖြစ်မလဲ။ မအေးသောင်းဖြေကြားထားတာလေးကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အဲ့ဒါကိုအာကြီး (အာဇာနည်) ဆေးထိုးတာပါ။ သူကနောက်ကနေရိုက်ထားပြီး အေးသောင်းငါဆေးထိုးလိုက်မယ်နော်တဲ့။ ရပါတယ်ပြသာနာ မရှိပါဘူးလို့ ထိုးလိုက်လို့ပြန်ပြောလိုက်တယ်။
ကိုယ်ထင်တာ တစ်ယောက်ယောက်ကို Messenger ကနေပဲပို့မယ်အောင့်မေ့တာ။ မဟုတ်ပဲ သူက တကယ်ကြီး သူ့ Wall မှာ တင်လိုက်တော့ နဲနဲတော့ အံ့သြသွားတာပေါ့နော်။ ဒါပေမယ့်လည်း နောက်ကနေရိုက်ထားတာဆိုတော့ ဘာမှတော့ ပြသာနာမရှိပါဘူး။
သူနဲ့ကကျောင်းတုန်းကလည်း တစ်တန်းထဲ ဒါပေမယ့် သူကကိုယ့်စီနီယာပေါ့။ ငယ်ငယ်ထဲကဒီလိုပဲ တစ်ယောက်ကို တစ်ယောက် စနေကျ ဆေးထိုးနေကျဆိုတော့ စိတ်ဆိုးတာဘာညာလည်း မရှိပါဘူး။
သူလူပျိုဘဝကလည်း သူ့စော်နဲ့ စိတ်ဆိုးအောင်စဖူးတယ်။ မောင်နှမတွေလိုဖြစ်နေတာဆိုတော့လေ။ အားနာရမယ့်လူတွေလည်းမဟုတ်ဘူး။ ရပါတယ် အလှည့်ကျမနွဲ့မစမ်းပေါ့လို့တော့ အာကြီးကို ကြိမ်းထားတယ်။
မအေးသောင်း သဘောကျတဲ့ ယောကျာ်းလေးပုံစံကရော ဘယ်လိုဖြစ်မလဲဆိုတာ မအေးသောင်းက ပုဆိုးဝတ်ထားတဲ့ ယောက်ျားလေးပုံစံပေါ့။ ပုဆိုးဝတ်ထားရင် ယောကျာ်လေးတစ်ယောက်က သန့်နေတယ်လေ။
အပေါ်က လည်ကတုံး အင်္ကျီ အောက်က ကတ္တီပါ ဖိနပ်လေးနဲ့ဆိုရင် တော်တော်ကိုကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦး ဖြစ်သွားမှာပါ။ အဲ့ဒါကြောင့် ဖေဖေ့ကိုရော၊ ချစ်သူကိုရော ပုဆိုးလက်ဆောင်လေးတွေပေးဖြစ်တယ်။
အားလုံးစိတ်ဝင်စားနေတဲ့ မအေးသောင်းကို နောက်က ဖတ်ထားတဲ့သူက မအေးသောင်းရဲ့အသိ မခင်စန္ဒာဝင်း ဆိုတဲ့အမျိုးသမီးပါ။ ပရိသတ်တွေအားလုံးလည်း အံ့သြသွားကြမယ်ထင်ပါတယ်။
သူက သီလရှင်ဝတ်ထားတာမကြာသေးဘူး။ ဖြစ်ချင်တော့ ပွဲမှာ တူတူထိုင်းရင်း သူက ဂျာကင်အမဲနဲ့ ဖတ်ထားတဲ့ပုံစံဖြစ်နေတော့ ကောင်လေးပုံစံဖြစ်သွားတာပါလို့ သူမက ရှင်းပြခဲ့ပါတယ်နော်။Credit -original