Latest Posts

ဆရာမနှင်းနု ပျောက်သွားမှာစိုးရိမ်သောကြောင့် သက်သေအဖြစ်သာ စစ်ဆေးတော့မည်


ဆရာ မနှင်းနု ပျောက်သွားမှာစိုးရိမ်သောကြောင့် သက်သေအဖြစ်သာ စစ်ဆေးတော့မည်

တရားရုံးသို့ ဆရာမနှင်းနု ရောက်မလာဘဲ ပျောက်သွားမှာစိုးရိမ်သောကြောင့် နောက်တိုးတရားခံအဖြစ်မှ သက်သေအဖြစ်သာ စစ်ဆေးသွားမည်ဟု သိရသည်။ “ကျွန်တော်ကိုယ်တိုင်ကထပ်ပြီးမတင်သေးတာ။သူ့စစ်လိုက်ရင် ဒေါ်ရွက်နုအောင်တို့ကလည်း သူ့ကိုစစ်ကိုမစစ်လိုက်ရဘဲ ပျောက်သွားမှာစိုးလို့ ရုံးရှေ့ရောက်အောင်လုပ်တာပေါ့” ဟု တရားခံဟုယူဆထားသူ ကိုအောင်ကြီး၏ရှေ့ နေ ဦးခင်မောင်ဇော်ကပြောသည်။


ကလေးငယ်ဗစ်တိုးရီးယားအးတွင် တရားခံဟုယူဆသူ အောင်ကျော်မျိုး၏တတိယအကြိမ် ရုံးချိန်းအပြီးတွင်မီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ရှိ၊ Wisdom Hill မူကြိုကျောင်းတွင် ကျောင်းသူ ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဆရာမနှင်းနုကိုနောက်တိုးတရားခံအဖြစ်မှ ပယ်ချသင့်ကြောင်း ဥပဒေအရာရှိက တရားရုံးတွင်လျှောက်ထားခဲ့သည်။

ပြစ်မှုကျူးလွန်ကြောင်းသိသော်လည်း သတင်းပေးရန် ဆရာမနှင်းနုကထိန်ချန်ခဲ့သည်ဟု စွဲချက်ဖြင့်နောက်တိုးတရားခံအဖြစ်ဆရာမနှင်းနှကို ကလေးငယ်ဗစ်တိုးရီးယားမိခင်က တရားလိုအဖြစ်ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့၊ ဒုတိယအကြိမ်ရုံးထုတ်တွင် တရားရုံးသို့တိုက်ရိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ “သက်သေကထွက်ရင်းနဲ့မှ အမှုမှာငြိစွန်းတယ်ဆိုတာ ပေါ်ပေါက်ရင် အဲ့တော့မှအဲ့ဒီသက်သေကိုတရားခံလုပ်တာပိုလွယ်တယ်။ အဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်” ဟု ဦးခင်မောင်ဇော်ကပြောသည်။


ဆရာမနှင်းနုကို သက်သေအဖြစ်ထားရှိသည်ဖြစ်သော ကြောင့် ဆရာမနှင်းနုကိုတရားရုံးတော်က ဆင့်ခေါ်မည်ဖြစ်သည်။ ထို့ကြောင့် တရားရုံးတော်သို့ ဆရာမနှင်းနုရောက်ရှိအောင်ဆောင်ရွက်ရန် တရားစွဲအဖွဲ့အစည်းတွင်တာဝန်ရှိကြောင်း တရားလို၏ရှေ့နေ ဒေါ်ရွက်နုအောင်ကပြောသည်။ “ဆရာမနှင်းနုမလာဘူးဆိုရင် ဘာလုပ်မယ်ကျမတို့ဘာလုပ်မယ်ဆိုတာ အစီအစဉ်ရှိပြီးသား။ ဆိုတော့ တဖြည်းဖြည်းချင်းကျတော့ရုံးလုံးကပေါ်လာမှာပါ” ဟု ဒေါ်ရွက်နုအောင်က မီဒီယာများကိုပြောသည်။

ထို့သို့နောက်တိုး တရားခံအဖြစ်ဆရာမနှင်းနုကိုတရားစွဲဆိုလိုလျှင် သက်ဆိုင်ရာရဲစခန်းတွင် အမှုတစ်ခုသက်သက်ဖွင့်လှစ်၍ တရားစွဲဆိုနိုင်သောကြောင့် တရားလို၏အခွင့်အရေး ဆုံးရှုံးမှုမရှိကြောင်းသိရသည်။ထို့ပြင်ဒုတိယအကြိမ်ရုံးထုတ်သည့်နေ့တွင် တရားလိုက အခင်းဖြစ်ရာ Wisdom Hill မူကြိုကျောင်းသို့သွားရောက်ကြည့်ရှု့စစ်ဆေးရန် တင်သွင်းခဲ့သည့်လျှောက်လွှာကို ဥပဒေအရာရှိက တရားရုံးတော်မှသွားရောက်ကြည့်ရှု့ရန် မှတ်ချက်ပေးခဲ့သည်။

” နောက်လာမယ့်လူတွေကိုလည်း မေးရင်းဒီကျောင်းတွေ အခန်းတွေကိုလည်းရုံးကသိထားပြီး ဖြစ်ပါလိမ့်မယ်ဆိုပြီးတင်တာ အဲ့တော့ရုံးကတော့ အဲ့ဒါကိုအတိအကျမပြောသေးဘူး။ ဆုံးဖြတ်မယ်ပေါ့။ ဘယ်ရုံးချိန်းမှာဆုံးဖြတ်မယ်ဆိုတာကတော့မပြောဘူး” ဟုဦးခင်မောင်ဇော်က ပြောသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့အထိ တရားလိုဘက်မှ သက်သေများကိုအပြီးစစ်ချက်ယူ၍ နှစ်ပတ်လျှင်တစ်ကြိမ် ဗုဒ္ဓဟူးနေ့တိုင်း သက်သေတစ်ယောက်မှသုံးယောက်အထိ စစ်ချက်များယူမည်ဟုသိရသည်။စတုတ္ထအကြိမ်ရုံးချိန်းကို သြဂုတ်လ ၁၄ရက်သို့ ချိန်းဆိုလိုက်ပြီး ကလေးငယ်ဗစ်တိုးရီးယား၏ဖခင်နှင့် သက်သေတစ်ဦးထံမှ စစ်ချက်ယူမည်ဖြစ်ကြောင်းသိရသည်။

Credit  \\  original